အဝေးမှာရောက်နေတဲ့ သမီးလေးကို စိတ်မချဘူးဆိုတဲ့ လင်းဇာနည်ဇော်

257

အဝေးမှာရောက်နေတဲ့ သမီးလေးကို စိတ်မချဘူးဆိုတဲ့ လင်းဇာနည်ဇော်

တခေတ်တစ်ခါက နာမည်ကြီးသရုပ်ဆောင် တယောက်ဖြစ်တဲ့ မင်းသမီးလင်းဇာနည်ဇော်ကတော့ ချစ်စရာကောင်းတဲ့ မြူလင်းကိုကို ဆိုတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး သမီးလေးကတော့ အရွယ်ရောက်နေပါပြီ။ လင်းဇာနည်ဇော်ကတော့ အခုချိန်မှာ နောက်အိမ်ထောင်မပြုဘဲ သမီးကို တစ်ယောက်ထဲ ကျွေးမွေးစောင့်ရှောက် လာတာဘဲဖြစ်ပြီး သမီးလေးကတော့ လက်ရှိချိန်မှာ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းဇာနည်ဇော်ကတော့ သူ့ခံစားချက်တွေကို ပြောပြလာခဲ့တာကို Apannpyay ချစ်ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

သမီးကအဝေးမှာဆိုတော့ဘယ်လိုတွေဆုံးမဖြစ်လဲဆိုတာကိုတော့”သူကနဲနဲနားလည်တယ်လို့ ထင်တယ် အမေပေါ် အများကြီးဆုံးမစရာမလိုဘူး သူက နဲနဲလူကြီးလဲဆန်ပါတယ်” စိတ်ကစားတဲ့အရွယ်ဖြစ်တော့ စိတ်ပူမိလားဆိုတဲ့မေးခွန်းကိုတော့ “အမကတော့ တအားအများကြီးတော့ မပြောပြဘူး သူဘာဖြစ်နေတယ် ကိုယ်ဖြစ်တယ် ဘာတွေလုပ်နေတယ်ဆိုတာကအစ သားမိနှစ်ယောက်အကုန်သိကျတယ်ဆိုတော့ သူကိုအမကတအားကြီးချုပ်ကိုင်တဲ့ ပုံစံနဲ့မအုပ်ချုပ်ဘူး အာ့ကြောင့်သူကိုယ်သုူသိတယ် သမီးကပြောတယ် အခုချိန် သူတခုခုလုပ်သွားလို့ရှိရင် ပညာရေးတပိုင်းတစ်စနဲ့ ဘာမှလုပ်လို့မရဘူးပေါ့ အာ့ကြောင့်အမေမပူနဲ့လို့ သူပြောတယ်။ ဒါပေမဲ့ ကိုယ်ကတော့စိတ်ကိုလျော့ထားပါတယ် ကိုယ်လဲငယ်ရာကကြီးလာတော့လေ နောက်ပီး ကိုယ်သမီးလေးဆိုတော့ အတက်နိုင်ဆုံးတော့ စိတ်ကတော့မချဘူးပေါ့လေ”

ကိုယ်တုန်းက အိမ်ထောင်ပြုတာစောခဲ့တော့ သမီးကိုရော”အာ့ဒါကိုဘဲပြောတာ သမီးလေးကအဝေးကြီးရောက်နေတဲ့ အခါမ်ျိုးမှာ အမက ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး အတင်းလုပ်လို့ရှိရင် လူဆိုတာမျိုးက မလုပ်နဲ့ဆို ပိုလုပ်ခြင်တယ်လေ ဒါပေမဲ့ အမကအဲ့လိုပုံစံမျိုးနဲ့ မဟုတ်ဘဲ သမီး ဒီအရွယ်မှာဒါလုပ်ရင်ဒါဖြစ်မယ်ပေါ့ ဒါပေမဲ့ သမီးက အမစကားဆုံးအောင်တောင် မပြောလိုက်ရပါဘူး မေမေ အခုချိန်သမီးပညာ မပီးသေးဘူး တခုခုလုပ်မယ်ဆို ဘာနဲ့စားမလဲပေါ့ သူသိပါတယ်ပေါ့ ဦးနှောက်မမဲ့ပါဘူးပေါ့ အမကိုအဲ့လိုပြောတယ် အဲ့လိုသူပြောတာဘဲလေ”

နောက်အိမ်ထောင်မပြုတာကရော ဆိုတဲ့မေးခွန်းကိုတော့”အိမ်ထောင်မပြုတော့ဘူးဆိုပြီး ဆုံးဖြတ်ထားတာမျိုးတော့ မဟုတ်ဘူး အခုချိန်ထိကိုအချိန်မပေးနိုင်သေးတာ ဘာလို့လဲဆိုတော့ သမီးတစ်ယောက်အတွက်နဲ့တင် အမမှာရုန်းကန်နေရတာ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကတစ်နိုင်တစ်ပိုင်နဲ့ လုပ်ထားတာမဟုတ်ဘူးလေ တစ်ယောက်ထဲမွေးထားတဲ့ သမီးဖြစ်လို့မနိုင်ဘဲနဲ့ အရမ်းကိုဖြစ်စေခြင်လွန်းလို့ လုပ်ပေးထားတာဖြစ်တော့ ကိုယ်မှာဒီသမီးအတွက်ပို့ဖို့ ရှာရင်းရှာရင်းနဲ့တခါတစ်လေ နေမကောင်းရင်တောင် အိပ်ယာထဲမလဲနိုင်ဘူး ငါမလုပ်ရင်မရဘူးဆိုတဲ့စိတ်နဲ့ဘဲ အဲ့လိုမျိုး လုပ်ရတာပေါ့နော်”

အမကိုကမ်းလှမ်းမှူတွေရောရှိလားဆိုတဲ့ အပေါ်မှာတော့ “အမကိုလား အမကဒီလောက်ရုပ်ဆိုးတာ ကမ်းလှမ်းမဲ့သူလဲ မရှိပါဘူး။ ကိုယ်လဲအခုချိန်ထိကိုယ် အဲ့ဘက်ကိုစိတ်မရောက်နိုင်ဘူး ကိုယ်သမီးတစ်ယောက်နဲ့တင် လုံးလည်ချာလည် လိုက်နေပီ အသက်လဲမနည်းတော့ဘူးလေ။

ရှေ့လျောက်ဆို ပိုတောင်ဆိုးသွာဦးမယ် အခုချိန်ကအချိန်မပေးနိုင်ဘူး ပေးနိုင်တဲ့အချိန်ကျတော့ အသက်ကကြီးနေပြီ အဲဒါကြောင့်အဲ့ဒါကို ပြောစရာမလိုတော့ ဘူးထင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ApannPyay