213
၇ဦးလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာနေထိုင်နေတဲ့သူများဖြစ်ကြပြီး သေဆုံးသွားတဲ့လူနာ၎ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှာ ဆေးကုသမှုခံယူရင်းဆုံးပါးသွားခဲ့ကြတာဖြစ်ပါတယ်။
ရာသီပေါ်တုပ်ကွေးတစ်ခုဖြစ်တဲ့ H1N1 ရောဂါဟာ နှစ်စဉ်နှစ်တိုင်းတုပ်ကွေးရာသီမှာ ဖြစ်ပေါ်တတ်ပြီး အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
တုပ်ကွေးရာသီတွေမှာကိုယ်ခံအားကောင်းစေဖို့ အထူးဂရုစိုက်သင့်ပြီး တုပ်ကွေးရောဂါလက္ခဏာဖြစ်တဲ့ နာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာပြီး ဖျားနာခြင်း၊ ကိုယ်လက်နာခြင်း၊ ခေါင်းကိုက်မူးမော်ခြင်း၊ ချမ်းတုန်ခြင်းတွေဖြစ်ပေါ်လာရင် ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်သင့်ပါတယ်။
Unicode
H1N1 ရောဂါဖြင့် လူနာတစ်ဦးထပ်မံကွယ်လွန်
ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ၂၄ရက် ညနေပိုင်းအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ H1N1 ရောဂါကြောင့် ၂၀၁၉အတွင်းသေဆုံးခဲ့သူပေါင်း စုစုပေါင်း ၄ဦးရှိပြီဖြစ်ပြီး လောလောဆယ်ကူးစက်ခံရသူ ရဦးရှိနေတယ်လို့သိရပါတယ်။
ရဦးလုံးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာနေထိုင်နေတဲ့သူများဖြစ်ကြပြီး သေဆုံးသွားတဲ့လူနာ၄ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့မှာ ဆေးကုသမှုခံယူရင်းဆုံးပါးသွားခဲ့ကြတာဖြစ်ပါတယ်။
ရာသီပေါ်တုပ်ကွေးတစ်ခုဖြစ်တဲ့ H1N1 ရောဂါဟာ နှစ်စဉ်နှစ်တိုင်းတုပ်ကွေးရာသီမှာ ဖြစ်ပေါ်တတ်ပြီး အသက်ရှုလမ်းကြောင််းကနေတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
တုပ်ကွေးရာသီတွေမှာကိုယ်ခံအားကောင်းစေဖို့ အထူးဂရုစိုက်သင့်ပြီး တုပ်ကွေးရောဂါလက္ခဏာဖြစ်တဲ့ နာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာပြီး ဖျားနာခြင်း၊ ကို်ယ်လက်နာခြင်း၊ ခေါင်းကိုက်မူးမော်ခြင်း၊ ချမ်းတုန်ခြင်းတွေဖြစ်ပေါ်လာရင် ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်သင့်ပါတယ်။
လက်ရှိရန်ကုန်မြို့တွင်းနေထိုင်သူတွေဟာ လူထူထပ်တဲ့နေရာတွေကိုသွားရောက်တဲ့အခါမှာ မျက်နှာဖုံးတပ်ဆင်ဖို့ ကျန်းမာရေးအသိပညာပေးသူတွေက အကြံပြုထားပါတယ်။ H1N1 ရဲ့လက္ခဏာတွေဟာ အခြားတုပ်ကွေးတွေထက်ပိုမိုပြင်းထန်ပြီး အသက်ရှုကြပ်ခြင်းနဲ့အဆုတ်ရောင်ရောဂါပါဖြစ်ပေါ်လာနိုင်ပါတယ်။
ApannPyay ရဲ့စာဖတ်ပရိသတ်များကို တုပ်ကွေးရာသီအတွင်းမှာ လက်ကိုစင်ကြယ်အောင်ဆေးကာ လူထူထပ်တဲ့နေရာတွေကိုသွားရောက်တဲ့အခါ ကျန်းမာရေးမျက်နှာဖုံးများဆောင်ယူတပ်ဆင်ကြဖို့အကြံပြုလိုပါတယ်။ အားလုံးပဲကျန်းမာပျော်ရွှင်သောတစ်ရက်တာကိုဖြတ်သန်းနိုင်ကြပါစေ။
Yenin Phawah( ApannPyay)
Resource: အလုံမြို့နယ်သတင်းစုံ