အထက်တန်းကျောင်းအောင်လက်မှတ်ရရှိသွားပြီဖြစ်တဲ့အသက် ၉၄ နှစ်အရွယ်အဘိုးအို

102

အထက်တန်းကျောင်းအောင်လက်မှတ်ရရှိသွားပြီဖြစ်တဲ့အသက် ၉၄ နှစ်အရွယ်အဘိုးအို

အမေရိကန်နိုင်ငံချီကာဂိုမြို့မှာ နေထိုင်တဲ့အဘိုးအိုတစ်ယောက်ဟာ သူတက်ယူခွင့်မရခဲ့တဲ့အထက်တန်းကျောင်းအောင်လက်မှတ်ကို နောက်ဆုံးတော့ရယူနိုင်ခဲ့ပါပြီ။ အသက်၉၄နှစ်ရှိပြီဖြစ်တဲ့ဒီအဘိုးအိုဟာ ဒုတိယကမ္ဘာစစ်ကြောင့် သူ့ရဲ့အထက်တန်းကျောင်းကိုအောင်မြင်ခဲ့တဲ့လက်မှတ်ကို တက်ယူခွင့်မရခဲ့ပဲ စစ်တပ်ထဲကို စစ်မှုတာဝန်ထမ်းဆောင်ဖို့ထွက်ခွာခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၇၆နှစ်ကအောင်လက်မှတ်ကိုမရနိုင်တော့လောက်ဘူးလို့သူကထင်ခဲ့ပေမယ့် အဘိုးအို WilliamC. Wagner ရဲ့သားဖြစ်သူဟာ အဖိုးအိုကို လက်ဆောင်အနေနဲ့ပေးချင်တဲ့အတွက် ၁၉၄၄ခုနှစ်ကအောင်လက်မှတ်ကိုပြန်လည်ထုတ်ပေးနိုင်မလားဆိုပြီး အဘိုးအိုရဲ့အထက်တန်းကျောင်းကိုဆက်သွယ်ပေးခဲ့ပါတယ်။

အဲ့ဒီတုန်းက အထက်တန်းရဲ့စီနီယာအတန်းတက်နေခဲ့တာ။ အောင်လက်မှတ်ပေးတဲ့ပွဲလုပ်တော့မယ့်ရက်နီးတော့ စစ်ထဲဝင်ရတော့မယ်ဆိုတဲ့အမိန့်ကျလာတာပဲ” လို့အဘိုးအိုကပြောပြခဲ့ပါတယ်။ ပုံမှန်အထက်တန်းကျောင်းအောင်လက်မှတ်ရဖို့ကျောင်းလေးနှစ်တက်ပြီး စာမေးပွဲအောင်ရင်ရပေမယ့် အဘိုးအိုကတော့ အောင်လက်မှတ်တစ်ခုအတွက် ၇၆နှစ်တိုင်တိုင်စောင့်ဆိုင်းခဲ့ရပါတယ်။

မှတ်တမ်းအရကြည့်မယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုးဟာ ၂၀၁၃ခုနှစ်၊မက်ဆာချူးဆက်မှာလည်းဖြစ်ပွားခဲ့ဖူးပြီး Fred Butler လို့အမည်ရတဲ့အဘိုးအိုဟာ သူ့အသက်၁၀၆နှစ်မှာမှ အထက်တန်းကျောင်းဒီပလိုမာကိုရရှိခဲ့တာပါ။ အဲ့ဒီအဖိုးအိုကတော့ မိသားစုကိုထောက်ပံ့ဖို့အတွက် ကျောင်းကနေထွက်ပြီးအလုပ်လုပ်ခဲ့ရပြီး နှစ်ပေါင်း၉၀ကျော်ကြာမှ ၈တန်းအောင်တဲ့ဒီပလိုမာကိုရရှိခဲ့တာဖြစ်ပါတယ်။

Yenin Phawah ( ApannPyay)

Resource:wearethemighty