အသက် ၉၁နှစ်အရွယ်အဘိုးအိုကို ရထားလာနေတုန်းသံလမ်းပေါ်တွန်းချခဲ့တဲ့အမျိုးသား

308

အသက် ၉၁နှစ်အရွယ်အဘိုးအိုကို ရထားလာနေတုန်းသံလမ်းပေါ်တွန်းချခဲ့တဲ့အမျိုးသား

ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံရ

အသက် ၄၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Crossley ဆိုသူဟာ အသက် ၉၁နှစ်အရွယ်အဘိုးအိုတစ်ယောက်ကို သေစေလိုတဲ့ရည်ရွယ်ချက်တဲ့ ရထားလာနေတဲ့အချိန်ရထားသံလမ်းပေါ်ကို တွန်းချခဲ့ပါတယ်။ ကံကောင်းစွာပဲအဖိုးအိုဟာ အသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ အဘိုးအိုကိုတွန်းချလိုက်တာကိုမြင်လိုက်တဲ့သူတယောက်က သံလမ်းပေါ်ကို ခုန်ဆင်းပြီး ရထားမလာခင်မှာ အဘိုးအိုကိုကပ်သီလေးကယ်တင်လိုက်နိုင်ခဲ့တာပါ။ ဒါပေမယ့် ပြုတ်ကျတဲ့အရှိန်ကြောင့် အဘိုးအိုရဲ့ဆီးခုံရိုးကျိုးသွားခဲ့ပြီး ခေါင်းမှာ ၁၂ချက်ချုပ်ခဲ့ရတဲ့အထိ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားဟာ အဘိုးအိုကိုတင်မကပဲ အခြားသူတစ်ယောက်ကိုပါ အသက်အန္တရာယ်ပေးဖို့ကြိုးစားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ ကိုကိန်းမူးယစ်ဆေးကိုသုံးစွဲထားပြီး အိပ်စက်အနားယူထားခြင်းမရှိဘဲ ဆေးကြောင်နေတဲ့အခြေအနေမှာ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင့် ၀န်ခံခဲ့ပါတယ်။ မူးယစ်ဆေးရဲ့ လူတွေကို အသိတရားမဲ့စေတဲ့အစွမ်းကတော့ တကယ်ကြောက်စရာကောင်းတယ်ဆိုတာကို ဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။

Yenin Phawah ( ApannPyay)

Resource: