မီးျခစ္ဆံထုတ္လုပ္တဲ့အိမ္မွ မီးမေတာ္တဆေလာင္ကာ လူအေယာက္၃၀ေက်ာ္ေသဆံုး

313

မီးျခစ္ဆံထုတ္လုပ္တဲ့အိမ္မွ မီးမေတာ္တဆေလာင္ကာ လူအေယာက္၃၀ေက်ာ္ေသဆံုး

အင္ဒိုနီးရွားႏိုင္ငံ၊ ေတာင္ပိုင္းဆူမာၾတားျပည္နယ္မွာ မီးျခစ္ဆံထုတ္လုပ္တဲ့စက္ရံုအေနနဲ႕အသံုးျပဳေနတဲ့ အိမ္ကေန မေတာ္တဆမီးေလာင္ကၽြမ္းမွဳျဖစ္ကာ ကေလးသံုးဦးအပါအ၀င္လူအေယာက္ ၃၀ေက်ာ္ေသဆံုးခဲ့ပါတယ္။

ေသဆံုးတဲ့သူေတြဟာ ဘယ္သူဘယ္၀ါမွန္းမသိႏိုင္ေလာက္ေအာင္ အေလာင္းေတြဟာ ပ်က္္စီးေလာင္ကၽြမ္းေနခဲ့ျပီး မီးေလာင္ေနစဥ္အတြင္းအေဆာက္အအံုထဲမွာလူဘယ္ႏွစ္ေယာက္ရွိမွန္း မသိရသလို အေဆာက္အအံုထဲကေနထြက္ေျပးလြတ္ေျမာက္လာတဲ့သူ ႏွစ္ေယာက္ပဲရွိေၾကာင္း ေဒသခံရဲတပ္ဖြဲ႕နဲ႔မီးသတ္တာ၀န္ခံေတြကေျပာျပထားပါတယ္။

အလုပ္ခန္းထဲမွာပိတ္မိခဲ့ျပီး ထြက္ေျပးဖို႔လမ္းမရွိခဲ့ၾကတဲ့ေသဆံုးသူအလုပ္သမားအမ်ားစုဟာ အမ်ိဳးသမီးေတြျဖစ္ျပီး အလုပ္ကိုကေလးပါေခၚလာတတ္ၾကတယ္လို႔ဆိုပါတယ္။ မီးသတ္တပ္ဖြဲ႔၀င္ေတြေရာက္ရွိခ်ိန္မွာ အေဆာက္အအံုဟာမီးေလာင္ျပာက်ေနျပီျဖစ္ျပီး ကယ္ဆယ္ဖို႔အခ်ိန္ေနာက္က်သြားခဲ့တယ္လို႔ဆိုပါတယ္။ ဒီျဖစ္စဥ္ဟာ ၂၀၁၉ခုႏွစ္ဇြန္လ ၂၁ရက္ေန႔မွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

Yenin Phawah( Apannpyay)

Resource:aljazeera

မီးခြစ်ဆံထုတ်လုပ်တဲ့အိမ်မှ မီးမတော်တဆလောင်ကာ လူအယောက်၃ဝကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်းဆူမာတြားပြည်နယ်မှာ မီးခြစ်ဆံထုတ်လုပ်တဲ့စက်ရုံအနေနဲ့အသုံးပြုနေတဲ့ အိမ်ကနေ မတော်တဆမီးလောင်ကျွမ်းမှုဖြစ်ကာ ကလေးသုံးဦးအပါအဝင်လူအယောက် ၃ဝကျော်သေဆုံးခဲ့ပါတယ်။

သေဆုံးတဲ့သူတွေဟာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်လောက်အောင် အလောင်းတွေဟာ ပျက််စီးလောင်ကျွမ်းနေခဲ့ပြီး မီးလောင်နေစဉ်အတွင်းအဆောက်အအုံထဲမှာလူဘယ်နှစ်ယောက်ရှိမှန်း မသိရသလို အဆောက်အအုံထဲကနေထွက်ပြေးလွတ်မြောက်လာတဲ့သူ နှစ်ယောက်ပဲရှိကြောင်း ဒေသခံရဲတပ်ဖွဲ့နဲ့မီးသတ်တာဝန်ခံတွေကပြောပြထားပါတယ်။

အလုပ်ခန်းထဲမှာပိတ်မိခဲ့ပြီး ထွက်ပြေးဖို့လမ်းမရှိခဲ့ကြတဲ့သေဆုံးသူအလုပ်သမားအများစုဟာ အမျိုးသမီးတွေဖြစ်ပြီး အလုပ်ကိုကလေးပါခေါ်လာတတ်ကြတယ်လို့ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေရောက်ရှိချိန်မှာ အဆောက်အအုံဟာမီးလောင်ပြာကျနေပြီဖြစ်ပြီး ကယ်ဆယ်ဖို့အချိန်နောက်ကျသွားခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၁၉ခုနှစ်ဇွန်လ ၂၁ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Yenin Phawah( Apannpyay)

Resource:aljazeera