၆ ဘာသာဂုဏ်ထူးရှင်ကောင်မလေးကို အစအဆုံးကူညီပေးမယ့် လင်းလင်းတို့ ဇနီးမောင်နှံ

247

မုံရွာ ၆ ဘာသာဂုဏ်ထူးရှင်ကောင်မလေးကို စက်မှု ကျောင်းတက်ဖို့ အစအဆုံးကူညီပေးမယ့် လင်းလင်းနဲ့ ချစ်သုဝေ

ပြည်သူ့အချစ်တော် အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကိုတော့ လေးစားအားကျပြီးချစ်ကြမယ် ထင်ပါတယ်။ သူတို့မိသားစုလေးကတော့ ချစ်စရာကောင်းတဲ့ သမီးလေး ခေတ်နဲ့ သစ်ကို ပိုင်ဆိုင်ထားပြီး အခက်ခဲဖြစ်နေသူတွေကို လှူဒါန်းပေးမယ့် ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အလှူအတန်း ရက်ရောသလို ပရဟိတလုပ်ငန်းတွေကိုလည်း အားတက်သရော်လုပ်ကိုင်လေ့ရှိပါတယ်။

လက်ရှိမှာလည်း သူတို့မိသားစုလေးကတော့ ၆ ဘာသာ ဂုဏ်ထူးရှင် ကောင်မလေးကို ကျောင်းတက်ဖို့အတွက် အစစအရာရာ တာသန်ယူပေးမယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းလေးကိုတော့ လင်းလင်းက သူ့ရဲ့ဖေ့ဘုတ်ပေါ်မှာ ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။

လင်းလင်းကတော့ “ဒီနေ့ ကျွန်တော်တို့မိသားစုမှ ပညာကုသိုလ်လုပ်မယ့် ကိစ္စလေးအား အကောင်အထည်ဖော်ဖြစ်ပါတယ်။ မုံရွာမှ ၆ ဘာသာ ဂုဏ်ထူးရှင် သမီးလေး အိမ့်ကလျာခိုင် ကို သူတက်ချင်တဲ့ စက်မှုကျောင်းကို တက်နိုင်ဖို့အတွက် ကျွန်တော်တို့မိသားစုမှ ကျောင်းပညာစရိတ်အစအဆုံးကို တာဝန်ယူပေးမှာပါ။ ဒီနေ့ သမီးလေးရဲ့ အမေ, အဒေါ်, ကျောင်းဆရာမကြီးတွေနဲ့မန္တလေးမှာ ဆုံဖြစ်ပါတယ်။ သမီးလေးက သူ့ဆန္ဒအတိုင်း ဆေးကျောင်းမတက်ဘဲ စက်မှုကျောင်းဘဲ တက်ချင်တာဆိုတော့ သမီးဖြစ်ချင်တဲ့အတိုင်း ပညာဒါန လုပ်ပေးမှာပါ။

သူရွေးထားတဲ့ သူလျှောက်ချင်တဲ့လမ်းကို ကျွန်တော်တို့က နိုင်တဲ့ဝန်နဲ့ ဖြည့်စီးပေးတာပါ။ အမေစုရဲ့ မွေးနေ့မှာ အဆက်အသွယ်ရပြီး စကားပြောဖြစ်တာဆိုတော့ အမှတ်တရဖြစ်သွားတာပေါ့။ သမီးအိမ့်ကလျာခိုင် ဖြစ်ချင်တဲ့အတိုင်း ဆန္ဒတွေပြည့်ဝပြီး နိုင်ငံတော်က အားကိုးရတဲ့, မိဘ ဂုဏ်ယူရတဲ့ စက်မှုကျောင်းသူကြီး ဖြစ်ပါစေ သမီးရေ။

ဒီသမီးငယ်နဲ့ ဆက်သွယ်ရဖို့ကူညီပေးတဲ့ မုံရွာနယ်ခံ ရောင်းရင်းတွေကိုလဲ ကျေးဇူးပါ။ ဒီနေရာမှာ နည်းနည်းပြောချင်တာက ချို့တဲ့ပြီးပညာယူဖို့အခက်အခဲ ရှိနေတဲ့ ကလေးတွေကို ဇွတ်ဆက်သွယ်ခိုင်း, မေးခိုင်း , ကူညီဖို့ပြင်ဆင်ခိုင်းတဲ့ ပညာနဲ့ပတ်သတ်ရင် လောဘကြီးသော ကျွန်တော့်မိန်းမ ထရီဇာကိုကျေးဇူးတင်ပါတယ်။ ငါတို့နိုင်သလောက်လုပ်ကြတာပေါ့။ ကျွန်တော်တို့နိုင်သလောက်နဲ့ ပညာဒါန လုပ်ဖို့ ထပ်ပြီးဆက်သွယ်နေတဲ့ ကလေးငယ်တွေလဲ ရှိပါသေးတယ်။ သေချာမှထပ်ပြောပါမယ်။ ကဲ ဒီတော့ မိန်းမရေ ညည်းက သာဓု ခေါ် ကျုပ်က အာမင် ခေါ်မယ် ညည်းထပ်ပိုချောပြီး သမီးတူအဖေ ကျုပ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

လင်းလင်းကတော့ ပညာရေူနဲ့ ပတ်သက်ရင် ကူညီပေးတတ်တဲ့ သူ့မိန်းမကိုလည်း ကျေးဇူးတင်ထားတာ ဖြစ်ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း သူတို့မိသားစုလေးရဲ့ လုပ်ရပ်ကို လေးစားအားကျပြီး အတုယူချင်မိကြမယ်လို့ ထင်ပါတယ်။

ApannPyay