အလုပ်ရှင်ဆီက မြန်မာငွေကျပ်သိန်းပေါင်း တစ်သောင်းခန့်ခိုးယူခဲ့ပေမယ့် မြန်မာငွေ၃ထောင်ဝန်းကျင်သာလျော်ကြေးပြန်ပေးခဲ့ရတဲ့အမျိုးသမီး

433

အလုပ်ရှင်ဆီက မြန်မာငွေကျပ်သိန်းပေါင်း တစ်သောင်းခန့်ခိုးယူခဲ့ပေမယ့် မြန်မာငွေ၃ထောင်ဝန်းကျင်သာလျော်ကြေးပြန်ပေးခဲ့ရတဲ့အမျိုးသမီး

Tarmara Cartarလို့အမည်ရတဲ့ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့အမျိုးသမီးဟာ အလုပ်ရှင်ဆီကနေပြီး မြန်မာငွေကျပ်သိန်းပေါင်း တစ်သောင်းခန့်ရှိတဲ့ငွေတွေကို အလွဲသုံးစားလုပ်ကာ ခိုးယူခဲ့ပါတယ်။ သူဟာဈေးဝယ်ထွက်ရတာကိုစွဲလန်းနေတဲ့သူတစ်ယောက်ဖြစ်ပြီး ခိုးယူခဲ့တဲ့ငွေကြေးတွေကို ဈေးကြီးခရီးစဉ်တွေ ဒီဇိုင်းနာလက်ကိုင်အိတ်တွေကိုဝယ်ယူပြီးသုံးဖြုန်းခဲ့တာပါ။

သူဟာ ရှေ့နေလုပ်ငန်းလုပ်ကိုင်တဲ့ မစ္စတာ Gale ရဲ့အတွင်းရေးမူးအနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်သဘောအရသူ့အလုပ်ရှင်ရဲ့ဘဏ်စာရင်းနဲ့ငွေကြေးတွေကို စီမံခန့်ခွဲဖို့ခွင့်ပြုချက်ရရှိခဲ့တာပါ။ ဒါပေမယ့်သူဟာ အဲ့ဒီအခွင့်အရေးကိုမကောင်းတဲ့နေရာမှာအသုံးချခဲ့ပါတယ်။ အလုပ်ရှင်နဲ့သမီးဖြစ်သူဟာ ဘဏ်အပ်ငွေတွေလျော့နည်းနေလို့စုံစမ်းစစ်ဆေးတဲ့အခါမှာမှ အကွက်ကျကျနဲ့သူတို့တဲ့ငွေကြေးတွေကိုခိုးယူထားခဲ့ကြောင်းသိခဲ့ရတာပါ။

သူဟာငွေကြေးတွေကိုသူမရဲ့ကိုယ်ပိုင်အကောင့်ထဲမသွင်းခင် သူနဲ့နီးစပ်တဲ့လူသုံးယောက်ရဲ့ဘဏ်အကောင့်တွေထဲထည့်ပြီးမှ သူ့ရဲ့ဘဏ်အကောင့်ထဲလွှဲခဲ့တာပါ။

အသုံးဖြုန်းလွန်ပြီး ခိုးထားတဲ့ငွေကြေးတောင်မရှိတော့တဲ့သူမကိုတရားရုံးက လက်ရှိမှာ မြန်မာငွေသုံးထောင်သာပြန်ဆပ်စေခဲ့ပြီး ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ်။ လက်ရှိသူပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကိုလျော်ကြေးအနေနဲ့ အလုပ်ရှင်တွေကိုပြန်ပေးရမှာဖြစ်ပြီး ထောင်ကနေပြန်ထွက်လာတဲ့အခါ အလုပ်ရခဲ့ရင်(သို့မဟုတ်) ထီပေါက်ခဲ့ရင် တရားရုံးကထပ်မံဆင့်ခေါ်ဦးမှာဖြစ်တယ်လို့သိရပါတယ်။

Yenin Phawah( ApannPyay)

Resource:metro.co.uk