ႏုိင္ငံေတာ္ကို ကာကြယ္ခ်င္တဲ့ (၅)ႏွစ္အရြယ္ ကေလးငယ္ ကင္ဆာေဝဒနာျဖင့္ ဆံုးသြားရွာၿပီးေနာက္

240

အသက္ငါးႏွစ္သာရွိေသးတဲ့ကေလးရဲ႕စ်ာပနာပြဲကို စစ္မွဳထမ္းမွအဖြဲ႔အစည္းမ်ားလာေရာက္ေပးၾကရန္ကေလးမိဘႏွစ္ပါးေတာင္းဆို

Oakley လို႔အမည္ရွိတဲ့ ကေလးငယ္ေလးဟာ ကင္ဆာေရာကိုေလးႏွစ္နီးပါးခံစားခဲ့ရျပီး ယခုမွာေတာ့ ဆံုးပါးခဲ့ရရွာပါျပီ။ ဒါေၾကာင့္ သူရဲ႕ဖခင္နဲမိခင္ဟာ Arkansas မွာရွိတဲ့ စ်ာပနာပြဲကိုလက္နက္ကိုင္အဖြဲ႕အစည္းမ်ား ယူနီေဖာင္းအျပည့္နဲ႔တက္ေရာက္ေပးၾကဖို႔ေတာင္းဆိုေနပါတယ္။ သူရဲ႕မိခင္ Shelby Nimmo ရဲ႕ ABC news မွာေျဖၾကားခ်က္အရ Oakley ေလးဟာသူရဲ႕ကစားခ်ိန္မ်ားကို စစ္အရုပ္ေတြ၊ အရုပ္ေသနတ္တုေတြနဲ႔ အျမဲကစားေလ့ရွိတယ္လို႔ဆိုပါတယ္။ သနားစရာကေလးငယ္ေလးက သူအရြယ္ေရာက္လာတဲ့အခါ စစ္သားတစ္ေယာက္ျဖစ္ခ်င္တယ္လို႔လညး္သိရပါတယ္။

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာတုန္းက ကေလးရဲ႕မိဘေတြက ကေလးရဲ႕ကင္ဆာေရာဂါဟာ ကေလးရဲ႕ေက်ာရိုး၊ ဒူးေခါင္း၊ တင္ပါးဆံုအရိုး၊ စသည့္ေနရာေတြမွာ လ်င္ျမန္စြာပဲ ကူးစက္ေနျပီျဖစ္ေၾကာင္း ဝမ္းနည္းစြာနဲ႔ Facebook ေပၚမွာ အသိေပးေျပာၾကားခဲ့ပါတယ္။ ဂ်ြန္လ ၁၅ ရက္ေန႔မွာေတာ့ ကေလးရဲ႕မိဘေတြ ေျပာၾကားခ်က္အရ သူ႕ရဲ႕အသည္းထိပါ ကင္ဆာကပ်ံ႕ႏွံ႔လာျပီျဖစ္ေၾကာင္း ဝမ္းနည္းစြာ ရင္ဖြင့္ခဲ့ပါတယ္။ ကေလးကို Arkansas မွာရွိတဲ့ နာတာရွည္ကေလးေဆးရံုမွာ ျပခဲ့တယ္လို႔လည္းသိရပါတယ္။ မိိဘေတြေၾကျငာခ်က္အရ ကေလးဟာ ၁၁၀ ရာခိုင္ႏွဳန္းရွိတဲ့ ကင္ဆာနဲ႔ အလူးအလဲခံစားခဲ့ရရွာျပီး ၾကာသပေတးေန႔ ေန႔လည္ပိုင္းမွာ ဆံုးပါးသြားခဲ့တယ္လို႔သိရပါတယ္။

Oakley ေလးမဆံုးပါးခင္ သူ႔ရဲ႕အိမ္မက္ျဖစ္တဲ့ ႏိုင္ငံေတာ္ကိုကာကြယ္ခ်င္တဲ့စိတ္ကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ကေလးရဲ႕မိဘေတြဟာ စစ္မွဳထမ္းေဆာင္ေနတဲ့ လူမ်ားအပါအဝင္ စစ္မွဳထမ္းေဟာင္းမ်ားကိုပါ သနားစရာကေလးေလးရဲ႕ စ်ာပနာပြဲကို ဖိတ္ၾကားခဲ့ပါတယ္။ Oakley ဟာအသက္ငါးႏွစ္သာခဲ့ေပမယ့္လည္း US ကိုကာကြယ္ခ်င္တဲ့စိတ္ေလးရွိခဲ့တာမို႔ သူ႔ရဲ႕မိဘေတြအေနနဲ႔ ဂုဏ္ယူလို႔မဆံုးခဲ့ရပါဘူး။ အခမ္းအနားပြဲကိုေတာ့ အဂၤါေန႔မနက္ ၁၀ နာရီ၊ Camden က Cullendale First Baptist Church ေက်ာင္းမွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ApannPyay ပရိတ္ၾကီးကေရာ ဒီကေလးေလးကို ဆုမြန္ေကာင္းေတာင္းေပးမွာလား။ လူအမ်ားရဲ႕ ဆုမြန္ေကာင္းရေအာင္ မ်ွေဝေပးၾကပါဦးေနာ္

