ဂျပန်နိုင်ငံရဲ့ အံ့အားသင့်ဖွယ်ရာအကောင်းဆုံး အချက်များ

166

ဂျပန်​ပြည်​ဆိုတာ သူတို့ရဲ့ယဉ်​​ကျေးမှုအရ တခြားနိုင်​ငံကသူ​တွေ​မှာ အထူးအဆန်းဖြစ်​ရ​ပေါင်းမနည်းလှတဲ့ကိစ္စ​တွေရှိခဲ့ပါတယ်​​။ တချို့အချက်​​တွေဆိုအ​တော်​​လေးအံ့အားသင့်​စရာ​ကောင်းသလို တချို့အ​တွေးအ​ခေါ်နဲ့အမူအကျင့်​​တွေဟာလည်း အင်​မတန်​​လေးစားဖွယ်​ရာ​ကောင်းပါတယ်​။ ApannPyay ချစ်ပရိသတ်ကြီး ဖတ်​ရှူကြည့်​ကြပါဦးနော်။

ဂျပန်​ပြည်​က ​ရေနုတ်​​မြောင်း​တွေဟာ သိပ်ကို ​သန့်​ရှင်းကြည်​လင်​လှပြီး ​ရေအသန့်​ကိုမှကြိုက်​တတ်​တဲ့ koi ငါးအမျိုးအစား​တွေ​တောင်​ ​နေထိုင်​ရှင်​သန်​​နေတာမြင်​​တွေ့ရမှာပါ။

ဒီတစ်​ခုက ကြားကြားချင်းဆိုလန့်​စရာပါ။ ဂျပန်​ပြည်​မှာ ငါ့ရဲ့အတွင်းခံ​ဘောင်းဘီ​လေး မင်း​လျှော်​​ပေးနို​င်​မလား အချစ်​ရယ်​ဆိုတဲ့စကားဟာ ချစ်​​ရေးဆိုလက်​ထပ်​ခွင့်​​တောင်းခံခြင်း အဓိပ္ပါယ်​ပါတဲ့။ ကိုယ့်​ရဲ့သီးသန့်​အဖြစ်​ဆုံး ဘဝအစိတ်​အပိုင်း​တွေထိ မင်းနဲ့အတူဖြတ်​သန်းမယ်​လို့ဆိုလိုခြင်းဖြစ်​ပါတယ်​။

ဂျပန်​ပြည်​ကို​ရောက်​သွားရင်​ အထူးဆန်းဆုံးအချက်​ က အမှိုက်​ပုံး​တွေရှားပါးသ​လောက်​ အမှိုက်​သရိုက်​တစ်​စက်​မှမရှိ​အောင်​ သန့်​ရှင်းလှပ​နေတဲ့ပတ်​ဝန်းကျင်​ကြီးပဲဖြစ်​ပါတယ်​။ ဂျပန်​လူမျိုး​တွေဟာ ကိုယ့်​အမှိုက်​ကိုယ်​လက်​ကကိုင်​ပြီးအိမ်​​ရောက်​မှအ​သေအချာပစ်​ကြတာများပါတယ်​။

ဂျပန်​အစားအစာ​တွေမှာ ကြက်​ဥကိုအစိမ်းလိုက်​သက်​သက်​​ဖောက်​ထည့်​စားတာက အစဉ်​အလာတစ်​ခုပါပဲ။ အလွယ်​ကူဆုံးအ​နေနဲ့ ကြက်​ဥအစိမ်းကို​ဖောက်​ထည့်​ပြီးထမင်း၊ ပဲငံပြာရည်​ ၊ ​ရေညှိ နဲ့နယ်​ဖတ်​စားကြတာဟာ ဗာဟီရအနည်းဆုံး နဲ့ အရိုးရှင်းဆုံးအစားအ​သောက်​အဖြစ်​သတ်​မှတ်​ထားကြတာပါ။

နောက်​တစ်​ချက်​က​တော့ ဂျပန်​ပြည်​က အမျိုးသမီး​တွေ ကို မျက်​နှာ​သေး​သေးငယ်​ငယ်​​လေး​တွေနဲ့မှ လှပတင့်​တယ်​လို့မှတ်​ယူကြတာဖြစ်​ပါတယ်​။ ဟယ်​ မျက်​နှာ​လေးက​သေးလိုက်​တာ​နော်​ လို့ ​ပြောလာခဲ့ရင်​ ဒါဟာကိုယ့်​အလှကိုချီးကျူးတာဖြစ်ပါတယ်​။

ဒီတစ်​ခုကက​​တော့ ရင်းနှီးကြပါလိမ့်​မယ်​။ ဂျပန်​​တွေကစည်းစနစ်​ကျပြီးစည်းကမ်းကြီးကြ​ပေမယ့်​ Ramen ​ခေါက်​ဆွဲကိုစားရမှာ​တော့ ​ခေါက်​ဆွဲကိုတရှူးရှူး အသံထွက်​ပြီးမှ စား​သောက်​ရမှ ​ကျေနပ်​ကြတာဖြစ်​ပါတယ်​​။

ApannPyay ချစ်ပရိသတ်များ အတွက် အပန်း​ပြေ​စေဖို့နဲ့ ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL(ApannPyay)