စူပါဟီးရိုးဖန်တွေအတွက် ရှယ်လာတော့မယ်နော်

200

အနုပညာလောကထဲမှာ ခြေချတာ ကြာပြီးဖြစ်သော်လည်း ယခုနောက်ပိုင်းမှ စူပါဟီးရိုး ဇာတ်ကားထဲက ဝတ်စုံတွေနဲ့ ပရိသတ်ကြားနာမည်ရလာတဲ့ သရုပ်ဆောင်အဆိုတော် စည်သူပလပ်ကျွတ် ကိုတော့ သတိထားမိကြမယ်လို့ ထင်ပါတယ်။ ကမ္ဘာကျော်ရုပ်ရှင်ကားတွေထဲက ဟီးရိုးတွေရဲ့ ဝတ်စုံတွေကို ဝတ်ပြီး ဖိတ်တဲ့ ပွဲတွေကိုတက်တာကြောင့် ပရိသတ်တွေကြားမှာလည်း ရေပန်းစားသလို သူ့အနေနဲ့လည်း သိပ်မကြာခင်မှာ ဟီးရိုးရှိုးပွဲကြီးကို ကျင်းပဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

စည်သူပလပ်ကျွတ်ကတော့ “မာဗယ်ဖန် တွေက ဒီစီဟီးရိုး တွေကို အားမပေးဘူး။ ဒီစီဖန်တွေက မာဗယ်ဟီးရိုး တွေကို အားမပေးကြဘူး။ အကုန်လုံးကတော့ ကောင်းကြတယ်။ ကမ္ဘာကျော်ကားတွေပဲ။ ကျနော် အဲ့ဒါလေးကို သီချင်းလေး စပ်ထားတယ်။ ဒီစီ ကိုလည်းချစ်တယ်။ မာဗယ် ကိုလည်းချစ်တယ်။ အဲ့ဒီသီချင်းလေးနဲ့ ကျနော့်ရှိုးပွဲကို ဖွင့်ဖို့စဉ်းစားထားတယ်။ အားလုံးကိုချစ်ပေးဖို့ပေါ့။ မေတ္တာတရားရှိနေရင် အားလုံးက အေးချမ်းပါတယ်။ မီဒီယာတွေကနေ တဆင့် လူသားအားလုံး မေတ္တာတွေ ထားကြဖို့ ပြောချင်ပါတယ်”

ရှိုးပွဲလုပ်ဖို့နဲ့ ပတ်သက်ပြီး “မျှော်စင်ကျွန်းမှာ ရိုးပွဲလုပ်ဖို့ကတော့ ရှိပါတယ်။ လုပ်လည်းလုပ်မှာပါ။ ၈ လပိုင်းလောက်မှာ လုပ်ဖြစ်မယ် ထင်ပါတယ်။ ဝတ်စုံတွေကတော့ အစုံပါပဲ။ ပရိသတ်တွေလည်း လာပြီးတော့ မေးထားတာတွေ ရှိပါတယ်။ ဈေးနှုန်းတွေကတော့ မပြောချင်တော့ပါဘူး။ ဝတ်စုံတွေကတော့ သူများတွေ လက်ဆောင်ပေး ထားတာလည်း ပါတယ်။ ကျနော်ဂျပန်ကို မှာတာတွေလည်း ရှိပါတယ်။

ဒီဝတ်စုံတွေထဲမှာတော့ Captain America ဝတ်စုံကတော့ နည်းနည်းဈေးကြီးတာပေါ့နော်။ ၂ သိန်း ခွဲလောက်ပေးရပါတယ်။ ၄ သိန်းကျော်လောက်ရှိတာ ၂ သိန်းကျော်လောက် နဲ့ ထားပေးတယ်။ အဲ့ဒါကလည်း စပွန်ဆာပေးထားပါတယ်။ ဒါတွေကိုဝယ်ရလို့ မနှောမြောပါဘူး။ ပရိသတ်က ကျနော့်အတွက် နံပါတ်တစ်ပါ။

အဓိက ကတော့ ကျနော်က မီဒီယာတွေကြောင့် သိတာပါ။ အဲ့ဒီကနေတဆင့် ပရိသတ်တွေသိလာတာ ပရိသတ်တွေ သိရင် ပရိုဂျူဆာတွေ သိလာမယ်။ ပရိုဂျူဆာတွေ သိလာရင် ပွဲတွေငှါးလာမယ်။ အခုမိုးတွင်းမှာဆိုရင် ကျနော် ပွဲ နှစ်ပွဲ ရနေပြီ။ ဒါကြောင့် ကျနော့်ပရိသတ်ကို နံပါတ်တစ်မှာပဲ အမြဲထားပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း စည်သူပလပ်ကျွတ် စူပါဟီးရိုး ရှိုးပွဲကြီးလုပ်ရင် သွားရောက်အားပေးကြဦးမှာလား။ သူ့ရဲ့ စူပါဟီးရိုး ဝတ်စုံတွေကိုရော နှစ်သက်ကြရဲ့လား။

ApannPyay