ချစ်သူက ကိုယ့်ကို ဘာ့ကြောင့် လာကြိုက်တယ်ဆိုတာ ဒဲ့ပြောချလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)

303

ယခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ ဟာသဗီဒီယိုလေးတွေ တင်ပြီး ပရိသတ် အားပေးမှုတွေပိုပြီးရလာတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ကိုတော့ သိကြမယ်ထင်ပါတယ်။ သူ့ကိုတော့ ပရိသတ်တော်တော်များများကတော့ ချစ်စနိုးနဲ့ သုသုလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ သုသု ကတော့ သူ့အချစ်ရေးကို အမြဲတမ်းလိုလို ပရိသတ်တွေကို ချပြလေ့ရှိပြီး လက်ရှိမှာလည်း သူ့အချစ်သစ်ကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

သုသုကတော့ အင်တာဗျူးတွင် ချစ်သူကသုသုကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ “မသိဘူးမျိုးစုံဘဲ သူလဲမျက်စိမှောက်လာတယ် ထင်ပါတယ် ပုံမှန်ကိုယ်ကို့ ကြိုက်မှာမဟုတ်ဘူး ကိုယ်ပုံကို သူမျက်စိမှောက်တာနေမှာပါ။ အမှန်တိုင်းပြောရရင် ကိုယ်ကမိန်းမလျာဖြစ်နေတော့ hiတို့ဘာတို့ စပြီးမပြောရဲဘူးဘယ်သူကိုမှ မကောင်းဘူးပေါ့နော်။ ကိုကထိန်းထိန်းသိမ်းသိမ်းနေလာတယ် အဲ့လိုပုံစံကို သူကြိုက်တယ်ဆိုတော့ ပြန်ကြိုက်ဖြစ်တယ် ဒါဘာပဲ”

အွန်လိုင်းကနေ ချစ်သူဖြစ်တာလားဆိုတဲ့အပေါ် “မဟုတ်ပါဘူး အပြင်မှာလဲခင်ပါတယ် ဒါပေမယ့် အွန်လိုင်းကတော့ ပိုစကားပြောဖြစ်တာပေါ့ မအားတဲ့အချိန်တွေကျရင်”

ချစ်သူအပေါ်မှာ ဖြစ်သင့်တဲ့အချက်လေးတွေကရော ဘယ်အချက်တွေ ဖြစ်မလဲ “သူကလိမ်တာ သုသုက အဲ့လိမ်တာကိုကြိုက်တာ မလိမ်ရင်တောင် သူမဟုတ်တော့ဘူး ထင်တယ်

သုသု ကလဲအလိမ်ခံရရင်ကို ပျော်နေတယ်

သူကလဲကိုယ်ကိုမြင်ရင်ကို လိမ်ချင်နေတာ ကိုယ်ရှေ့မှာဆို ကျောက်ရုပ်လို သုသု နောက်ကွယ်ဆို ဖလန်းဖလန်း ဖြစ်နေတာ။ သူလိမ်တာကလဲ ဘာမှမဟုတ်တာဆိုတာ အပျော်ပေါ့နော် သိနေတော့လဲ ပျော်ရတာပေါ့”

အရင်လိုပုံတင်တာသိပ်မတွေ့ဘူးနော် ဆိုတဲ့အပေါ်မှာ သုသုက “အများကြီးပေါ့နော် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတော့ ဝမ်းနည်းတာ ပျော်တာ သမီးရည်းစားရန်ဖြစ်တာ သတ်တာတွေကအစ လိုက်မတင်ချင်တော့ ထူးဆန်းတာလဲမဟုတ်ဘူး မျက်စိလဲနောက်မယ်လေနော် လူတွေက ကိုယ်ဝေါ်ကိုကြည့်ရင် ပျော်ချင်တာလေ အာ့ကြောင့်အပျော်အနေနဲ့ဘဲ နေနေပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း သုသုတယောက်ရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြမယ် လို့ ထင်ပါတယ်။

ApannPyay