သင့်ကို အံ့သြသွားစေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာမခံထားကြတဲ့ ကမ္ဘာကျော်များ

374

အာမခံထားတယ်ဆိုတာ ပစ္စည်းတစ်စုံတစ်ခုပျက်စီးယိုယွင်းမှုရှိခဲ့ရင်ပြန်လည်ကုစားပေးလျော်နိုင်ဖို့ ဒါမှမဟုတ်ပြန်လည်ကုသဖို့အတွက်လူအများစုကပြုလုပ်ကြတဲ့အရာတစ်ခုပါ။ ကားအာမခံ၊ အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေရှိပေမယ့် ဒီနာမည်ကျော်အနုပညာရှင်တွေကတော့ နာမည်ကြီးတဲ့သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာမခံထားရှိထားပါတယ်။

ဒီအနုပညာရှင်တွေ နာမည်ကြီးတဲ့သူတွေကတော့

(၁)ခရစ်စတီရာနို ရော်နယ်ဒိုရဲ့ခြေထောက်

ကမ္ဘာ့အတော်ဆုံးဘောလုံးသမားတယောက်ဖြစ်တဲ့ စီရောနယ်ဒိုဟာ သူ့ရဲ့ကျန်းမာသန်စွမ်းတဲ့ခြေထောက်တွေသာမရှိခဲ့ရင် အခုလိုဘောလုံးလောကရဲ့ထိပ်တန်းကစားသမားတယောက်ဖြစ်လာနိုင်ခဲ့မှာမဟုတ်ပါဘူး။ အဲ့တာကိုသိတဲ့သူဟာ သူရဲ့ခြေထောက်ကိုအာမခံထားခဲ့ပါတယ်။ ဈေးနှုန်းသတ်မှတ်ချက်အရစီရော်နယ်ဒိုရဲ့ခြေထောက်ဟာ အမေရိကန်ဒေါ်လာ ၁၄၄သန်းတန်ဖိုးရှိပြီး ဒေးဗစ်ဘက်ခမ်းရဲ့ခြေထောက်ထက်ဈေးများပါတယ်။

(၂) ဂျနီဖာလိုပက်စ်ရဲ့တင်ပါး

ခန္ဓာကိုယ်အလှကြောင့်နာမည်ကြီးတဲ့သူဟာ အဆိုပိုင်းအကပိုင်းမှာဟာ အသိမှတ်ပြုခြင်းခံထားရတဲ့သူပါ။ အာမခံထားတဲ့နာမည်ကျော်တွေထဲမှာ သူမရဲ့တင်ပါးကဈေးအကြီးဆုံးပါပဲ။ ဒေါ်လာသန်း၃၀၀ တန်ဖိုးရှိပါတယ်။

(၃) တေလာဆွဇ်ရဲ့ခြေတံရှည်များ

ထူးထူးခြားခြားပဲ တေလာဆွဇ်ဟာသူမရဲ့အသံချိုချိုလေးကိုအာမခံမထားခဲ့ပဲ သူမရဲ့ခြေတံရှည်လေးတွေကိုသာအာမခံထားခဲ့တာပါ။ ဒေါ်လာ ၂၆.၅သန်းတန်ဖိုးရှိပါတယ်။

(၄)မိုင်လီဆိုင်းရပ်ရဲ့လျှာ

မိုင်လီဟာဓာတ်ပုံအရိုက်ခံတိုင်းမှာ လျှာထုတ်ပြီးရိုက်တတ်တာ ပရိတ်သတ်တိုင်းသိတဲ့အကျင့်တစ်ခုရယ်ပါ။ သူ့ရဲ့အမှတ်သညာဖြစ်တဲ့ဒီလျှာကိုဒေါ်လာတသန်းနဲ့အာမခံထားရှိပါတယ်။

(၅) ဂျူလီယာရောဘတ်ရဲ့အပြုံး

မင်းသမီးကြီးဟာ အမေရိကနိုင်ငံရဲ့စွဲမက်ဖွယ်အပြုံးပိုင်ရှင်လို့နာမည်ကြီးသူပါ။ ပုလဲရောင်သွားညီညီလေးတွေကိုထင်ပေါ်စေတဲ့သူမရဲ့အပြုံးချိုချိုဟာ ဒေါ်လာသန်း၃၀တန်ပါတယ်။

Yenin Phawah (ApannPyay)

Resource: her beauty