Single ဘဝမှာ ပိုပြီး​နေ​လို့​ပျော်​သူ​တွေက အမျိုးသမီး​တွေဖြစ်​ကြတယ်..

194

ယူ​ကေကသု​တေသီပညာရှင်​​တွေရဲ့​လေ့လာချက်​အရ အမျိုးသမီး​တွေဟာ အမျိုးသား​တွေထက်​ပိုပြီး Single ဘဝမှာ ​နေလို့​ပျော်​ကြတယ်​လို့ သိရပါတယ်​။ ဒီ​နောက်​ကွယ်​မှာ​တော့ စိတ်​ဝင်​စားစရာ အ​ကြောင်းအရင်းများစွာရှိပါတယ်​။

အမျိုးသမီး​တွေရဲ့သဘာဝက အချစ်​​ရေးနဲ့ပတ်​သက်​လာရင်​ ​ယောကျာင်္းသား​တွေထက်​ ပိုပြီးနက်​ရှိုင်းစွာခံစားတတ်​ကြပြီး ပိုပြီးအားစိုက်​ထုတ်​လို့ တန်​ဖိုးထားတတ်​ကြပါတယ်​။ ဆို​တော့ ​တော်​ရုံသာမန်​ ​ရေ​ပေါ်ဆီအချစ်​​ရေးမှာ​တော့ ​ပျော်​ဝင်​လိုက်​ဖို့အစီအစဉ်​မရှိဘူးဆိုတဲ့ သ​ဘောပါပဲ။

နောက်​တစ်​ချက်​က မိန်းမသား​တွေဟာ တစ်​ကိုယ်​တည်း​နေရတဲ့ ဘဝရဲ့အချိန်​​တွေကို ပိုပြီးအရသာ​တွေ့တတ်​ကြပါတယ်​​။ အမှီအခိုကင်းတဲ့၊ တွယ်​ရာမရှိတဲ့ တစ်​ကိုယ်​ရည်​ဘဝမှာ သူတို့ဟာ အလွတ်​လပ်​ဆုံးနဲ့ အ​ပျော်​ရွှင်​ဆုံး ခံစားကြရပါတယ်​။

နောက်​ထပ်​တစ်​ချက်​က​တော့ အမျိုးသမီး​တွေဟာ သူတို့လိုချင်​တဲ့ဘဝပုံစံမျိုးကို အသက်​ဝင်​လာ​အောင်​ရုပ်​လုံး​ဖော်​နိုင်​ဖို့အတွက်​ တစ်​ကိုယ်​ရည်​ဘဝဟာ ပိုပြီးအ​နှောင်​အဖွဲ့ကင်းပြီး ပိုပြီးရှင်းလင်းကြည်​လင်​​စေတာဖြစ်​ပါတယ်​။

တစ်​ဖက်​ကကြည့်​မယ့်​ဆိုရင်​​တော့ ​လေ့လာ​တွေ့ရှိချက်​​တွေအရ Single ဘဝမှာလည်း သူ့အားနည်းချက်​နဲ့သူ​တော့ရှိ​နေ​သေးတာလည်း အမှန်​ပါ။

အဲ့ဒါ​တွေက လူမှုအသိုင်းအဝိုင်း ရဲ့ အထင်​အမြင်​ ​တွေနဲ့ ဖိအား​ပေးမှု​တွေ၊ ဝင်​​ငွေ​​ကောင်းတစ်​ခုနဲ့ ဘဝရပ်​တည်​နိုင်​မှု​တွေ စသဖြင့်​ ရှိ​နေပြီး ယူ​ကေမှာ တစ်​ကိုယ်​တည်းဘဝကို ဖြတ်​သန်း​နေသူ​တွေရဲ့ ၃၆ရာနှုန်းကသာ ကိုယ်​ပိုင်​ဝင်​​ငွေနဲ့ဘဝအ​ခြေတကျရပ်​တည်​​နေကြပြီး ချစ်​သူနဲ့နှစ်​ကိုယ်​တူဘဝကို ​လျှောက်​လှမ်း​နေသူ​တွေရဲ့ ၅၂ ရာခိုင်နှုန်းအထိဟာ ဒီလို ဘဝအ​ခြေကျမှုကိုပိုင်​ဆိုင်​ထားတယ်​လို့ အချက်​အလက်​​တွေအရသိရှိရပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် အပန်း​ပြေ​စေဖို့နဲ့ ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ပါတယ်​။

EFIL (ApannPyay)