စစ္မွန္တဲ့ ေစတနာနဲ႔လုပ္ရပ္ေၾကာင့္ အက်ိဳးထူးသြားတဲ့ အိမ္ေျခမဲ့လူတစ္ဦး

298

မဂၤလာပါ ApannPyay ပရိတ္သတ္ၾကီးေရ။ က်ြန္မတုိ႔ဟာ ဆိုရွယ္မီဒီယာေတြေပၚမွာ အျပင္မွာ သူစိမ္းလူတစ္ေယာက္က အိမ္ေျခမဲ့သူေတြကို စားစရာေပး စသည့္ျဖင့္ကူညီေလ့ရွိၾကတာကို ရင္းႏွီးက်ြမ္းဝင္ျပီးသားျဖစ္ပါတယ္။ ဒီလုပ္ရပ္ေတြဟာ အင္မတန္ကိုမွမြန္ျမတ္လြန္းလွပါတယ္ေနာ္။ ပရိတ္သတ္ၾကီးသိျပီးျပီလား။ လြန္ခဲ့တဲ့ရက္အနည္းငယ္က အိမ္ေျခမဲ့လူတစ္ဦးရဲ႕လုပ္ရပ္ဟာ အင္တာနက္သံုးသူအသိုင္းအဝိုင္းထဲမွာ ေခတ္ထပ်ံ႕ႏွံ႔ခဲ့တယ္ဆိုတာပါပဲ။ ဒီအမ်ိဳးသားဟာ ထိုင္းႏိုင္ငံကျဖစ္ျပီး အမည္မွာ မီ့ေလြာ္ဒမ္ လို႔သိရပါတယ္။

ဒီအမ်ိဳးသားဟာဆိုရင္ ႏွစ္ေတာ္ေတာ္မ်ားမ်ား အိမ္ေျခမဲ့ျဖစ္ျပီး သူတည္းခိုေလ့ရွိတဲ့ေနရာကေတာ့ ရထားလမ္းေတြ လမ္းမေတြမွာအိပ္စက္အနားယူရသူတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ဘဝဟာ ဆင္းရဲၾကမ္းတမ္းေပမယ့္လည္း အလြယ္လမ္းကို မလိုက္ခဲ့ပါဘူးေနာ္။ သူ႔မွာ သံပုရာသီးေရာင္ျပီး ရိုသားစြာရွာေဖြပါတယ္။ ရွာေဖြလို႔ရသမ်ွပိုက္ဆံေလးေတြကို အျမဲတေစ လမ္းေဘးေလလြင့္ေနရွာတဲ့ သနားစရာေၾကာင္ေလးေတြအစာအျမဲေက်ြးေလ့ရွိသူပါ။ ပိုက္ဆံရတိုင္းမွာ သူကိုယ္တိုင္အတြက္ ပထမဆံုးစဥ္းစားေလ့မရွိဘဲ သနားစရာေၾကာင္ေလးေတြအတြက္ အစာဝယ္ေလ့ရွိတယ္လို႔လည္းသိရပါတယ္။

ကံေကာင္းစြာနဲ႔ဘဲ လူတစ္ဦးဟာ သူ႔ရဲ႕ၾကင္နာတဲ့အျပဳအမူမ်ားကို လ်စ္လ်ဴမရွဴ႕ႏုိင္ဘဲ အမ်ိဳးသားရဲ႕ သံပုရာသီးမ်ားအားလံုးကို ဝယ္ယူကာ ဓါတ္ပံုရိုက္ျပီး လူအမ်ားလည္း စာနာစိတ္ရွိတတ္လာေအာင္ ဗဟုသုတအေနနဲ႔ အြန္လိုင္းေပၚမွာ ျဖန္႔ေဝေပးခဲ့ပါတယ္။

