သင်သတိမထားမိတဲ့ ကမ္ဘာမြေရဲ့ အမှန်တရားများ

355

သင်သတိမထားမိတဲ့ ကမ္ဘာမြေရဲ့ အမှန်တရားများ

(၁)ကမ္ဘာမြေဟာမလုံးဝန်းပါဘူး တကယ်တော့ကျွန်မတို့ကမ္ဘာမြေရဲ့မူလပုံစံကမလုံးဝန်းပါဘူး။ ရေထုကြောင့်သာ လုံးဝန်းတဲ့ ပုံစံကိုမြင်နေရတာပါ။ ရေထုကိုဖယ်ထုတ်လိုက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း မျက်နှာပြင်မညီညာတဲ့ ထုထည်တခုပုံစံဖြစ်သွားပါတယ်။

(၂) earth ဆိုတဲ့စကားလုံးက Anglo-Saxon ဘာသာစကားကနေဆင်းသက်လာပါတယ် ကျွန်မတို့ရဲကမ္ဘာမြေကလွဲပီးနေအဖွဲ့အစည်းအတွင်းက ဂြိုလ်တွေအားလုံးကို ဂရိနတ်ဘုရားတွေရဲ့နာမည်ပေးထားပါတယ်။ ကမ္ဘာမြေရဲ့ earth ဆိုတဲ့နာမည်ကိုတော့ Anglo- Saxon ဘာသာစကားကနေကောက်နုတ်ထားတာဖြစ်ပီး မြေပြင်မြေကြီးလို့အဓိပ္ပာယ်ရပါတယ်။

(၃) တရက်မှာ အချိန်၂၄ နာရီမရှိပါဘူး တကယ်တန်းကတရက်မှာ ၂၃နာရီ ၅၆မိနစ် နဲ့ ၄စက္ကန့်ပဲရှိပါတယ်။

(၄) မြေထုထည်လွှာရှိတဲ့တခုတည်းသော ဂြိုလ် ကမ္ဘာမြေဟာရွေ့လျားနိုင်တဲ့မြေလွှာတွေရှိတဲ့ တခုတည်းသောဂြိုလ်ဖြစ်ပါတယ် ။ ကမ္ဘာမြေရဲ့မြေလွှာတွေဟာ တနှစ်ကိုလေးပေနီးပါး မတူညီတဲ့ဘက်တွေကိုရွေ့လျားနေကြပါတယ်။

(၅) သမုဒ္ဒရာရဲ့ အစိတ်အပိုင်း ၉၀% လာက်ကို မဖော်ထုတ်မသိရှိသေးပါဘူး ဟုတ်ပါ့မလားလို့တွေးကြပါလိမ့်မယ်။ တကယ်တော့ကျွန်မတို့သိထားတဲ့ရေနေသတ္တ၀ါတွေရေအောက်မြေပြင်အကြောင်းဟာ သမုဒ္ဒရာကြီးရဲ့ ၁၉%ပဲရှိပါသေးတယ်။

(၆) ကမ္ဘာမြေရဲ့ အအေးဆုံးအပူချိန် ကမ္ဘာမြေရဲ့ အအေးဆုံးနေရာရဲ့အပူချိန်ဟာ – ၁၂၈.၆ ဒီဂရီဖာရင်ဟိုက်ရှိပါတယ်။

Yenin Phawah( ApannPyay)

Resource:slate