မည်သူမဆိုတစ်နာရီစာဖတ်ရင်ငွေတစ်ထောင်ရမယ်ဆိုတဲ့အခွင့်အရေးကြီး

251

မည်သူမဆိုတစ်နာရီစာဖတ်ရင်ငွေတစ်ထောင်ရမယ်ဆိုတဲ့အစီအစဉ်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းမှာရှိတဲ့ Royal Job Agency ဟာ တစ်နာရီစာဖတ်ရင်ငွေတစ်ထောင်ပေးမယ့်အစီအစဉ်ကိုကြေငြာလိုက်တာပါ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီကနေ ၇နာရီအထိစာလာဖတ်တဲ့သူတိုင်းကို မြန်မာငွေတစ်ထောင်ကျပ်ပေးသွားမှာဖြစ်ပြီး ကော်ဖီနဲ့မုန့်တွေကိုလည်းအခမဲ့တိုက်ကျွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် စည်းကမ်းချက်ကလေးတွေလည်းထားရှိထားပြီး သတ်မှတ်ရွေးချယ်ပေးထားတဲ့စာအုပ်တွေကိုသာဖတ်ရှုရမှာပါ။ ပါဝင်ချင်သူတွေများတာကြောင့် စာရင်းလည်းကြိုတင်ပေးသွင်းထားမှ အဆင်ပြေမယ်လို့သိရပါတယ်။ ဖတ်ရှုဖို့ ရွေးချယ်ပေးထားတဲ့စာအုပ်တွေကတော့

1. 10 Day MBA ဖြင့်နိုင်ငံတကာစီးပွားရေးလုပ်ကိုင်ခြင်း နေဇင်လတ်

2. ထူးချွန်ကျွမ်းကျင် မီလျံနာစီးပွားရေးဦးဆောင်ရှင် ဇင်ဖြိုးပိုင်(MESI)

3. ထိတ်ထိတ်ကြဲမန်နေဂျာ ဖြစ်လိုသော် ၀င်းသိန်းဦး

4. မင်္ဂလာရှိသော မန်နေဂျာ ၀င်းသိန်းဦး

5. ကျွန်တော်ဆွဲလှပ်မိသော ကုမ္ပဏီ၏အမှားများ ရဲမြင့်စွန့်ဦးတီထွင်

6. ကုမ္ပဏီကိုကျောခိုင်းတာမဟုတ်ဘူး၊မန်နေဂျာကိုကျောခိုင်းတာ ရဲမြင့်စွန့်ဦးတီထွင်

7. ဘာကြောင့်ခုထိမချမ်းသာသေးတာလဲ ဖေမြင့်

8. ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့်ပုဂ္ဂိုလ် ဖေမြင့်

9. အပြောင်မြောက်ဆုံး ဘ၀တစ်ခုတည်ဆောက်ခြင်း ဖေမြင့်

10. စံပြအရောင်းသမား မောင်ပေါ်ထွန်း

11. ဇူကာဘတ်နှင့် Facebook ဂယက် ဗန်းမော်သိန်းဖေ

12. ဂျက်မားနှင့် အလီဘာဘာ ဗန်းမော်သိန်းဖေ

13. အောင်မြင်မှုပန်းတိုင်သို့ ခြေလှမ်း(၅၀) ဗန်းမော်သိန်းဖေ

14. မိတ္တဗလဋီကာ ဦးနု

15. လာခြင်းကောင်းသော လူကလေး ခင်နှင်းယု

16. ကိုယ်ကျင့်အဘိဓမ္မာ အရှင်ဇနကာဘိဝံသ

17. ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ မဟာပညာဗလပဌမကျော် ဦးကြီးဖေ

18. တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ရွှေဥဒေါင်း

19. တွေ့ရကြုံရ ကျွန်တော့ဘ၀ ပခုက္ကူဦးအုန်းဖေ

အစရှိတဲ့စာအုပ်တွေဖြစ်ပြီး လူတိုင်းစာဖတ်ဖို့၊ စာဖတ်ခြင်းကနေပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒီအစီအစဉ်ကိုစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စာအုပ်တွေကိုလည်းမထပ်အောင်စီစဉ်ပေးမှာဖြစ်ပြီး စာဖတ်ချိန်တစ်နာရီအတွင်းမှာတော့ ဖုန်းအသုံးမပြုရဘူးဆိုတဲ့စည်းကမ်းချက်ချမှတ်ထားကြောင်းသိရှိရပါတယ်။

Yenin Phawah( ApannPyay)

Source: