အောင်ရဲလင်းကို ကြိတ်ကြိုက်နေတယ်လို့ ဝန်ခံလိုက်တဲ့ ပတ်ထရစ်ရှာ

522

အောင်ရဲလင်းကို ကြိတ်ကြိုက်နေတယ်လို့ ဝန်ခံလိုက်တဲ့ ပတ်ထရစ်ရှာ

ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မော်ဒယ်မလေး ပတ်ထရစ်ရှာ(စူးရှနိုင်) ကိုတော့ သိကြမယ် ထင်ပါတယ်။ ကပြားရုပ်လေးနဲ့ ပုရိသတွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး ပတ်ထရစ်ရှာကတော့ သူကြိုက်ရတဲ့ အားကျရတဲ့ အနုပညာရှင်တွေအကြောင်း ပြောသွားပြီး မင်းသားအောင်ရဲလင်းကို Crush နေတဲ့အကြောင်းကိုပါ ရင်ဖွင့်သွားခဲ့ပါတယ်။

မင်းသမီး ပတ်ထရစ်ရှာ ကတော့ သူကြိုက်တဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး “ညီမက မြန်မာပြည်မှာဆိုရင် ကြိုက်တာနှစ်ယောက်ပဲရှိတယ်။ ရူးသွပ်တာပေါ့နော်။ ပထမဆုံး crush ဖြစ်မိတာ ကိုအောင်ရဲလင်း။ မင်းသမီးထဲမှာ မကစ်ပေါ့နော်။ ဝတ်မှုန်ရွှေရည်။ အဲဒီနှစ်ယောက်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကားလေးတွေကို ကြည့်ရတာ မပျင်းဘူး။ မင်းသားဆိုတာ သရုပ်ဆောင်ကောင်းနေရုံနဲ့လည်းမပြီးဘူး။

ကိုအောင်ရဲလင်းဆိုရင်ဖက်ရှင်တွေလည်းအမြဲထွင်တယ်။ သူ့ဖက်ရှင်ကိုသဘောကျတယ်။ မင်းသားတစ်ယောက်နဲ့ကိုက်ညီတဲ့ အင်္ဂါရပ်တွေသူ့မှာအများကြီးရှိတယ်။ သူများနိုင်ငံက မင်းသားတွေနဲ့လည်းယှဉ်လို့ရတယ်။ ထိုင်းတို့ဘာတို့ဆိုရင်လည်း မင်းသားတွေ Body အရမ်းမိုက်တယ်။ ကိုအောင်ရဲလင်းဆိုလည်း Body အရမ်းမိုက်တယ်။ ဝတ်တတ်စားတတ်။ အရပ်အမောင်းလည်း ကောင်းတယ်။ သူ့ကိုအဲဒါတွေကြောင့်သဘောကျတာ”

ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး “ပရိသတ်ဆိုတာကတော့ လူဆယ်ယောက်မှာ ကိုယ့်ကိုဆယ်ယောက်လုံးလည်း ကြိုက်ချင်မှကြိုက်မယ်။ သုံးယောက်ပဲလည်း ကြိုက်ချင်မှကြိုက်မယ်။ ကျန်တဲ့လူတွေ အပြစ်တင်တာကိုသွားပြီး ခံစားနေဖို့ထက်ခံယူတာက အပြစ်တင်တဲ့လူတွေကြိုက်လာအောင် ဘယ်လောက်ထပ်ကြိုးစားမလဲဆိုတာကို ပိုပြီး ခံယူပါတယ်။

ဒါကြောင့် ပရိသတ်တွေက ကြည့်မရဘူး။ ဘယ်လိုပဲပြောလည်း သူတို့တစ်နေ့ကြည့်ရလာအောင် လုပ်ပြတာတွေကိုလက်ခံလာအောင် လုပ်တာတွေ အရာထင်လာအောင် ဘယ်လိုပိုပြီးကြိုးစားမလဲပဲ တွေးပါတယ်” လို့ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာလေးနဲ့ အောင်ရဲလင်းဆိုရင်ရော သဘောတူကြလား။

ApannPyay