စင်ကာပူနိုင်ငံသားတိုင်း ခံစားနေကြရတဲ့ နားဒုက္ခများ

300






Resource: cna

အသက်လေးဆယ်ဝန်းကျင်မှာကတည်းက နားလေးနိုင်ချေရှိနေတဲ့စင်ကာပူနိုင်ငံသားများ

အကြားအာရုံချို့ယွင်းမှုဆိုတာ များသောအားဖြင့် အသက်အရွယ်အင်မတန်ကြီးရင့်လာတဲ့အချိန်တွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ကျန်းမာရေးပြသနာတစ်ခုပါ။ လူတွေဟာ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတော်တော်များများကိုအနားပေးတဲ့အထဲမှာ အကြားအာရုံဟာလည်းတစိတ်တပိုင်း အနားရလေ့ရှိပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေအတွက်တော့ အကြားအာရုံဟာ ထင်ထားသလောက်အနားမရကြပါဘူး။

စင်ကာပူနိုင်ငံဟာ နိုင်ငံရဲ့မြေနေရာအကျယ်အဝန်းကျဉ်းတာနဲ့အမျှလူနေထူထပ်ပြီး လူတွေသွားလာလှုပ်ရှားတဲ့အသံ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အသံသာမက လမ်းပန်းဆက်သွယ်ရေးပြုလုပ်တဲ့ မြေအောက်ရထားသံ၊ ကားဟွန်းတီးသံတွေနဲ့ အသံညစ်ညမ်းမှုများပြားတဲ့မြို့တစ်မြို့(နိုင်ငံတစ်နိုင်ငံ) ဖြစ်ပါတယ်။

စူးစမ်းလေ့လာသူတွေရဲ့အဆိုအရ သာမာန်လူတွေအပြင်ထွက်ရင်ကြားရတဲ့အသံရဲ့တုန်ခါမှုနှုန်းဟာ ၆၇ decibel ရှိပါတယ်။ သာမာန်လူတစ်ယောက်ရဲ့ အကြားအာရုံကခံနိုင်တဲ့တုန်ခါမှုနှုန်းကတော့ ၇၀ decibel ပါ။ စင်ကာပူနိုင်ငံရဲ့သာမာန်လူထူထပ်တဲ့နေရာမှာကြားရတဲ့အသံတုန်ခါမှုနှုန်းက ၇၃decibel ရှိနေပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းအသံ၊ ရထားသံနဲ့ကားသံတွေကိုပေါင်းလိုက်ရင် စင်ကာပူနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ နားဒုက္ခဟာ အင်မတန်ကြီးပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကြုံတွေ့နေရတဲ့ အကြားအာရုံပြသနာထက်ပိုဆိုးစေမှာကတော့ နားကြပ်နဲ့သီချင်းနားထောင်တာတွေဖြစ်ပြီး ၁၂၀ decibelအထိရှိနိုင်တဲ့အတွက်ပိုပြီး အကြားအာရုံကိုထိခိုက်စေနိုင်တာပါ။

Yenin Phawah ( ApannPyay)

Resource: cna