ကမ္ဘာ့​ဈေးအကြီးဆုံး ဒူးရင်းသီး

244

ကမ္ဘာ့​ဈေးအကြီးဆုံး ဒူးရင်းသီး

ဒူးရင်းသီးတစ်​လုံးကို ဘယ်​​လောက်​များ​ပေးဝယ်​စားချင်​ကြသလဲဗျ ? ဒူးရင်းသီးတစ်​လုံးရဲ့ တန်​ဖိုးဟာ ကိုယ့်​တစ်​သက်​စာ ရှာ​ဖွေထားတဲ့စည်းစိ​မ်​ဥစ္စာထက်​​တောင်​ ပို​နေဦးမယ်​ဆိုရင်​​တော့ ကြက်​သီးထစရာဖြစ်​ ကုန်​မှာ​သေချာပါတယ်​။

ဒူးရင်းသီး တစ်​လုံးဟာ ​ဒေါ်လာ​ထောင်​နဲ့​သောင်းနဲ့ချီပြီးတန်​တယ်​ဆိုတဲ့ကိစ္စဟာ အ​တော့်​ကို အံ့အားသင့်​စရာအ​ခြေအ​နေပါပဲ။

ပုံမှန်​ဒူးရင်းသီးတစ်​လုံးက​တော့ ​၁၆ ​ဒေါ်လာ သာ​ပေးရ​ပေမယ့်​ ထိုင်းနို​င်​ငံ၊ ဘန်​​ကောက်​မြို့က Kanyao ဆိုတဲ့ ဒူးရင်းသီးက​တော့ ​ဒေါ်လာ ၄၈၀၀၀ တန်​​ကြေးရှိပါသတဲ့​လေ။ ဒါဟာ ကမ္ဘာ့​ဈေးအကြီးဆုံး ဒူးရင်းသီးအဖြစ်​ စံချိန်​တင်​​စေခဲ့တာပါ။

Kanyao ဒူးရင်းသီးဟာ ဘန်​​ကောက်​မှာ ​ဈေးအ​မြောက်​ဆုံး ဒူးရင်းအမျိုးအစား​တွေထဲကတစ်​ခုဖြစ်​ပြီး ဘာ​ကြောင့်​ဒီ​လောက်​​ဈေးကြီးရသလဲဆိုတဲ့အ​ဖြေကို​တော့ ဒူးရင်းစိုက်​ပျိုးသူ Maliwan Han Chai Thai က အခုလို​ပြောပြသွားခဲ့ပါတယ်​။

” Kanyao ဒူးရင်းသီး ရဲ့ ပုံသဏ္ဍန်​အ​နေအထားအလှအပ၊ အ​ရောင်​အဆင်း၊ အသီးရဲ့မာ​ကျောကျစ်​လျစ်​မှု စသဖြင့်​ ဒီအချက်​​တွေက သူ့ရဲ့​ဈေးနှုန်းတန်​ဖိုးကို အဆုံးအဖြတ်​​ပေးသွားတါပါ ”

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL(ApannPyay)