မေးရိုးခွဲစိတ်ပြီးနောက် သူ့ရဲ့မျက်နှာကို ပထမဆုံးချပြလိုက်တဲ့ နေမင်း

344

မေးရိုးခွဲစိတ်ပြီးနောက် သူ့ရဲ့မျက်နှာကို ပထမဆုံးချပြလိုက်တဲ့ နေမင်း

ပရိသတ်အသိအမှတ်ပြု မင်းသားတယောက်ဖြစ်တဲ့ နေမင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူ့အနေနဲ့ မေးရိုးခွဲစိတ်တဲ့ ပုံတွေ သတင်းတွေကတော့ ပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲတာ ဖြစ်ပါတယ်။ မင်းသားနေမင်းတယောက်ကတော့ သူ့ရဲ့ ယောကျာ်းဆန်ဆန် မျက်နှာပေါက် ၊ မျက်နှာကျလေးထောင့် အနေအထားကနေ မေရိုးကို ချွန်သွားအောင် သွားပြီးတော့ ခွဲစိတ်လိုက်တာ ဖြစ်ပြီး ပတ်တီးစည်းထားတဲ့ ပုံတွေကိုတော့ ဖေ့ဘုတ်ပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒီပုံလေးတွေကလည်း ပရိသတ်တွေကြားမှာ တော်တော်များများကို ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေကိုလည်း မျိုးစုံခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မင်းသားနေမင်းကတော့ ဘာမှတုန့်ပြန်မှု မရှိပဲ သူ့အနေနဲ့ လက်ရှိမှာ ခွဲစိတ်ပြီးနောက် ပတ်တီးအားလုံးကို ဖြေပြီးနောက်သူ့ရဲ့ရုပ်ကို ဖေ့ဘုတ်ပေါ်မှာ တင်လိုက်တာ ဖြစ်ပါတယ်။ မင်းသားနေမင်းကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ကားနေတဲ့ မေရိုးလေးကတော့ သွယ်သွားပြီး သူ့ရဲ့နဂိုရုပ်ကတော့ ရှိနေဆဲပါပဲ

ဒါကြောင့်နေမင်းတယောက် အရင်ကထက် စာရင် ပိုပြီးတော့ ကြည့်ကောင်းသွားတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့မျက်နှာကတော့ လုံးဝပုံစံကျဖို့အတွက်တော့ လပိုင်းလောက်တော့ အချိန်ပေးရမယ်လို့ သိရပါတယ်။ နေမင်းကတော့ “ယောင်တာလေးတွေတော့ရှိသေးတာပေါ့ ၂ လပြည့်မှ စပြီး အယောင် သက်သာလာပြီး ၆ လပြည့် ရင် perfect ဖြစ်ပြီတဲ့” ဟု ရေးသားထားတာ ဖြစ်ပါတယ်။

မင်းသားနေမင်းကတော့ ဟိုးအရင်တုန်းကလည်း သူ့မှာတော့ အားပေးကြတဲ့ ပရိသတ် မြောက်များစွာရှိပြီး အထူးသဖြင့်တော့ ယောကျာ်းပီသတဲ့ပုံစံကြောင့် မိန်းကလေးပရိသတ် အခိုင်အမာ ရှိထားတာ ဖြစ်ပါတယ်။ ထို့နောက်မင်းသားနေမင်း တယောက်ကတော့ သူစကားပြောပုံလေးဟာ အသံတိုးတိုးလေးနဲ့ တမျိုးလေး ဖြစ်တာကြောင့် ပရိသတ်တွေကတော့ သူ့ကိုချစ်စနိုးနဲ့ အမျိုးမျိုးစကြတာကိုလည်း တွေ့ရမှာပါ။

ဒါပေမယ့်လည်း လက်ရှိချိန်မှာတော့မေရိုးကိုသွယ်အောင် လုပ်လိုက်တာကြောင့် အသံလည်းကျယ်လာလောက်မှာ ပါဆိုပြီး ပရိသတ်တွေလည်း စနောက်နေကြတာ ဖြစ်ပါတယ်။ ApannPyay ချစ်ပရိသတ်ကြီး အတွက်လည်း ပုံမှန်မြင်နေကြ နေမင်းပုံစံကနေ ကွဲထွက်ပြီး မေးရိုးသွယ်သွယ်လေးဖြစ်နေတဲ့ နေမင်းရဲ့ ပုံလေးတွေကိုတော့ ဖော်ပြပေးလိုက်ပါတယ်။

ApannPyay