မင်္ဂလာဆောင် လပ်ထပ်လက်စွပ်အစား လက်စွပ်ပုံ တက်တူး ထိုးခဲ့တဲ့ ချစ်စရာစုံတွဲ

127

မင်္ဂလာဆောင်အတွက် လက်ချောင်းတွေမှာ လက်စွပ်အစား တက်တူးထိုးခဲ့တဲ့ ချစ်စရာစုံတွဲ

တွေးကြည့်မယ်ဆိုရင်တော့ လက်စွပ်တွေဟာဈေးကြီးပြီး သင်သတိလက်လွတ်ဖြစ်ခဲ့သည်ရှိသော် ပျောက်ဆုံးသွားနိုင်တဲ့ အရာတစ်ခုပါ။ ဖိလစ်ပိုင်မှာနေထိုင်တဲ့ချစ်စရာစုံတွဲလေးဖြစ်တဲ့ John Paul Rivera နဲ့ Mimi Miaco တို့ကတော့ပိုက်ဆံအများကြီးမကုန်ကျပဲနဲ့ မပျောက်မဆုံးအမြဲရှိနေမယ့်လက်စွပ် ဒီဇိုင်းလေးကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့စုံတွဲလေးဟာရှေးရိုးစဉ်လာထက်ပိုသစ်လွင်တဲ့ အရာလေးတွေဖန်တီးခဲ့တာပါပဲ။ ပန်းကုံးလေးတွေ အပြင်အဆင်တွေ သတို့သမီးခေါင်းကိုဖုံးအုပ်ထားတဲ့ပဝါလေးတွေ နောက်တစ်ခုကတော့ မင်္ဂလာဆောင်လက်စွပ်မပါဘဲ ရိုးရှင်းပြီး ပျော်ရွှင်စရာမင်္ဂလာဆောင်လေးကို ကျင်းပခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ချောင်းလေးတွေမှာတော့ လက်စွပ်အစား လက်စွပ်ပုံစံတက်တူးလေးတွေထိုးထားခဲ့ကြပါတယ်။

Mimi ကတော့ Female Network မှာယခုလိုပဲပြောပြသွားခဲ့ပါတယ်။ ” ဒီလိုလုပ်လိုက်ရလို့ကျွန်မတို့မှားတယ်လို့လည်းမထင်မိပါဘူး ဘာလို့လည်းဆိုတော့ ဒါလေးကအခြားအရာတွေထက်ပိုကောင်းပြီး ကျွန်မတို့ရဲ့ဘဝတစ်လျှောက်ကတိတွေ၊ အချစ်တွေကို ကိုယ်စားပြုတယ်လို့လည်းခံစားရတယ်လေ။ ကျွန်မတို့ဘယ်သွားသွားဘာလုပ်လုပ်ပျောက်သွားမှာမဟုတ်သလို သေရာပါအမှတ်အသားလေးဖြစ်မှာမို့ကျွန်မကျေနပ်မိပါတယ်။ ကျွန်မတို့လက်စွပ်လုပ်ဖို့စဉ်းစားခဲ့ပါ သေးတယ် လက်စွပ်ရဲ့ဒီဇိုင်းထုထည်တွေကိုပေါ့ ဒါပေမယ့် ထာဝရနဲ့အမြဲတစေအတွက်ဒီအကြံလေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြပါတယ်” လို့ဖြေကြားသွားပါတယ်။

လက်စွပ်ပုံစံတက်တူးဒီဇိုင်းကိုတော့ မနီလာမှာရှိတဲ့ တက်တူးပညာရှင် Kat Fallaria ကဖန်တီးပေးခဲ့ပြီး အဲ့ဒီအတွက်လည်း Php 2,500 (USD 48 ဒေါ်လာ ) သာကုန်ကျခဲ့ရပါတယ်။ နောက်တစ်ခုကတော့ သူမရဲ့ထူးခြားရိုးရှင်းပြီး လှပတဲ့ မင်္ဂလာဆောင်ဝတ်စုံလေးပဲဖြစ်ပါတယ်။ တကယ်တော့သူမအနေနဲ့ မင်္ဂလာဆောင်ဝတ်စုံအတွက်အိမ်မက်အကြီးကြီးတွေမရှိခဲ့ပါဘူး။ ဒါပေမယ့်သူမတွေးခဲ့တာကတော့ သူမရဲ့မင်္ဂလာဝတ်စုံဟာဈေးမကြီးပဲ သူမကိုသက်တောင့်သက်သာဖြစ်စေမယ့်ဂါဝန်လေးကိုပဲ ဝတ်ချင်ခဲ့တယ်လို့ဆိုပါတယ်။

နောက်တစ်ချက်အနေနဲ့ သူမဟာ အဖြူရောင်ကြိုက်ပေမယ့် ဖြူစွတ်နေတဲ့ ဂါဝန်ကို မက်မောသူမဟုတ်ပါဘူး။ သူမဟာဒီရိုးရှင်းလှတဲ့ဂါဝန်လေးကို ရဖို့အချိန်တစ်ပတ်သာယူခဲ့ပြီး အပြာရောင်ဆေးလေးတွေခြယ်သဖို့ကိုတော့ သုံးနာရီသာယူခဲ့ပါတယ်။ သူမဟာဆေးမခြယ်ခင်တော့ ဂါဝန်လေးပျက်စီးသွားမှာဆိုးပေမယ့်လည်း သူမဆေးခြယ်အပြီးမှာ သူမထင်ထားတာထက် ဂါဝန်လေးဟာလှနေခဲ့ပါတယ်။ ဒီအရောင်လေးကို ရွေးချယ်ဖြစ်တဲ့အကြောင်းကတော့ သူမဟာပင်လယ်ပြာကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။

ဒါ့ကြောင့် သူမလမ်းလျှောက်စဉ် လှိုင်းလုံးလေးတွေရိုက်ခတ်ရွေ့လျားနေသလိုဒီဇိုင်းလေးကို လိုချင်နေခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ သူမခင်ပွန်းရဲ့ နက်ခ်တိုင်ကိုတော့ မိုးတိမ်ရောင်လေးခြယ်သပေးခဲ့ပါတယ်။ သူတို့စုံတွဲနှစ်ဦးဟာသဘာဝတရားတွေကို ချစ်မြတ်နိုးပြီး ရိုးရှင်းပြီး သူမတူတဲ့ ဆန်းကြယ်မှုနဲ့ မင်္ဂလာပွဲလေးဟာလည်း လူအများရဲ့အားပေးထောက်ခံမှုကိုရရှိခဲ့ကြပါတယ်။ ကဲ ApannPyay ချစ်ပရိတ်သတ်ကြီးကရော ဒီစုံတွဲလေးကို ဘယ်လိုမြင်ပါလည်းနော်။ ခုပရိတ်သတ်တွေထဲက လက်ထပ်တော့မယ်သူတွေရှိရင်လည်း မျှဝေပေးလိုက်ကြဦးနော်။ သူမျာအကျိုးဆောင် ကိုယ်ကျိုးအောင်ဆိုတဲ့ စကားပုံလေးက မှန်တတ်တယ်နော်။

San Htet Wai ( ApannPyay )

Source-Elite Readers