သုံးနှစ်အရွယ်သားလေးအတွက် အသက်ပေးသွားရတဲ့ ဖခင်တစ်ယောက်ရဲ့ဖြစ်ရပ်

273

မိဘမေတ္တာဆိုတာနှိုင်းဆမရနိုင်အောက်ကြီးမားပါတယ်။ ကမ္ဘာပေါ်မှာ မိဘတွေရဲ့အနှိုင်းမဲ့မေတ္တာကိုဖော်ပြပေးနေတဲ့ ဖြစ်ရပ်တွေအများရှိတဲ့အထဲမှာ အခုဖြစ်ရပ်ကတော့ ၀မ်းနည်းစရာကောင်းတဲ့ ဖခင်ရဲ့သားလေးအပေါ်မှာထားတဲ့မေတ္တာကိုတွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာမြို့မှာနေထိုင်တဲ့သူတစ်ယောက်ဟာ ရေနစ်နေတဲ့သားငယ်ကိုကယ်ရင်းနဲ့အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ဖခင်ရဲ့နာမည်ဟာ Christopher Schultz ဖြစ်ပြီး အသက် ၃၁နှစ်ရှိပါတယ်။ သူဟာသူ့ရဲ့သားကလေးနဲ့မြစ်ကမ်းဘေးမှာရှိတဲ့ စားသောက်ဆိုင်မှာ ညနေစာစားဖို့ထွက်လာခဲ့တာပါ။

ဒါပေမယ့် ကံမကောင်းစွာပဲ အသက်၃နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်ဟာ တံတားပေါ်ကနေရေထဲကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ ကလေးငယ်ရေထဲပြုတ်ကျသွားနဲ့ဖခင်ဖြစ်သူဟာ တွေဝေခြင်းမရှိပဲ ရေထဲကိုခုန်ဆင်းပြီး သားဖြစ်သူအသက်ကိုကယ်ဆယ်ခဲ့တာပါ။

ဒါပေမယ့် ဘယ်သူမှမသိလိုက်တာက ဖခင်ဖြစ်သူဟာရေမကူးတတ်ပါဘူး။ သားဇောနဲ့ရေထဲကိုခုန်ဆင်းပြီး ရေမကူးတတ်တဲ့အဖေဟာ အနီးနားမှာရှိတဲ့သူတွေကယ်ဆယ်လို့ရတဲ့အထိ သားဖြစ်သူကို ကမ်းစပ်လူများတဲ့နေရာအနီးရောက်အောင်ပို့ပေးနိုင်ခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ ရေထဲနစ်မြုပ်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

အာဏာပိုင်တွေဟာ သတင်းရရခြင်းဖခင်ဖြစ်သူကိုလူအင်အားနဲ့ လိုက်ရှာခဲ့ကြပါသေးတယ်။ အခင်းဖြစ်ပြီး မိနစ်လေးဆယ်အကြာမှာ ငါးဖမ်းသမားတစ်ယောက်ကဖခင်ဖြစ်သူရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးသေဆုံးနေနှင့်ပါပြီ။ ပိုပြီးစိတ်မကောင်းဖြစ်စရာကတော့ ဒီအဖြစ်အပျက်ဟာ အဖေများနေ့မတိုင်ခင် နာရီပိုင်းအလိုမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

Yenin Phawah ( ApannPyay)

Resource:People