ပိုျပီးကံေကာင္းတာကေတာ့ အမ်ိဳးသမီးငယ္ေလးတစ္ဦးဟာ ေလြာ္ဆီမွ သံပုရာအခ်ိဳ႕ကိုဝယ္ယူခဲ့ျပီး အမ်ားကိုလည္းေလြာ္႔ဆီက ဒီလိုဝယ္ယူေပးၾကပါရန္ တိုက္တြန္းခဲ့ပါတယ္။ မၾကာမီမွာပဲ ေလြာ္ကို မုန္႔အခ်ိဳ႕ေထာက္ပံ့သူမ်ား မ်ားျပားလာခဲ့ျပီး ေလြာ္ရဲ႕ အလွဴအတန္းကို ပါရမီျဖည့္ေပးမယ့္သူေတြလည္း ေပၚေပါက္လာခဲ့ၾကတယ္လို႔ သိၾကားရပါတယ္။

ဒါေတြသာမကပဲ လူတစ္ဦးမွလည္း ေလြာ႔္ကိုအဝတ္အစားတစ္ခ်ိဳ႕ေပးခဲ့ျပီး ဆံပင္ညွပ္ဆိုင္မွာလည္း ဆံပင္ညွပ္ဖို႔ ကူညီေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ApannPyay ခ်စ္ပရိတ္သတ္ၾကီးေရ သူ႔ရဲ႕ ေနထုိင္မွဳဘဝေလးဟာဆိုအတုယူစရာေလးပါပဲေနာ္။ သူဟာ ကိုယ္ခႏၶာသန္စြမ္းေနသမ်ွလုပ္ႏိုင္သေလာက္ လုပ္ေနရွာတာဟာ ဂုဏ္ယူစရာပါပဲေနာ္။

ေလြာ့္ကို ပထမဆံုးအြန္လိုင္းေပၚျဖန္႔ေဝေပးခဲ့သူ Warunya ဟာဆိုရင္ ေလြာ့္ကို မွတ္ခ်က္အေနနဲ႔ ” သူ႔ပံုဟာၾကည့္မလွပါဘူး ေနာက္သူဟာအိမ္ေျခမဲ့တစ္ေယာက္ပါ ဒါေပမယ့္ သူခိုးမစားေတာင္းမစားရံုသာမက သူ႔မွာ သိပ္တန္ဖိုးရွိတဲ့ႏွလံုးသားတစ္စံုရွိတယ္လို႔ ” လို႔ေရးသားေျပာဆိုခဲ့ပါတယ္။ ကဲ ApannPyay ပရိတ္သတ္ၾကီးလည္း ဒီလိုစိတ္မ်ိဳးေလးေတြရွိမယ္လုိ႔ယံုၾကည္ပါတယ္ေနာ္။ လမ္းမွာဒီလိုလူမ်ိဳးေလးေတြေတြ႔ရင္ ကူညီၾကမယ္မဟုတ္လား။ ေမတၲာေရာင္ျပန္ဟပ္တယ္ဆိုတာ အရမ္းမွန္တာပါေနာ္။

San Htet Wai ( ApannPyay )

Source-Elite Readers

မင်္ဂလာပါ ApannPyay ပရိတ်သတ်ကြီးရေ။ ကျွန်မတို့ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြင်မှာ သူစိမ်းလူတစ်ယောက်က အိမ်ခြေမဲ့သူတွေကို စားစရာပေး စသည့်ဖြင့်ကူညီလေ့ရှိကြတာကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အင်မတန်ကိုမှမွန်မြတ်လွန်းလှပါတယ်နော်။ ပရိတ်သတ်ကြီးသိပြီးပြီလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်ခြေမဲ့လူတစ်ဦးရဲ့လုပ်ရပ်ဟာ အင်တာနက်သုံးသူအသိုင်းအဝိုင်းထဲမှာ ခေတ်ထပျံ့နှံ့ခဲ့တယ်ဆိုတာပါပဲ။ ဒီအမျိုးသားဟာ ထိုင်းနိုင်ငံကဖြစ်ပြီး အမည်မှာ မီ့လွော်ဒမ် လို့သိရပါတယ်။