San Htet Wai ( ApannPyay )

Source-ABC News

အသက်ငါးနှစ်သာရှိသေးတဲ့ကလေးရဲ့စျာပနာပွဲကို စစ်မှုထမ်းမှအဖွဲ့အစည်းများလာရောက်ပေးကြရန်ကလေးမိဘနှစ်ပါးတောင်းဆို

Oakley လို့အမည်ရှိတဲ့ ကလေးငယ်လေးဟာ ကင်ဆာရောကိုလေးနှစ်နီးပါးခံစားခဲ့ရပြီး ယခုမှာတော့ ဆုံးပါးခဲ့ရရှာပါပြီ။ ဒါကြောင့် သူရဲ့ဖခင်နဲမိခင်ဟာ Arkansas မှာရှိတဲ့ စျာပနာပွဲကိုလက်နက်ကိုင်အဖွဲ့အစည်းများ ယူနီဖောင်းအပြည့်နဲ့တက်ရောက်ပေးကြဖို့တောင်းဆိုနေပါတယ်။ သူရဲ့မိခင် Shelby Nimmo ရဲ့ ABC news မှာဖြေကြားချက်အရ Oakley လေးဟာသူရဲ့ကစားချိန်များကို စစ်အရုပ်တွေ၊ အရုပ်သေနတ်တုတွေနဲ့ အမြဲကစားလေ့ရှိတယ်လို့ဆိုပါတယ်။ သနားစရာကလေးငယ်လေးက သူအရွယ်ရောက်လာတဲ့အခါ စစ်သားတစ်ယောက်ဖြစ်ချင်တယ်လို့လညး်သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတုန်းက ကလေးရဲ့မိဘတွေက ကလေးရဲ့ကင်ဆာရောဂါဟာ ကလေးရဲ့ကျောရိုး၊ ဒူးခေါင်း၊ တင်ပါးဆုံအရိုး၊ စသည့်နေရာတွေမှာ လျင်မြန်စွာပဲ ကူးစက်နေပြီဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ Facebook ပေါ်မှာ အသိပေးပြောကြားခဲ့ပါတယ်။ ဂျွန်လ ၁၅ ရက်နေ့မှာတော့ ကလေးရဲ့မိဘတွေ ပြောကြားချက်အရ သူ့ရဲ့အသည်းထိပါ ကင်ဆာကပျံ့နှံ့လာပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်ခဲ့ပါတယ်။ ကလေးကို Arkansas မှာရှိတဲ့ နာတာရှည်ကလေးဆေးရုံမှာ ပြခဲ့တယ်လို့လည်းသိရပါတယ်။ မိိဘတွေကြေငြာချက်အရ ကလေးဟာ ၁၁၀ ရာခိုင်နှုန်းရှိတဲ့ ကင်ဆာနဲ့ အလူးအလဲခံစားခဲ့ရရှာပြီး ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ဆုံးပါးသွားခဲ့တယ်လို့သိရပါတယ်။

Oakley လေးမဆုံးပါးခင် သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ငံတော်ကိုကာကွယ်ချင်တဲ့စိတ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကလေးရဲ့မိဘတွေဟာ စစ်မှုထမ်းဆောင်နေတဲ့ လူများအပါအဝင် စစ်မှုထမ်းဟောင်းများကိုပါ သနားစရာကလေးလေးရဲ့ စျာပနာပွဲကို ဖိတ်ကြားခဲ့ပါတယ်။ Oakley ဟာအသက်ငါးနှစ်သာခဲ့ပေမယ့်လည်း US ကိုကာကွယ်ချင်တဲ့စိတ်လေးရှိခဲ့တာမို့ သူ့ရဲ့မိဘတွေအနေနဲ့ ဂုဏ်ယူလို့မဆုံးခဲ့ရပါဘူး။ အခမ်းအနားပွဲကိုတော့ အင်္ဂါနေ့မနက် ၁၀ နာရီ၊ Camden က Cullendale First Baptist Church ကျောင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ApannPyay ပရိတ်ကြီးကရော ဒီကလေးလေးကို ဆုမွန်ကောင်းတောင်းပေးမှာလား။ လူအများရဲ့ ဆုမွန်ကောင်းရအောင် မျှဝေပေးကြပါဦးနော်

San Htet Wai ( ApannPyay )

Source-ABC News