ထက်မြက်တဲ့မိန်းကလေးတွေ လက်တွဲဖော်ရဖို့ ခက်ခဲစေတဲ့အကြောင်းရင်းများ

176

ထက်မြက်တဲ့မိန်းကလေးတွေ လက်တွဲဖော်ရဖို့ ခက်ခဲစေတဲ့အကြောင်းရင်းများ

ထက်မြက်တဲ့မိန်းကလေးတွေက သာမာန်မိန်းကလေးတွေထက် လက်တွဲဖော်ရှာတွေဖို့ ပိုပီးခက်ခဲတတ်ပါတယ်။ ဘာလို့လဲဆိုတော့

(၁) ကိုယ့်ထက်သာတဲ့ ထက်မြက်တဲ့သူကိုမှ လက်တွဲဖော်အဖြစ်လိုချင်တာ

အနည်းဆုံးကိုယ့်ထက်နှာတစ်ဖျားသာတဲ့သူမျိုးကိုမှ လက်တွဲဖော်အဖြစ်လိုချင်ကြတဲ့အတွက် တ်ာရုံသူမျိုးကိုစိတ်မ၀င်စား အာရုံမထားချင်တော့တဲ့အကျင့်လေးရှိတတ်ကြပါတယ်။

(၂) ချစ်သူရှိလာရင်တောင် အနာဂတ်အတွက် အများကြီးတွေးနေမိတာ

ထက်မြက်တဲ့မိန်းကလေးတွေဟာ ချစ်သူရှိလာရင်တောင် သူတို့နဲ့ရေရှည်လက်တွဲဖို့အဆင်ပြေပါ့မလားဆိုတာကို အမြဲတွေးနေပီး အနာဂတ်အတွက် တွးပူနေတတ်ပါတယ်။ တကယ်လို့များ သင်ကထက်မြက်တဲ့မိန်းကလေးတယောက်ရဲ့ချစ်သူဖြစ်ရင် အခုချက်ချင်း အနာဂတ်မှာ သူ့ကိုလုံခြုံမှုပေးနိုင်ဖို့ တင့်တောင့်တင့်တယ်ထားနိုင်ဖို့ စပီးကြိုးစားသင့်ပါ ပီ။

(၃) သူလုပ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်တာ

သင်ကငါကတော ငါ့ချစ်တဲ့သူကိုခြေမွေးမီးမလောင်လက်မွေးမီးမလောင်ထားမယ်၊ အိမ်မှာအေးအေးဆေးဆေးနေခိုင်းမယ်ဆိုပီးတွေးနေရင် အမှားကြီးမှားနေပါပီ။ ထက်မြက်တဲ့မိန်းကလေးတွေဟာ ဘယ်တော့မှ အိမ်မှာနေ၊အိမ်ရှင်မအလုပ်ပဲလုပ်ပီး သူရဲ့အရည်အချင်းတွေကိုအလကားအဖြစ်ခံမယ့်သူမျိုးတွေမဟုတ်ပါဘူး။ သူတွေးထားတဲ့ plan တစ်ခုကို သင်က ချစ်ရေဒါလေးတော့ဒီလိုဆိုရင်ကောလို့ ပာကြည့်လို့ သင်ပြောတဲ့အရာကသူ့ရဲ့ planကို တကယ်အကူအညီမဖြစ်စေဘူးဆိုရင် ဂုဏ်ယူပါတယ် သင်ပြသနာအကြီးကြီးတတ်ပါပီ။

(၄) အထိန်းချုပ်မခံတာ

ထက်မြက်တဲ့မိန်းကလေးတွေကို သ၀န်တိုလို့ စိတ်ပူလို့ဆိုတဲ့ အကြောင်းရင်းတွေကြောင့် ဒီလိုမလုပ်ပါနဲ့ အပြင်အရမ်းမထွက်ပါနဲ့ စတဲ့အသေးစားထိန်းချုပ်မှုတွေကိုလုပ်ခဲ့ဖူးရင် သင်ချက်ချင်းပြင်လိုက်ပါ။ သူတို့မှာသူတို့ကိုယ်သူတို့ကောင်းကောင်းထိန်းကျောင်းနိုင်စွမ်း အပြည့်ရှိသလို သူတို့ကိုထိန်းချုပ်ဖို့ကြိုးစားရင် ပါးစပ်ကထုတ်မပြောပေမယ့် သင့်ကိုဘယ်လောက်ချစ်ချစ် အချိန်တခုရောက်ရင် သူ့ဘ၀လက်တွဲဖော်အဖြစ်ကနေ လက်လွတ်ဖို့ဝန်မလေးပါဘူး။

(၅) Romantic မဆန်တတ်တာ

မိန်းကလေးတွေကို တ်ခမ်းပါးကစကားလုံးလှလှတွေကို ကွဆင်းအောင်လုပ်နိုင်တဲ့ ကိုယ်လူချောတို့ရေ.. ရှင်တို့စကားလုံးတွေကို ထက်မြက်တဲ့မိန်းကလေးတွေဆီမှာသွားသုံးရင် စိတ်ကူးယဉ်တတ်ပီး လက်တွေ့မဆန်တဲ့သူလို့ပဲသတ်မှတ်တာခံရပါလိမ့်မယ်။ သူတို့ကို ကဗျာတွေစာတွေဖွဲ့ပီး နှင်းဆီပန်းအပွင့်တထောင်ပေးတာထက် သင်ကတိကျသေချာတဲ့ အနာဂတ်တခုရှိတဲ့သူမျိုး၊ အိမ်ထောင်တခုကိုဦးဆောင်နိုင်စွမ်းရှိပီး အရည်အချင်းရှိတဲ့သူမျိုးဆိုတာကို သူတို့်မြင်အောင်ပြတာကမှ သူတို့အတွက်ရင်ခုန်စရာကောင်းတဲ့အရာပါ။

ကဲ ApannPyay ချစ်ပရိသတ်ကြီးထဲက ကိုကိုတွေ ထက်မြက်တဲ့မိန်းကလေးတွေကိုချစ်မယ်ဆို ဒီအချက်တွေကိုသတိထားနော်။

Yenin Phawah (ApannPyay)