ကျောက်​ကပ်​နှစ်​လုံးကို လိုအပ်​​နေတဲ့လူနာ​တွေဆီ လှူဒါန်းလိုက်​တဲ့ ညီအစ်​မ သို့ပေမယ့် ဖခင်ကိုတော့
316
ဖခင်​​သေဆုံးသွားပြီးတဲ့​နောက်​မှာ​တော့ ညီအစ်​မနှစ်​ဦးမှာ ဖခင်​အတွက်​ရည်​စူးပြီး သူတို့ဖခင်ကိုဆုံးရှူံး​​ကြုံ​တွေ့ခံစားခဲ့ရသလို တခြားမိသားစု​တွေမှာလဲ ဒီလိုဆုံးရှုံးမှုမျိုး မဖြစ်​ရ​စေဖို့ ​ကျောက်​ကပ်​ လိုအပ်​တဲ့လူနာနှစ်​ဦးအတွက်​ ​ကျောက်​ကပ်​​တွေခွဲထုတ်​လှူဒါန်း​ပေးခဲ့ပြီး ဖခင်​အတွက်​အမှတ်​တရရည်​စူးဂုဏ်​ပြု​ပေးခဲ့ကြတာပါပဲ။
EFIL
ဖခင်​အတွက်​ လှူဒါန်​းခွင်​့မရလိုက်​တဲ့ ​ကျောက်​ကပ်​နှစ်​လုံးကို လိုအပ်​​နေတဲ့လူနာ​တွေဆီ လှူဒါန်​းလိုက်​တဲ့ ညီအစ်​မ
အီလီနွိုက်​ပြည်​နယ်​က ညီအစ်​မနှစ်​ဦးဟာ ​ကျောက်​ကပ်​အစားထိုး​ကုသဖို့လိုအပ်​​နေတဲ့ ဖခင်​အတွက်​ ​ကျောက်​ကပ်​လှူဒါန်​း​ပေးဖို့ ရည်​ရွယ်​ထားခဲ့ကြပါတယ်​။ ဖခင်ဟာ ​​အစ​ာ​ခြေလမ်​း​ကြောင်​းတွင်​းမှာ ပိုးဝင်​သွားခဲ့တဲ့ Crohn’s ​ရောဂါကိုခံစား​နေခဲ့ရတာပါ။
သမီးငယ် ​Bethany က ဖခင်​အတွက် ​ကျောက်​ကပ်​ ခွဲထုတ်​​ပေးဖို့အဆင်​သင်​့ဖြစ်​နှင်​့​နေခဲ့ပြီးဖြစ်​​ပေမယ်​့ ဖခင်​ရဲ့ကျန်​းမာ​ရေးအ​ခြေအ​နေဆိုးရွားမှု​ကြောင့်သာပဲ ​​အစားထိုးခွဲစိတ်​ဖို့ လုံးဝမဖြစ်​နိုင်​တဲ့အ​ခြေအ​နေမို့ ဆရာဝန်​​တွေက ခွင်​့မပြု​ပေးခဲ့ပါဘူး။
ဖခင်​​သေဆုံးသွားပြီးတဲ့​နောက်​မှာ​တော့ ညီအစ်​မနှစ်​ဦးမှာ ဖခင်​အတွက်​ရည်​စူးပြီး သူတို့ဖခင်ကိုဆုံးရှံူး​​ကြုံ​တွေ့ခံစားခဲ့ရသလို တခြားမိသားစု​တွေမှာလဲ ဒီလိုဆုံးရှုံးမှုမျိုး မဖြစ်​ရ​စေဖို့ ​ကျောက်​ကပ်​ လိုအပ်​တဲ့လူနာနှစ်​ဦးအတွက်​ ​ကျောက်​ကပ်​​တွေခွဲထုတ်​လှူဒါန်​း​ပေးခဲ့ပြီး ဖခင်​အတွက်​အမှတ်​တရရည်​စူးဂုဏ်​ပြု​ပေးခဲ့ကြတာပါပဲ။
သမီးကြီး ဟန်​နာက ” အ​ဖေက အမြဲတမ်​းတစ်​ဖက်​သားကိုကူညီ​ပေး​နေတတ်​သူပါ။ သူလုပ်​​ပေးနိုင်​သမျှလုပ်​​ပေးခဲ့တာချည်​းပါပဲ​။ ဒီလိုအချိန်​မှာ​တော့ ကွ​ျန်​မ​နေရာမှာ အ​ဖေသာဖြစ်​ ခဲ့ရင်​လဲဒီလိုပဲ​တွေးမှာပါ။ သူ့အတွက် ​ကြီးမြတ်​တဲ့ဂုဏ်​ပြုမှုတစ်​ခု လုပ်​​ပေးနိုင်​ခဲ့ပါပြီ​​လေ။ သူ့သမီး​တွေအတွပ်​ အ​ဖေ ဂုဏ်​ယူ​နေပါလိမ်​့မယ်​ ” လို့ ဆိုခဲ့ပါတယ်​။
သမီးငယ်​ Bethany ကလဲ ကျန်​းမာ​ရေးအရကြံ့ခိုင်​သန်​စွမ်​းပြီး ခွန်​အားပြည်​့ဝတဲ့လူငယ်​​တွေဟာ ကိုယ်​တွင်​းအင်္ဂါ​ အစိတ်​အပိုင်​း​တွေကို လိုအပ်​​နေတဲ့လူနာနဲ့မိသားစုဝင်​အ​တွက်​ လှူဒါန်​း​ပေးဖို့အတွက်​လဲ အား​ပေးတိုက်​တွန်​းသွားခဲ့ပါတယ်​။
ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။
EFIL