နှင်းဆီအဖွဲ့သားဖြစ်တဲ့ နေတိုးနဲ့ ထွန်းထွန်း မိန်းမမြန်မြန်ယူသင့်နေပြီတဲ့

215

နှင်းဆီအဖွဲ့သားဖြစ်တဲ့ နေတိုးနဲ့ ထွန်းထွန်းကို မိန်းမမြန်မြန်ယူသင့်နေပြီလို့ တိုက်တွန်းလိုက်တဲ့ ကျော်ကျော်ဗိုလ်

ပြည်သူချစ်အနုပညာရှင် တယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ သူ့အနေနဲ့ သူ့သူငယ်ချင်းတွေလည်းဖြစ် နှင်းဆီအဖွဲ့သားတွေလည်း ဖြစ်ကြပြီး အဖွဲ့မှာ လူပျိုကြီးတွေ ဖြစ်နေကြတဲ့ နေတိုး၊ ရဲလေး၊ ထွန်းထွန်းတို့ကိုတော့ အိမ်ထောင်အမြန်ပြုသင့်ပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ သူ့အနေနဲ့ အချိန်မနှောင်းခင် သူ့သူငယ်ချင်းလူပျိုကြီးတွေကို မျိုးဆက်သစ်လေးတွေ ကျန်အောင် မိန်းမအမြန်ယူဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ အိမ်ထောင်မကျသေးတဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး “အဲ့ဒီတော့ ကျနော့်သူငယ်ချင်းအမြင် ပါစင်နယ် အမြင်နဲ့ပြောရင် ယူသင့်ပါပြီ ။ မယူချင်လည်းလုံးဝမယူနဲ့တော့ ။ ယူချင်လည်းအခုယူတော့ အဲ့ဒီလိုမျိုးဖြစ်နေတဲ့ အချိန်ရောက်ပြီပေါ့နော်။ လူပျိုတွေကတော့ အချိန်ရှိသရွေ့ပျိုထားတာတော့ ကောင်းတာပေါ့နော်။ လွတ်လပ်တာပေါ့၊ ဘာမှအနှောင်အဖွဲ့မရှိဘူး။ နောက်ဆံတင်းမှုနည်းတာပေါ့။

ဒါပေမယ့်လည်း လူဆိုတဲ့အမျိုးကလည်း ကိုယ်မရှိတော့တဲ့အချိန် ကိုယ့်မျိုးဆက်အနေနဲ့ ရှင်သန်ကျန်ရစ်ဖို့ မျှော်လင့်ချက်လေးတွေ ရှိနေကြသေးတာလေ။ အဓိကကတော့ အိမ်ထောင်တစ်ခုတည်ထောင်တယ် ဆိုတာ ဆိုရိုးလည်းရှိတယ်လေ အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးတဲ့ ပြင်ဖို့ခက်တွေအရာတွေကို မလုပ်ခင်ကတည်းက ကြိုတင်ပြီးစဉ်းစားသင့်တယ်။ အားလုံးကိုယ့်အတွက် ပြင်ဆင်ပြီးပြီဆိုရင်တော့ ဆိုးလည်းခံ ကောင်းလည်းစံ ဒါပါပဲ” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

“သူငယ်ချင်းတစ်ယောက်အနေနဲ့ကတော့ ဒီအရွယ်က ယူရင်လည်း ယူလိုက်တော့ မယူရင်ရင်လည်း တစ်သက်လုံးမယူနဲ့တော့ ဆိုပြီးဆုံးဖြတ်ရမယ့်အရွယ်ရောက်နေပြီ ။

မိန်းမယူကတည်းက ကိုယ်က အပျော်ယူတာမဟုတ်ဘူးလေ ကိုယ့်ရဲ့မျိုးဆက်သစ်အတွက်စဉ်းစားပြီး မျှော်လင့်တာကိုး ကျနော်တို့လည်း အဲ့ဒီလိုပဲလေ မျိုးဆက်သစ်အတွက် ပိုမျှော်လင့်တယ် ဆိုတော့ ဒီအရွယ်မှာ ယူမှ သူ့မျိုးဆက်သစ်နဲ့သူနဲ့ လျစ်ဟာမှုကလျော့နိုင်မယ်။

နောက်ကျသွားရင်တော့ သိပ်မကောင်းဘူ အခုတိုးတက်နေတဲ့ ခေတ်နဲ့ဆို ပိုဆိုးတယ်” ဆိုပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း နှင်းဆီအဖွဲ့က ကျော်ကျော်ဗိုလ်ရဲ့ သူငယ်ချင်းလူပျိုကြီးတွေ ဖြစ်တဲ့ နေတိုး၊ ရဲလေး၊ ထွန်းထွန်းတို့ကိုရော မိန်းမမြန်မြန်ရစေချင်ကြရဲ့လား။

ApannPyay