အလုပ်တွေ ဖိအားများလာလို့ စိတ်ညစ်လာရင် ဒီပို့လေးကို သတိရလိုက်ပါ

299

အလုပ်ကရလာတဲ့ဖိအားတွေကို ဘယ်လိုလျော့ချကြမလဲ

သင့်ရဲ့အိမ်မှုကိစ္စအဝဝတွေနဲ့ ရုံးအလုပ်တွေကြောင့် သင်ဟာအမြဲစဉ်းစားတွေးခေါ်ရင်း ပင်ပန်းလာတတ်ပါလိမ့်မယ်။ ဒီပင်ပန်းမှုတွေကို သင်ဟာလျော့ချဖို့ နည်းလမ်းတွေဟာအမြဲရှိနေတတ်တာမို့ ဒီအတွက်သိပ်ပူပန်မနေပါနဲ့တော့။ သင့်ရဲ့အလုပ်အောင်မြင်လေ သင်ဟာဖိအားတွေနဲ့ရင်ဆိုင်ရလေပါပဲ။

အလုပ်မှာဖိအားများလာတဲ့အတွက်သင်ဟာစိတ်ငြိမ်းချမ်းမှုနဲ့ ဝေးကွာလာခဲ့ပါပြီ။ သင်ဟာ အစည်းအဝေးတွေကြားထဲကနေ ငြိမ်းချမ်းတဲ့စိတ်ကို ဘယ်လိုရအောင်ယူမလည်း။ ဒါတွေဟာသင့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမှာတော့ အမှန်ပါပဲ။ တကယ်တော့သင်မှာ အားလပ်ချိန်တွေအများကြီး ရှိပါတယ်။ သင်ကိုယ်တိုင်ကဖိအားတွေကြောင့်မမြင်နိုင်တာပါ။ ဖိအားများလေ အားလပ်ချိန်နည်းလေးပါပဲ။ အလွန်တိုတောင်းတဲ့ဘဝလေးမှာ သင်ဟာအားလပ်ချိန်တွေနဲ့ သင့်ရဲ့ဖိအားတွေကို ဘယ်လိုလျော့ချမလည်းဆိုတာ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

သင်ဟာအလုပ်မှာစထိုင်ကတည်းက အလင်းရောင်ရပြီး လေဝင်တဲ့ဘက်မှာစထိုင်လိုက်ပါ။ ဒါမှမဟုတ် သင်ခေါင်းရှုပ်လာပြီး စိတ်မသက်မသာဖြစ်လာပြီလို့ထင်ရင် အပြင်ကိုထွက်လာလိုက်ပါ အထူးသဖြင့် အစိမ်းရောင်အပင်တွေအများဆုံးရှိတဲ့နေရာမှာ ကော်ဖီတစ်ခွက်သောက်ရင်းသက်ပြင်းကို ပြင်းပြင်းချလိုက်ပါ။ လေအရှူအထုတ်ပုံမှန်လုပ်ပါ။ ခေါင်းထဲကအလုပ်တွေကို ခဏလောက်ဖြစ်ဖြစ်ထုတ်လိုက်ပါ။

သင်ဘေးနားက ပတ်ဝန်းကျင်အိမ်ခြေတွေနဲ့နီးနေရင်တောင် ဒီလိုလုပ်ဖို့မတွန့််ဆုတ်လိုက်ပါနဲ့။ နောက်တစ်ချက်ကတော့ မနက်ကိုစောစောထပြီး အနည်းဆုံး နှစ်နာရီကြာ လမ်းလျှောက်ပေးဖို့ပါပဲ။ စိတ်လန်းဆန်းခြင်းဟာ အကြံအသစ်တွေကို ရရှိစေတာမို့ ဖိအားတွေကို တစ်ဖက်တစ်လမ်းက လျော့ချပေးနေပါလိမ့်မယ်။

လူတော်တော်များများ လုပ်လေ့ရှိတဲ့ အကျင့်ကတော့ ရုံးဆင်းချိန်မှာမဆင်းဘဲ အချိန်ပိုထိုင်တတ်ကြတာပါပဲ။ အစည်းအဝေးရှိလို့ထိုင်တာမဟုတ်ဘဲအချို့က အလုပ်ပိုပြီးအောင်ထိုင်တတ်လေ့ရှိပါတယ်။ တကယ်တော့ ဒါဟာမကောင်းတဲ့အလေ့အထပါ။ ဒါ့ကြောင့် အလုပ်ကို အချိန်မှန်သွား အချိန်မှန်ပြန်ပါ။

ကျန်းမာရေးကလည်းအရေးကြီးတာကို ထည့်စဉ်းစားပြီး သင့်ကိုယ်တိုင်က အရာရာတိုင်းကိုညီမျှနေဖို့ တွေးတတ်ရပါမယ်။ သင့်ဟာအိမ်ထောင်ရှိသူဆိုရင်ပိုကောင်းပါတယ်။ သင့်မိသားစုကိုအချိန်ပေးလိုက်ပါ။ တကယ်တော့ သင့်ရဲ့ဇနီးသည်နဲ့ ကလေးတွေဟာ သင့်ကိုပျော်ရွှင်လာအောင်ဖန်တီးပေးနိုင်ကြပါတယ်။ သင့်ဘက်က အချိန်ပေးဖို့ပဲလိုတာပါ။ အနာဂတ်ကိုဘယ်သူမှကြိုမမြင်နိုင်တာမို့ သင့်မိသားစုကို အလေးထားပေးပါ။

သင်ဟာ အလုပ်ပိတ်တဲ့ရက်တွေမှာတောင် အလုပ်ကိုအိမ်သယ်တတ်တတ်သူဆိုရင် ဒီလုပ်ရပ်ကိုရပ်လိုက်ပါ။ အစပိုင်းမှာမသိသာပေမယ့် သင်ဖိအားများတဲ့အကြောင်ုးအရင်းထဲက တစ်စိတ်တစ်ပိုင်းပါပဲ။ အဲ့ဒီ့အစား သင့်ရဲ့ မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် သင်စိတ်ပျော်ရွှင်စေမယ့်အရာတွေကိုလုပ်လိုက်ပါ အထူးသဖြင့်လေ့ကျင့်ခန်းလုပ်ခြင်းဟာအသင့်တော်ဆုံးပါပဲ။ အလုပ်ကိုအလုပ်မှာကြိုးစားတာ အကောင်းဆုံးပါပဲ။

လူတိုင်းရဲ့ကျန်းမာရေးဟာ သူ့အတိုင်းအတာနဲ့သူရှိတာမို့ သင်ဟာအတင်းအကြပ်လုပ်မယ်ဆိုရင် သင့်ကျန်းမာရေးက သင့်ကို အကောင်းဆုံးရလဒ်တွေပေးမဟုတ်တော့ပါဘူးနော်။ ဒါကြောင့် ApannPyay ချစ်ပရိတ်သတ်ကြီးလည်းအလုပ်ဖိအားတွေကနေရုန်းထွက်နိုင်ကြပါစေလို့ဆုပန်ရင်း မျှဝေပေးလိုက်ပါတယ်နော်။

San Htet Wai ( ApannPyay )

Source-Elite Readers