အရွယ်တင်နုပျိုနေရတဲ့ အကြောင်းရင်းကို ဖွင့်ပြောလာတဲ့ မင်းမော်ကွန်း

328

အရွယ်တင်နုပျိုနေရတဲ့ အကြောင်းရင်းကို ဖွင့်ပြောလာတဲ့ မင်းမော်ကွန်း

အနုပညာလောကထဲမှာ ခြေချလာတာကြာပြီဖြစ်တဲ့ ပြည်သူ့အချစ်တော် မင်းသားတယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ လက်ရှိချိန်ထိကို အရွယ်တင်နုပျိုပြီး အားပေးမှုအပြည့်အဝရရှိထားတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့မင်းသားတယောက်အနေနဲ့ မင်းမော်ကွန်းကတော့ ဖေ့ဘုတ်သုံးရတာဟာ သူ့အတွက်ပျော်စရာထက် စိတ်ညစ်စရာပိုများကြောင်း ပြောကြားသွားခဲ့ပါတယ်။ ထို့နောက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ သူ့ရဲ့ အရွယ်တင်နုပျိုနေရတဲ့ လျှို့ဝှက်ချက်အကြောင်းကို ပြောကြားသွားခဲ့တာပါ။

မင်းသားမင်းမော်ကွန်းကတော့ အင်တာဗျူးတခုမှာ ဘာကြောင့် ဖေ့ဘုတ်မသုံးဖြစ်တာလဲဆိုတဲ့ မေးခွန်းကိုတော့ “ဘာကြောင့်လဲဆိုတော့ ကျနော် သင်္ကြန်မတိုင်ခင်ကတည်းက ကိုယ့်ဘာကိုယ် မသုံးတာပေါ့နော်။ မသုံးဖြစ်တာတော့ တော်တော်ကြာပါပြီ။ တင်စရာရှိရင်ပဲ ဖြစ်ဖြစ်တင်လိုက်တာပါ။ မသုံးရင်ဘာဖြစ်လဲဆိုတော့ အချိန်ပိုရတာပေါ့။ ဖေ့ဘုတ်အစား ကျနော် စာအုပ်တွေဖတ်ဖြစ်တယ်။ တီဗီတွေကြည့်ဖြစ်တယ်။ နောက်ဖုန်းနဲ့အလုပ်ရှုပ်နေရတဲ့အချိန်တွေ တော်တော်များများလျော့သွားတယ်”

“ဖေ့ဘုတ်မသုံးတာနဲ့ ပရိသတ်နဲ့ မထိတွေ့ပါဘူးဆိုတာကတော့ ကျနော်မထင်ပါဘူး။ ဖေ့ဘုတ်ဆိုတာ ဘဝလည်းမဟုတ်ပါဘူး။ အဓိကကတော့ စိတ်ညစ်လို့ပါ။ ဒါကိုကြည့်လိုက်တာနဲ့ ကိုယ်စိတ်ချမ်းသာရမှာထက် စိတ်ညစ်စရာတွေက ပိုပြီးများလို့ပါ။ အဲ့ကြောင့်မသုံးဖြစ်တော့တာပါ”

အခုချိန်ထိနုပျိုနေရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး “အဲ့လိုမျိုးတော့ မရှိပါဘူး။ ကျနော့်ကိုယ် ကျနော်လည်း တကယ့်ကို နုပျိုတယ်လို့ မထင်တာပါ။ အခုဆိုလို့ရှိရင် စိတ်ထဲမှာ ကျနော်တော်တော်အသက်ကြီးပြီလို့ ခံစားရတယ်ပေါ့နော်။ လူကြီးဖြစ်သွားသလိုပေါ့။ လူငယ်တွေပျော်လည်းရတဲ့အရာမျိုးမှာ သိပ်ပြီးတော့ စိတ်မဝင်စားတာတွေ ဖြစ်လာပါပြီ။ ပရိသတ်တွေကြိုက်နေတဲ့ အနုပညာရှင်တယောက်ဖြစ်အောင်တော့ ကြိုးစားနေပါဦးမယ်”

အနုပညာအလုပ်တွေ သိပ်ပြီးတော့ မလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး “အခုဆိုရင်တော်တော်များများလည်း ကားရိုက်ပါးကြပါတယ်။ အရင်တုန်းကလည်း ကားတွေရိုက်လိုက် ဒီလိုမျိုးနားလိုက်ပါပဲ။ ကျနော်အရမ်းအလုပ်များနေတဲ့အချိန်မှာတောင် ဆက်တိုက်ကြီးမနားပဲ ရိုက်နေတာတော့ မရှိပါဘူး” ဟု ပြောကြားသွားပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း မင်းမော်ကွန်းတယောက် အနုပညာလုပ်ငန်းလုပ်တာတွေ နည်းသွားပေမယ့်လည်း အားပေးကြဦးမှာမလား။

ApannPyay