Myanmar Got Talent မှာ ဒိုင်တဦးလုပ်ရတဲ့ ခံစားချက်ကို ပြောလာတဲ့ ခိုင်သင်းကြည်

286

Myanmar Got Talent မှာ ဒိုင်တဦးလုပ်ရတဲ့ ခံစားချက်ကို ပြောလာတဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ခိုင်သင်းကြည် ကတော့သမီး ထိပ်ထားလေးရဲ့ မေမေဖြစ်ပြီး အခုထိနုပျိုလှပနေတုန်းပါ ဒီလိုလှပသလို သရုပ်ဆောင်တဲ့ အပိုင်းမှာလဲ ကျရာနေရာမှာပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။ မင်းသမီး ခိုင်သင်းကြည် ကတော့အခုလက်ရှိ Myanmar’s Got Talent ကဒိုင်တစ်ဦးအဖြစ်ပါဝင်လာတာဘဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ ဒိုင်တဦးအဖြစ်ပါဝင်လာရတဲ့ ခံစားချက်လေးနဲ့ ပတ်သက်ပြီး ပြောပြသွား ခဲ့ပါတယ်။

Myanmar’s Got Talent မှာ ဒိုင်အဖြစ်ပါဝင်ဖြစ်တာကဆိုတဲ့မေးခွန်းကိုတော့”

ဘယ်လိုခေါ်မလဲဆိုတော့ ဒိုင်တွေကတော့ လာလာတော့ပြောကျပါတယ် Got Talent ကျတော့မြန်မာပြည်မှာ တော်တော်လေးပေါက်တယ် လူသိတဲ့ အစီအစဉ်လေးဖြစ်နေတယ် မခိုင်လဲ ပါဝင်ဖြစ်လိုက်တဲ့ သဘောပါ ဘယ်လိုခေါ်ရမလဲ့မပျင်းအောင်ပေါ့။

ပြီးတော့ ပျော်နေတာပေါ့နော် မခိုင်ကဇာတ်ကားရိုက်ရင်လဲ ဟာသကားတွေရိုက်ရင် ပျော်နေတာဘဲ ဒရာမာတွေရိုက်ရင်တော့ မခိုင်တို့ပင်ပန်းတာပေါ့နော် ရိုက်နေရတယ်မနက်မိုးလင်းကနေ မိုးချုပ်ထိငိုနေရတဲ့ အခန်းတွေရှိတယ် အခုလဲဒီလိုဘဲ ဒိုင်လုပ်ရင်းနဲ့ စိတ်အပန်းဖြေမယ်ပေါ့ ပြီးတော့ပရိတ်သတ်ဖြစ်ဖြစ်သွားတာ ကြည့်နေရင်း အရမ်းမိုက်တယ်လေနော် ပြတာတွေရောဒိုင်တွေရော ပြီးတော့ အရင်တုန်းကတော့ကြည့်ဖူးတယ်ဆိုပေမဲ့ အစီစဉ်လာတဲ့အချိန်က ညဘက်တွေဆိုတော့ မခိုင်တို့အိမ်မှာမရှိတဲ့အချိန်နဲ့ တိုက်နေတာများတော့ မကြည့်ဖြစ်ဘူး အခုကျတော့ပရိတ်သတ်ဖြစ်သွားတယ်”

ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲဆိုတဲ့ အပေါ်မှာတော့ “ဟုတ်ကဲ့ အခုမေလ၂၇ ရက်နေ့ စိန်ဂေါ်လီမ ရုပ်ရှင်ကားရုံတင်ပါပြီ မခိုင်တို့ဒီကားလေးက ရိုတ်ထားတာမကြာသေးတော့ ဘာဘဲပြောပြော အသစ်ဆန်းလေးလဲ ဖြစ်တယ်။ တကယ် စိတ်အပန်းပြေစေချင်တယ်ဆိုရင် လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

မခိုင်တို့ဒီကားလေးက ပညာပေးကားတော့မဟုတ်ဘူး ဟာသကားလေးပေါ့။ ဟာသကားစစ်စစ်ဖြစ်လို့ မခိုင်တို့လုပ်ရတာလဲ အရမ်းပေါ့ပါးပါတယ် ရိုက်တဲ့အခါမှာလဲ မကြီးတို့တီတီတို့ နောက်မဂွမ်းလေးတို့ ကိုခင်လှိုင်တို့နဲ့က အရမ်းရီနေရတယ် အာ့ကြောင်ဒီကားလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်အပြင်မှာ မခိုင်လေးတို့နဲ့ ပရိတ်သတ်တွေနဲ့ တကယ်တွေ့နေရသလိုဘဲဖြစ်မှာပါ ပရိတ်သတ်တွေလဲ စိတ်ဝင်စားမယ်ထင်ပါတယ် လာပြီးအားပေးဖို့လဲ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ApannPyay ချစ်ပရိသတ်ကြီးရော Myanmar Got Talent အစီအစဉ်ကို အားပေးကြမယ်မလား။

ApannPyay