Relationship တစ်ခုကြာရှည်တည်တံ့ဖို့ဆိုရင် သိထားရမယ့် အချက်လေးချက်

0
87

Relationship တစ်ခုကြာရှည်တည်တံ့ဖို့ဆိုရင် သိထားရမယ့် အချက်လေးချက်

စစ်မှန်လှပတဲ့ Relationship တစ်ခုကိုတည်ဆောက်ချင်ကြတာလူတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် ကြာရှည်ခိုင်မြဲတဲ့ relationship တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ သတိထားရမယ့်အချက်ကလေးတွေ ရှိလာပါတယ်။

(၁) မိမိကိုယ်ကိုတန်ဖိုးထားတတ်ပါစေ။

ကိုယ့်ကိုယ်ကိုချစ်တတ်မှ အခြားသူတွေကိုပါချစ်တတ်မယ်ဆိုတဲ့ စကားပုံရှိပါတယ်။ သူ့ကိုချစ်လို့ ကိုယ်ရဲ့အချိန်တွေအားလုံး ကိုယ်ရဲ့ရည်မှန်းချက်တွေအားလုံးကိုပေးဆပ်ပစ်ဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကိုတိုးတတ်အောင် ကိုယ့်ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရင်းနဲ့ Relationship တစ်ခုတည်ဆောက်ပါ။

(၂) အပေးအယူမျှပါစေ။

သူ့ကိုအမြဲပေးဆပ်နေဖို့မလိုသလို ကိုယ်ကချည်းပဲအချစ်ခံနေလို့လဲ အဆင်မပြေပြန်ပါဘူး။ Relationship တခုမှာ တယောက်တည်းကအရမ်းပေးဆပ်နေရရင် အစကတော့အဆင်ပြေပေမယ့် အချစ်ခံရတဲ့သူကကြာလာရင်စိတ်ညစ်လာတတ်သလိုပးဆပ်နေရတဲ့သူကလည်း ၀န်ထုပ်ဝန်ပိုး ဖစ်လာတတ်ပါတယ်။

(၃) personal space ပေးပါ/ ထားပါ။

ကိုယ်တိုင် Personal space ထားသလို ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း personal space ပေးပါ။ ကိုယ်ပိုင်အချိန်ဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါ။ သူ့မှာပြသနာတစ်ခုခုရှိလာလို့ စကားမပြောချင်တဲ့အချိန်တွေ ခဏလောက်တယောက်ထဲနေချင်တဲ့အချိန်တွေမှာ သူ့ကိုဘာမှမမေးပဲနဲ့ ကိုယ်ပိုင်အချိန်တစ်ခုပေးလိုက်ပါ။ ကိုယ်ကသူစိတ်ပြန်ကြည်လာတဲ့အချိန် ဘယ်အချိန်မဆို မးလို့ရပါတယ်။ ဒါပေမယ့်အဲ့ဒီအချိန် အခိုက်အတန့်လေးမှာတော့ခဏလွတ်ပေးထားလိုက်ပါ။

(၄) ဒေါသကိုရှေ့တန်းမတင်ပါနဲ့

Relationship အများစုပျက်သုန်းသွားရတဲ့အကြောင်းအရင်းကိုပြသနာတစ်ခုကို ခေါင်းအေးအေးထားပီးမဖြေရှင်းပဲ ဒါသကိုရှေ့တန်းတင်ကြလို့ပါ။ ပြသနာတခုကို ဒေါသအရင်မထွက်ပဲ နှစ်ဦးနှစ်ဖက်အမြင်ကို အရင်ဆွေးနွေးပီးမှဖြေရှင်းတတ်ပါစေ။

ကဲအားလုံးခိုင်မြဲတဲ့ relationshipတွေကို ကိုယ်စီတည်ဆောက်နိုင်ကြပါစေ။

Yenin Phawah( ApannPyay)