ဒီအမျိုးသားဟာဆိုရင် နှစ်တော်တော်များများ အိမ်ခြေမဲ့ဖြစ်ပြီး သူတည်းခိုလေ့ရှိတဲ့နေရာကတော့ ရထားလမ်းတွေ လမ်းမတွေမှာအိပ်စက်အနားယူရသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဘဝဟာ ဆင်းရဲကြမ်းတမ်းပေမယ့်လည်း အလွယ်လမ်းကို မလိုက်ခဲ့ပါဘူးနော်။ သူ့မှာ သံပုရာသီးရောင်ပြီး ရိုသားစွာရှာဖွေပါတယ်။ ရှာဖွေလို့ရသမျှပိုက်ဆံလေးတွေကို အမြဲတစေ လမ်းဘေးလေလွင့်နေရှာတဲ့ သနားစရာကြောင်လေးတွေအစာအမြဲကျွေးလေ့ရှိသူပါ။ ပိုက်ဆံရတိုင်းမှာ သူကိုယ်တိုင်အတွက် ပထမဆုံးစဉ်းစားလေ့မရှိဘဲ သနားစရာကြောင်လေးတွေအတွက် အစာဝယ်လေ့ရှိတယ်လို့လည်းသိရပါတယ်။

ကံကောင်းစွာနဲ့ဘဲ လူတစ်ဦးဟာ သူ့ရဲ့ကြင်နာတဲ့အပြုအမူများကို လျစ်လျူမရှူ့နိုင်ဘဲ အမျိုးသားရဲ့ သံပုရာသီးများအားလုံးကို ဝယ်ယူကာ ဓါတ်ပုံရိုက်ပြီး လူအများလည်း စာနာစိတ်ရှိတတ်လာအောင် ဗဟုသုတအနေနဲ့ အွန်လိုင်းပေါ်မှာ ဖြန့်ဝေပေးခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အမျိုးသမီးငယ်လေးတစ်ဦးဟာ လွော်ဆီမှ သံပုရာအချို့ကိုဝယ်ယူခဲ့ပြီး အများကိုလည်းလွော့်ဆီက ဒီလိုဝယ်ယူပေးကြပါရန် တိုက်တွန်းခဲ့ပါတယ်။ မကြာမီမှာပဲ လွော်ကို မုန့်အချို့ထောက်ပံ့သူများ များပြားလာခဲ့ပြီး လွော်ရဲ့ အလှူအတန်းကို ပါရမီဖြည့်ပေးမယ့်သူတွေလည်း ပေါ်ပေါက်လာခဲ့ကြတယ်လို့ သိကြားရပါတယ်။

ဒါတွေသာမကပဲ လူတစ်ဦးမှလည်း လွော့်ကိုအဝတ်အစားတစ်ချို့ပေးခဲ့ပြီး ဆံပင်ညှပ်ဆိုင်မှာလည်း ဆံပင်ညှပ်ဖို့ ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ ApannPyay ချစ်ပရိတ်သတ်ကြီးရေ သူ့ရဲ့ နေထိုင်မှုဘဝလေးဟာဆိုအတုယူစရာလေးပါပဲနော်။ သူဟာ ကိုယ်ခန္ဓာသန်စွမ်းနေသမျှလုပ်နိုင်သလောက် လုပ်နေရှာတာဟာ ဂုဏ်ယူစရာပါပဲနော်။ လွော့်ကို ပထမဆုံးအွန်လိုင်းပေါ်ဖြန့်ဝေပေးခဲ့သူ Warunya ဟာဆိုရင် လွော့်ကို မှတ်ချက်အနေနဲ့ ” သူ့ပုံဟာကြည့်မလှပါဘူး နောက်သူဟာအိမ်ခြေမဲ့တစ်ယောက်ပါ ဒါပေမယ့် သူခိုးမစားတောင်းမစားရုံသာမက သူ့မှာ သိပ်တန်ဖိုးရှိတဲ့နှလုံးသားတစ်စုံရှိတယ်လို့ ” လို့ရေးသားပြောဆိုခဲ့ပါတယ်။ ကဲ ApannPyay ပရိတ်သတ်ကြီးလည်း ဒီလိုစိတ်မျိုးလေးတွေရှိမယ်လို့ယုံကြည်ပါတယ်နော်။ လမ်းမှာဒီလိုလူမျိုးလေးတွေတွေ့ရင် ကူညီကြမယ်မဟုတ်လား။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာ အရမ်းမှန်တာပါနော်။

San Htet Wai ( ApannPyay )

Source-Elite Readers