သားသမီးနဲ့ ခွေးလေးတွေကြောင်လေးတွေ အရက်စက်ဆုံးနှိပ်စက်တဲ့ လင်မယား

318

New Mexico မှာနေထိုင်တဲ့ Martha လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တရားရင်ဆိုင်မှုတစ်ခုကိုကြုံတွေ့နေရပါတယ်။ အကြောင်းကတော့ သူမဟာ သူ့မရဲ့ရင်သွေးကလေးတွေကို ရိုက်နှက်ဆုံးမရုံသာမက သူမရဲ့သားသမီးတွေကို သူမကိုယ်တိုင် ခွေးလေးတွေကြောင်လေးတွေ သတ်ဖြတ်နေတာကအစ ကြည့်နေရန် အတင်းအကြပ်ခိုင်းစေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ သူမနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Timothy Crouch တို့ကို New Mexico, Aztec မှာဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၄င်းလင်မယားနှစ်ယောက်ဟာ ယခုချိန်ထိ လူမှုကာကွယ်စောင့်ရှောက်မှုများကို မပြုလုပ်ဖူးတဲ့အပြင် Missouri, Alaska, Kansas နဲ့ Montana စသည့်မြို့များမှလည်း တိုင်ကြားစာများစွာ ရှိခဲ့ဖူးကြောင်း စာရွက်စာတမ်းများအရ သိရှိခဲ့ရပါတယ်။

သူမရဲ့သမီးထွက်ဆိုချက်အရ သူမဟာ သားသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေသာမက ခွေးကလေးကို ရေနွေးများနဲ့ပြုတ်သတ်ခဲ့ပြီး ကြောင်လေးများကို အဆိပ်ကျွေးစသည်ဖြင့် ပြုမူခဲ့ပါတယ်။ ထို့သို့ရက်စက်မှုများကိုလည်း သူမရဲ့သားသမီးများကို အတင်းအကြပ်လည်း ကြည့်စေခဲ့သည်။

ဒါကြောင့် သူမကို ကလေးဧ။်စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်မှုနှင့် တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုများဖြင့် တရားစွဲဆိုထားပြီး ခင်ပွန်းဖြစ်သူအနေနဲ့ အမျိုးသမီးရဲ့ လုပ်ရပ်များကို မဟန့်တားခဲ့သောကြောင့် ပူးပေါင်းပါဝင်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ApannPyay ပရိတ်သတ်ကြီး အနေနဲ့ ဒီမိခင်အပေါ်မြင်တဲ့ အမြင်လေးတွေပြောခဲ့ကြပါဦးနော်။

San Htet Wai ( ApannPyay )

Source-NBC News