တန်ဖိုးကြီးငှက်ကလေးတွေကို ဆံပင်ကောက်တဲ့အလိပ်တွေထဲမှာထည့်ရောင်းမှု

276

တန်ဖိုးကြီးငှက်ကလေးတွေကို ဆံပင်ကောက်တဲ့အလိပ်တွေထဲမှာထည့်ရောင်းမှု

နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျေးငှက်ကလေးတွေတေးဆိုတာကိုယှဉ်ပြိုင်စေပြီး ဘယ်ငှက်ကလေးကအသံအကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်ပေးတဲ့ပြိုင်ပွဲတစ်ခုရှိပါတယ်။

အဲ့ဒီပြိုင်ပွဲမတိုင်ခင် လူတွေကို တန်ဖိုးကြီးပြီး အသံသာတဲ့ငှက်ကလေးတွေကိုတရားမ၀င်ခိုးသွင်းပြီးရောင်းဖို့ကြိုးစားခဲ့တဲ့သူတယောက်ကတော့ လေဆိပ်မှာတင် အကောက်ခွန်အရာရှိတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။

သူတရားမ၀င်တင်သွင်းလာတဲ့ငှက်ကလေးတွေဟာ တစ်ကောင်ကိုမြန်မာငွေ ၄၆သိန်းတန်ဖိုးရှိပြီး အမျိုးစားခြင်းတူတဲ့ အမေရိကန်ကမျိုးတူငှက်တွေထက်အသံသာလို့ ပြိုင်ပွဲဝင်ချင်သူတွေကအလုအယက် ၀ယ်ယူချင်နေကြတာပါ။ သူဟာသူ့ရဲ့ခရီးဆောင်အိတ်ထဲမှာ ငှက်အရှင် ၃၄ကောင်ကို အခွန်အရာရှိတွေ လေဆိပ်ကစစ်ဆေးသူတွေမမြင်အောင် ဆံပင်ကောက်တဲ့နေရာမှာအသုံးပြုတဲ့ ကောက်တံတွေထဲထည့်ထားခဲ့ပေမယ့် နောက်ဆုံးမှာတွေ့ရှိသွားပြီးအဖမ်းခံခဲ့ရပါတယ်။

အမေရိကန်ရဲ့ကုန်သွယ်မှုဆိုင်ရာဥပဒေကြောင့် ခိုးပြီးငှက်ကလေးတွေကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ သူရောင်းလည်းရောင်းချင်စရာပါပဲ။ တစ်ကောင်ကို ၄၆သိန်းတန်တဲ့အဲ့ဒီငှက်ကလေးတွေဟာ ပြိုင်ပွဲမှာသာဆုရခဲ့ရင်ဈေးနှုန်းကသိန်း၇၀ ၀န်းကျင်အထိတက်သွားမှာပါ။ လောလောဆယ်တော့သူဟာ တိရစ္ဆာန်ညင်းပန်းနှိပ်စက်မှု၊ တရားမ၀င်ကုန်သွယ်မှုတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

Yenin Phawah ( ApyannPyay)

Resouce :news.sky