ကေလးေတြကို ေရွ႕ကေျပးခိုင္းၿပီး မိခင္ကိုယ္တိုင္က ကားနဲ႔လိုက္တမ္းကစားရာမွ ကေလးတစ္ေယာက္ကို တိုက္မိေသဆံုး

242

ကားစီးျပီးေျပးတိုင္းလိုက္တိုင္းေဆာ့ရာ မိခင္က ကေလးကိုကားနဲ႔တိုက္မိျပီး ကေလးေသဆံုး

အသက္ ၂၆ႏွစ္အရြယ္ ဟူစတန္မွာေနထိုင္တဲ့အမ်ိဳးသမီးတေယာက္ဟာ သူ႔ရဲ႕ကေလး၃ေယာက္နဲ႔ေျပးတိုင္းလိုက္တိုင္း ေဆာ့ေနရင္းနဲ႔ မေတာ္တဆကေလးတေယာက္ကိုကားနဲ႔တိုက္မိျပီး ကေလးေသဆံုးခဲ့တဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ပါတယ္။ သူဟာ ကားေရွ႕ကေန ကေလးေတြကို ေျပးခိုင္ကာ ကားေမာင္းျပီးကေလးေတြေနာက္ကလိုက္တာျဖစ္ပါတယ္။ ကေလးေတြကေျပးတဲ့ပံုစံမ်ိဳးနဲ႔ ေဆာ့ကစားေနခဲ့တာပါ။

ဒါေပမယ့္ ကေလးေတြကို ကားနဲ႔လိုက္တဲ့အေခါက္မွာေတာ့ ကားတည့္တည့္ေမာင္းလာတဲ့သူ႔ရဲ႕ကားကိုု ကေလးႏွစ္ေယာက္ကေရွာင္လိုက္ႏိုင္ေပမယ့္ ကေလးတေယာက္ကေတာ့ကံဆိုးစြာပဲ ကားဘီးနဲ႔ၾကိတ္မိခဲ့ပါတယ္။

အဲ့ဒီအျဖစ္ကို CCTV မွတ္တမ္းမွာ မွတ္တမ္းရိုက္ယူႏိုင္ခဲ့ျပီး ကေလးငယ္ကေတာ့ အေရးေပၚေဆးကုသမွဳခံယူခဲ့ေပမယ့္ ေသဆံုးသြားခဲ့ပါတယ္။ ဒီအမွဳေၾကာင့္ အေမျဖစ္သူဟာ သားသမီးကိုလည္းဆံုးရွံဳးရတဲ့အျပင္ လူေသမွဳနဲ႔လဲတရားစြဲဆိုခံထားရပါတယ္။

အျပစ္ဒဏ္ဘယ္ေလာက္က်မလည္းဆိုတာကိုလည္း ေရေရရာရာမသိရေသးေပမယ့္ အမွဳကိုစံုစမ္းစစ္ေဆးေနတဲ့တာ၀န္ရွိတဲ့သူကေတာ့ ကားစီးျပီးကေလးေတြနဲ႔ေျပးတိုင္းလိုက္တိုင္းေဆာ့တယ္ဆိုတာ ကစားသင့္တဲ့အရာမဟုတ္ဘူးလို႔သာ မွတ္ခ်က္ေပးခဲ့ပါတယ္။

Yenin Phawah ( ApannPyay)

Resource: huffpost

Unicode

ကားစီးပြီးပြေးတိုင်းလိုက်တိုင်းဆော့ရာ မိခင်က ကလေးကိုကားနဲ့တိုက်မိပြီး ကလေးသေဆုံး

အသက် ၂၆နှစ်အရွယ် ဟူစတန်မှာနေထိုင်တဲ့အမျိုးသမီးတယောက်ဟာ သူ့ရဲ့ကလေး၃ယောက်နဲ့ပြေးတိုင်းလိုက်တိုင်း ဆော့နေရင်းနဲ့ မတော်တဆကလေးတယောက်ကိုကားနဲ့တိုက်မိပြီး ကလေးသေဆုံးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ သူဟာ ကားရှေ့ကနေ ကလေးတွေကို ပြေးခိုင်ကာ ကားမောင်းပြီးကလေးတွေနောက်ကလိုက်တာဖြစ်ပါတယ်။ ကလေးတွေကပြေးတဲ့ပုံစံမျိုးနဲ့ ဆော့ကစားနေခဲ့တာပါ။

ဒါပေမယ့် ကလေးတွေကို ကားနဲ့လိုက်တဲ့အခေါက်မှာတော့ ကားတည့်တည့်မောင်းလာတဲ့သူ့ရဲ့ကားကိုု ကလေးနှစ်ယောက်ကရှောင်လိုက်နိုင်ပေမယ့် ကလေးတယောက်ကတော့ကံဆိုးစွာပဲ ကားဘီးနဲ့ကြိတ်မိခဲ့ပါတယ်။

အဲ့ဒီအဖြစ်ကို CCTV မှတ်တမ်းမှာ မှတ်တမ်းရိုက်ယူနိုင်ခဲ့ပြီး ကလေးငယ်ကတော့ အရေးပေါ်ဆေးကုသမှုခံယူခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ဒီအမှုကြောင့် အမေဖြစ်သူဟာ သားသမီးကိုလည်းဆုံးရှုံးရတဲ့အပြင် လူသေမှုနဲ့လဲတရားစွဲဆိုခံထားရပါတယ်။

အပြစ်ဒဏ်ဘယ်လောက်ကျမလည်းဆိုတာကိုလည်း ရေရေရာရာမသိရသေးပေမယ့် အမှုကိုစုံစမ်းစစ်ဆေးနေတဲ့တာဝန်ရှိတဲ့သူကတော့ ကားစီးပြီးကလေးတွေနဲ့ပြေးတိုင်းလိုက်တိုင်းဆော့တယ်ဆိုတာ ကစားသင့်တဲ့အရာမဟုတ်ဘူးလို့သာ မှတ်ချက်ပေးခဲ့ပါတယ်။

Yenin Phawah ( ApannPyay)

Resource: huffpost