ချစ်သူနဲ့ ဘာကြောင့်လမ်းခွဲရတယ်ဆိုတာ သင်ဇာဝင့်ကျော် ပြောပြီ

527

ချစ်သူနဲ့ ဘာကြာင့်လမ်းခွဲပြတ်စဲသွားတာလဲ ဆိုတာကို ပြောပြတဲ့ သင်ဇာဝင့်ကျော်

ပုရိသယောက်ျားတွေ မက်မောရလောက်ပီး မိန်းကလေးတိုင်းလည်း အားကျရလောက်တဲ့ Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရုပ်ရှင်ကားတွေ ဗီဒီယိုတွေ MTV တွေမှာလည်း အောင်မြင်မှု ရယူထားတဲ့ မင်းသမီး သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်တာကြောင့် ပရိသတ်တွေက ဘာကြောင့် လမ်းခွဲလဲဆိုတာကို စိတ်ဝင်စားနေကြပြီး သူ့အချစ်ရေးကိုတော့ စပ်စုချင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသားချစ်သူနဲ့ ဘာကြောင့်လမ်းခွဲလိုက်တာလည်း ဆိုတာကို ဖြေရှင်းသွားခဲ့ပါတယ်။ ဒီကိစ္စကိုတော့ Apannpyay ချစ်ပရိသတ်ကြီးလည်း သိရအောင်တင်ဆက် ပေးလိုက်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အပေါ်မှာတော့ “တစ်ယောက်နဲ့တစ်ယောက် အဓိက အချိန်ပေးဖို့ပေါ့နော်။ သူ့ကို သင်ဇာ အချိန်ပေးရမယ်ဆိုရင် ဒီကနေ အလုပ်တွေနားပြီး ခရီးထွက်ထွက်ပြီးတွေ့ရတယ် အခုနောက်ဆုံး ဖူးခက်မှာ သွားတွေ့တယ်ဆိုရင် သင်ဇာပွဲနှစ်ပွဲ လွတ်သွားတယ်ပေါ့နော်။ ပွဲနှစ်ပွဲဆိုတာ သင်ဇာအတွက် ဆုံးရှုံးမှုအများကြီးပဲ။ မိဘကသိတဲ့ အခါကျတော့လည်း ကိုယ်ဘယ်လောက်ပဲ သဘောကျတဲ့သူပဲ ဖြစ်ဖြစ် သူတို့လည်း ကြာရင် အမြင်ကြည်မှာ မဟုတ်ဘူး”

 

“နောက်တစ်ခုရှိတာက သူတို့ နိုင်ငံခြားသားတွေက RS တစ်ခုကို ထားလိုက်ပြီဆိုရင် ဆုံးဖြတ်ချက် ချတာ အရမ်းမြန်တယ်။ သူသင်ဇာကို တောင်းဆိုထားတာပေါ့နော်။ သူ Resign တင်ထားတယ် နိုဝင်ဘာမှာ အလုပ်ထွက်မယ်ပေါ့။ နှစ်ကုန်ရင် သင်ဇာနဲ့အတူတူ ကမ္ဘာပတ်မယ်ပေါ့။ အဲ့လိုတောင်းဆိုထားတာပေါ့နော်။ ဒါပေမဲ့ ကမ္ဘာပတ်မယ်ဆိုရင် အချိန်က ၃လ ၄လ လောက်ပေးရမှာလေ ကိုယ့်အလုပ်တွေကို ထားခဲ့ပြီးတော့ သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ယူပြီးမှသွားတယ်ဆိုလည်း တစ်မျိုးပေါ့နော် မယူရသေးဘဲ သွားမယ်ဆိုတော့ အားလုံးက တစ်မျိုးတစ်မည်တွေ ထင်ကြမှာဆိုတော့ အဲ့တာလည်းပါတယ်ပေါ့နော်”

“တချို့အချိန်တွေမှာ အလုပ်ရှုပ်နေရင် ဗီဒီယို မခေါ်ဖြစ်ဘူး သူကပဲစခေါ်ရတယ် ဖုန်းဆိုလည်း သူကပဲ စခေါ်ရတယ် အဲ့လိုလေးတွေပေါ့နော်။ တစ်ခါတစ်လေ သူသိချင်တဲ့အရာတွေ နက်နက်နဲနဲမေးလာတဲ့အခါ ကိုယ်က အချိန်မရှိတဲ့ အခါကျတော့ မရှင်းပြနိုင်ဘူး အဲ့လိုလေးတွေကြောင့်ပေါ့နော် အသေးအဖွဲအသေးအဖွဲလေးတွေ စုစုပြီး နောက်ဆုံး ဒီလို ဆုံးဖြတ်ချက် ချဖို့အတွက်ဖြစ်သွားတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

ApannPyay