လေယာဉ်ပေါ်ကအိမ်သာတံခါးနဲ့အရေးပေါ်ထွက်ပေါက်မှားဖွင့်မိလို့ လေယာဉ်တစ်ခုလုံးဒုက္ခရောက်ခဲ့ရတဲ့ဖြစ်ရပ်

337

လေယာဉ်ပေါ်ကအိမ်သာတံခါးနဲ့အရေးပေါ်ထွက်ပေါက်မှားဖွင့်မိလို့ လေယာဉ်တစ်ခုလုံးဒုက္ခရောက်ခဲ့ရတဲ့ဖြစ်ရပ်

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကနေထွက်ခွာမယ့်လေယာဉ်တစ်စင်းဟာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့လို့ ခရီးသည်တွေထွက်ခွာတဲ့အချိန် ၈နာရီခန့်နောက်ကျခဲ့ရပြီး စိတ်ကသိကအောင့်ဖြစ်စရာအခြေအနေတွေဖြစ်ခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်းဟာ ည ၉နာရီ ၂၀မှာ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် လေယာဉ်ပြေးလမ်းကြောင့်ပေါ်မှာထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာ ခရီးသည်အမျိုးသမီးတစ်ယောက်ဟာ ခါးပတ်ပတ်ဖို့ပြနေတဲ့သင်္ကေတကို လျှစ်လျူရှုပြီး သန့်စင်ခန်းသွားဖို့ပြင်ဆင်ခဲ့ပါတယ်။ ကံဆိုးချင်တော့ သူဖွင့်လိုက်မိတဲ့တံခါးဟာ လေယာဉ်အရေးပေါ်အခြေအနေဖြစ်ခဲ့ရင် ထွက်ဖို့ခရီးသည်တွေအတွက်ပြင်ဆင်ပေးထားတဲ့ အရေးပေါ်တံခါးဖြစ်နေခဲ့တာပါ။

အရေးပေါ်တံခါးပွင့်သွားတာနဲ့ထပ်တူ ခရီးသည်တွေအတွက်ပြင်ဆင်ပေးထားတဲ့ အရေးပေါ်လှေကားပါ တစ်ဆက်တည်းပွင့်သွားတာကြောင့် ခရီးစဉ်ဆက်ဖို့အခက်အခဲတွေဖြစ်သွားခဲ့ရပါတယ်။ လေကြောင်းလိုင်းရဲ့ပေါ်လစီအရ ခရီးဝန်ကိုလျော့ချပြီး ဆက်သွားရင်တော့အဆင်ပြေနိုင်တဲ့အတွက်ကြောင့် ခရီးသည်အချို့ကို ဆင်းနေပေးခဲ့ဖို့တောင်းဆိုခဲ့ရပြီး ခရီးသည် ၃၈ယောက်ဟာ ကူညီပြီး ခရီးစဉ်အနောက်ကျခံကာ ဆင်းပေးခဲ့ကြပါတယ်။

လကြောင်းလိုင်းဟာ ဆင်းနေခဲ့ပေးတဲ့ခရီးသည်တွေရဲ့ဟိုတယ်စရိတ်၊ ညစာနဲ့ လေယာဉ်လက်မှတ်တွေကိုစီစဉ်ပေးခဲ့ပြီး ခရီးသည်တစ်ယောက်ရဲ့အမှားကြောင့် ခရီးသည် တစ်ရာကျော်အဆင်မပြေဖြစ်သွားခဲ့ရတာကို နားလည်ပေးကြဖို့ တောင်းပန်ခဲ့ပါတယ်။

Yenin Phawah(Apannpyay)

Resource: