အဒေါ်ဖြစ်သူကို ဇနီး ဂုဏ်သိက္ခာကျဆင်းအောင်လုပ်လို့ ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ ပိုင်ဇေရဲထွန်း

244

အဒေါ်ဖြစ်သူကို ဇနီး ဂုဏ်သိက္ခာကျဆင်းအောင်လုပ်လို့ ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ ပိုင်ဇေရဲထွန်း

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မိသားစုလေး ဖြစ်တဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတခုကြောင့် အွန်လိုင်းအသုံးပြုသူတွေကြားထဲမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး လူပြောစရာ ကိစ္စဖြစ်သွားခဲ့ပါတယ်။ ဒီကိစ္စကိုတော့ ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူ ဦးရဲထွန်းက စတေးတပ်လေး တင်လိုက်တာကြောင့် ဒီကိစ္စက ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်နှင့်ခြံကို ပေါင်နှံထားမှုကြောင့် ကမ္ဘောဇဘဏ်မှ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရကြောင်း ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ရက်က လူမှုကွန်ယက်ပေါ်ရေးသား ခဲ့တာ ဖြစ်ပါတယ်။ ထိုရေးသားမှုကြောင့် ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ဝေဖန်ထိုးနှက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ထို့နောက် ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်ရဲ့ ပို့စ်တင်ပြီး တုံ့ပြန်မှုကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဇင်သဲနိုင်ကတော့ ဒီကိစ္စတွေ အပြီးမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောခဲ့ပေမယ့် မလုပ်ဖြစ်ပဲ မိသားစုချင်း အဆင်ပြေနေပြီ ဆိုပြီးတော့ပဲ Live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် အင်တာဗျူးတွေမှာလည်း အဆင်ပြေနေကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

ပိုင်ဇေရဲထွန်းတို့ကတော့ မိသားစုချင်း ပြေလည်သွားပေမယ့်လည်း လတ်တလောမှာတော့ ပိုင်ဇေရဲထွန်းဟာ အဒေါ်ဖြစ်သူကို ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက သူနဲ့ သူဇနီးရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် facebook ပေါ် post တင်ခဲ့တယ်ဆိုပြီး အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေထွန်းကို ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ပိုင်ဇေရဲထွန်းက စာထုတ်ပြီးတော့ကို ကြေညာထားတာ ဖြစ်ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးအတွက်လည်း ဒီအကြောင်းလေးကို သိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

ApannPyay