296
ApannPyay
ဂီတအကြောင်းတောင်မသိပဲ အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်နေတဲ့အကြောင်းပြောလာတဲ့ ဆောင်းဦးလှိုင်
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကြာ ကတ်ဆက်ခွေတွေ ခေတ်စားတဲ့အချိန်ကတည်းက ပရိသတ်တွေ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ တေးရေးတေးဆို ဆောင်းဦးလှိုင်ကိုတော့ ပရိသတ်တွေ ရင်းရင်းနှီးနှီးကို သိထားကြမှာ အမှန်ပါပဲ။ ဂီတနဲ့ ပတ်သက်ရင် အလေးထားပြီး သေချာစေ့စေ့စပ်စပ်ကိုသိတဲ့ ဆောင်းဦးလှိုင်တယောက်ကတော့ သူရေးတဲ့သီချင်း သူဆိုတဲ့သီချင်းတွေကတော့ လက်ရှိချိန်ထိ အောင်မြင်နေဆဲပါပဲ။
ဝါရင့်တဲ့အဆိုတော် တယောက်ဖြစ်ပြီး ဂီတနဲ့ ပတ်သက်ရင် ခံယူချက်ပြင်းထန်တဲ့ ဆောင်းဦးလှိုင်ကတော့ ဒီဖက်ခေတ်မှာဖြစ်ပျက်နေတဲ့ ဂီတလောကနဲ့ ပတ်သက်ပြီး ဒဲ့ပြောလိုက်တာ ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ကတေ့ာ အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်နေတဲ့သူတွေကိုလည်း ဒဲ့ပြောသွားတာ ဖြစ်ပါတယ်။
ဆောင်းဦးလှိုင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ “နိမ့်ကျပြိုဆင်းနေတာ ဂီတလောကတစ်ခုတည်းမဟုတ်ဖူးဗျ။ ရပ်ဝန်းအသီးသီးမှာပါဘဲ။ နိုင်ငံရေး၊ အုပ်ချုပ်ရေးတစ်ခုတည်း အဂတိတရားတွေ လွှမ်းမိုးနေတာမဟုတ်ပါဖူးဗျာ။ အဂတိတွေဟာ နေရာပေါင်းစုံမှာ အမြစ်တွယ်နေတာပါ။ ဂီတလောကမှာ အဂတိတွေဖုံးလွှမ်းနေတာ ကျင့်ဝတ်နဲ့မညီတာဟာ ကြောက်စရာကောင်း လောက်အောင်ပါဘဲ။
အခြေခံဂီတပညာ ( Basic Music Theory) တောင်မသိဘဲ ဒိုင်လူကြီးလုပ်နေကြတာ။ ကြာလှပြီဘဲဗျာ ဒါတွေကိုလက်ခံနေကြတဲ့ ခေါင်းရှောင်နေကြတဲ့ အသိုက်အဝန်းထဲက အဆီအနှစ်တွေ ထွက်လာဖို့ မျှော်လင့်နေကြရင် အချိန်ကုန်လူပန်းမှာပေါ့။ မှန်မှန်ကန်ကန်မလုပ်ကြဘဲနဲ့ ကောင်းကောင်းကန်းကန်း ဖြစ်လာစရာအကြောင်းသိပ်မရှိပါဖူးခင်ဗျာ မျိုးဆက်သစ်တွေ အခက်ကြုံနေရတဲ့ အဓိကတရားခံဟာ အမှန်တရားမထွန်းကားတာကြောင့်ပါ။ ဝိုင်းကူကြဖို့ တည့်မတ်ပေးဖို့အားလုံးမှာတာဝန်ရှိပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း ဆောင်းဦးလှိုင်ပြောသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ချက်ပေးချင်ကြလည်း ပြောသွားဦးနော်။
ApannPyay