LGBTကို ထောက်ခံအားပေးကြောင်း အားပေးရေးသားတဲ့ Post တင်ခဲ့တဲ့ နေခြည်ဦး

183

ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ချီချီလို့ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးဟာ LGBTတွေကိုထောက်ခံအားပေးကြောင်းကို သူ့ရဲ့ facebook စာမျက်နှာထက်မှာ ဒီလိုပြောပြမျှဝေပေးခဲ့တာပါ။

လူတစ်ယောက်က ကိုယ့်ရဲ့ယုံကြည်ရာ ကိုယ့်ရဲ့ ထင်မြင်ချက်ကိုတောင်

ဒီလူ့ဘောင် အသိုင်းအဝိုင်းမှာ ရဲရဲဝင့်ဝင့် ချပြဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။

ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပါ ချပြနေတဲ့ လူတွေကို နေခြည် support လုပ်တယ်၊ 🏳️‍🌈🏳️‍🌈

ချစ်လဲချစ်တယ်။ 💕💕

GAY ဖြစ်မှ #LGBT ကို support လို့ရတာမဟုတ်ဘူးလေ။

နေခြည်တို့လို straight ဖြစ်ပေမယ့် #LGBT community တစ်ခုလုံးကို support လုပ်နေကြတဲ့သူတွေ အသိုင်းအဝိုင်းမရွေး

အဆင့်အတန်းမရွေးမှာလဲ ရှိနေကြတယ်ဆိုတာ အဆင်သင့် မဖြစ်သေးတဲ့သူတွေကော ထုတ်ပြချင်ပေမယ့် ထိုးနှက်မှုဒဏ်ကို ကြောက်လို့ မဝင့်မရဲဖြစ်နေတဲ့သူတွေကိုကောကိုပါ သိစေချင်တယ်။

Stand Up High and Stay Strong 🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

I love you for who you are

and i support you just like my family.

LET LOVE WINS !!!!!!

#LGBT #Everyonematters #LoveWins #Gaypride

လို့ စာနဲ့ရေးသားပြီး ထောက်ခံအားပေးစကားပြောခဲ့တာပါ။ အဲ့ဒါအပြင်ချီချီဟာ LGBTQတွေကို ထောက်ခံအားပေးတဲ့သင်္ကေတတစ်ခုဖြစ်တဲ့ သက်တန့်ရောင်အလံပုံကိုလည်း fb ကာဗာဓာတ်ပုံအနေနဲ့တင်ထားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လူအများအကြားအငြင်းပွားစရာဖြစ်နေတဲ့ LGBTQ ကိစ္စရပ်တွေဟာ ထောက်ခံကြတဲ့သူတွေကော၊ မထောက်ခံငြင်းဆန်တဲ့သူတွေပါရှိနေပါတယ်။ သို့ပေမယ့်လည်း လူတစ်ယောက်နဲ့တစ်ယောက်အတွေးအမြင်မတူတာတာကြောင့် ApannPyay ပရိတ်သတ်ကြီးရဲ့အမြင်ကိုလည်းပြောပေးခဲ့ပါဦးနော်။

Yenin Phawah (ApannPyay)

Photos: Nay Chi Oo Official facebook account