အသံအရမ္းေကာင္းလို႔နာမည္ၾကီးလာတဲ့ မ်က္မျမင္အမ်ိဳးသမီး

209

အသံအရမ္းေကာင္းလို႔နာမည္ၾကီးလာတဲ့ မ်က္မျမင္အမ်ိဳးသမီး

မသန္ေပမယ့္စြမ္းတယ္ဆိုတဲ့စကားအတိုင္း ၾသစေတးလ်မွာေနထိုင္တဲ့အမ်ိဳးသမီးတစ္ေယာက္ကေတာ့ မ်က္မျမင္တစ္ေယာက္ျဖစ္တဲ့အျပင္ ေအာ္တစ္ဇင္ေရာဂါကိုပါခံစားေနရေပမယ့္ သူမရဲ႕အသံခ်ိဳခ်ိဳ၊ ပါ၀ါအားေကာင္းေကာင္းနဲ႔ဆိုထားတဲ့ သီခ်င္းတပုဒ္ေက်ာ္ အြန္လိုင္းေပၚမွာနာမည္ကေက်ာ္ၾကားလူၾကိဳက္မ်ားေနပါျပီ။

အသက္ ၂၄ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ Lavender Darcangeloဟာ ျမိဳ႕ေလးတစ္ျမိဳ႕မွာရွိတဲ့ပြဲတစ္ခုမွာ သီခ်င္းဆိုေပးဖို႔စင္ေပၚကိုတက္လာခဲ့တာပါ။ ျဖစ္ခ်င္ေတာ့အဲ့ပြဲကို ဒိန္းမတ္ႏိုင္ငံရဲ႕အေမရိကန္သံအမတ္တစ္ဦးျဖစ္တဲ့ အသက္ ၄၄ႏွစ္အရြယ္ Rufus Gifford ကတက္ေရာက္ခဲ့ျပီး သူ႔ရဲ႕သီခ်င္းဆိုတာကို ဗီဒီယိုရိုက္ျပီးမွ်ေ၀ေပးခဲ့တာပါ။ အဲ့ဒီပြဲကိုဘုရားေက်ာင္းတစ္ခုမွာျပဳလုပ္ခဲ့တာျဖစ္ျပီး ဘုရားေက်ာင္းရဲ႕တာ၀န္ခံျဖစ္တဲ့ လာဗန္ဒါရဲ႕အေဖဟာ သူ႔ရဲ႕သမီးသီခ်င္းဆိုတာကို တခါမွအဲ့ဒီေလာက္ေကာင္းမွန္းမသိခဲ့တာပါ။

သီခ်င္းကိုၾကားလိုက္တာနဲ႕သံအမတ္ဟာ ဗီဒီယိုကိုရိုက္ျပီး သူ႕ရဲ႕ညီမကို ပို႔ေပးကာ ဒီသီခ်င္းက အဲ့ေလာက္ေတာင္ရူးသြပ္ဖို႔ေကာင္းတာလားလို႔ေမးခဲ့ပါတယ္။ သူမရဲ႕ဗီဒီယိုကိုၾကည့္မိလိုက္တဲ့သူတိုင္းဟာ ဒီသီခ်င္းကသူတို႔ရဲ႕ႏွလံုးသားကိုလွဳပ္ခတ္ႏိုင္ခဲ့တယ္ဆိုျပီး မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ လာဗန္ဒါရဲ႕လက္ရွိမိဘေတြဟာ မိဘအရင္းေတြမဟုတ္ပါဘူး။

မိဘအရင္းေတြနဲ႔ေနထိုင္ရာမွာအဆင္မေျပျဖစ္ခဲ့တဲ့ လာဗန္ဒါဟာ သူ႔ကိုေမြးစားႏိုင္မလားလို႔ ဘုရားေက်ာင္းတာ၀န္ခံရဲ႕အမ်ိဳးသမီးကို ေတာင္းဆိုခဲ့ျပီး တာ၀န္ခံရဲ႕အမ်ိဳးသမီးဟာလည္းလိုလိုလားလားနဲ႔ပဲ သူ႔ေယာကၤ်ားနဲ႕တိုင္ပင္ျပီး ေမြးစားခဲ့တာပါ။

Yenin Phawah( ApannPyay)

Source:

အသံအရမ်းကောင်းလို့နာမည်ကြီးလာတဲ့ မျက်မမြင်အမျိုးသမီး

မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း သြစတေးလျမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ကတော့ မျက်မမြင်တစ်ယောက်ဖြစ်တဲ့အပြင် အော်တစ်ဇင်ရောဂါကိုပါခံစားနေရပေမယ့် သူမရဲ့အသံချိုချို၊ ပါ၀ါအားကောင်းကောင်းနဲ့ဆိုထားတဲ့ သီချင်းတပုဒ်ကျော် အွန်လိုင်းပေါ်မှာနာမည်ကကျော်ကြားလူကြိုက်များနေပါပြီ။

အသက် ၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lavender Darcangeloဟာ မြို့လေးတစ်မြို့မှာရှိတဲ့ပွဲတစ်ခုမှာ သီချင်းဆိုပေးဖို့စင်ပေါ်ကိုတက်လာခဲ့တာပါ။ ဖြစ်ချင်တော့အဲ့ပွဲကို ဒိန်းမတ်နိုင်ငံရဲ့အမေရိကန်သံအမတ်တစ်ဦးဖြစ်တဲ့ အသက် ၄၄နှစ်အရွယ် Rufus Gifford ကတက်ရောက်ခဲ့ပြီး သူ့ရဲ့သီချင်းဆိုတာကို ဗီဒီယိုရိုက်ပြီးမျှဝေပေးခဲ့တာပါ။ အဲ့ဒီပွဲကိုဘုရားကျောင်းတစ်ခုမှာပြုလုပ်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းရဲ့တာဝန်ခံဖြစ်တဲ့ လာဗန်ဒါရဲ့အဖေဟာ သူ့ရဲ့သမီးသီချင်းဆိုတာကို တခါမှအဲ့ဒီလောက်ကောင်းမှန်းမသိခဲ့တာပါ။

သီချင်းကိုကြားလိုက်တာနဲ့သံအမတ်ဟာ ဗီဒီယိုကိုရိုက်ပြီး သူ့ရဲ့ညီမကို ပို့ပေးကာ ဒီသီချင်းက အဲ့လောက်တောင်ရူးသွပ်ဖို့ကောင်းတာလားလို့မေးခဲ့ပါတယ်။ သူမရဲ့ဗီဒီယိုကိုကြည့်မိလိုက်တဲ့သူတိုင်းဟာ ဒီသီချင်းကသူတို့ရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်ခဲ့တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ လာဗန်ဒါရဲ့လက်ရှိမိဘတွေဟာ မိဘအရင်းတွေမဟုတ်ပါဘူး။

မိဘအရင်းတွေနဲ့နေထိုင်ရာမှာအဆင်မပြေဖြစ်ခဲ့တဲ့ လာဗန်ဒါဟာ သူ့ကိုမွေးစားနိုင်မလားလို့ ဘုရားကျောင်းတာဝန်ခံရဲ့အမျိုးသမီးကို တောင်းဆိုခဲ့ပြီး တာဝန်ခံရဲ့အမျိုးသမီးဟာလည်းလိုလိုလားလားနဲ့ပဲ သူ့ယောင်္ကျားနဲ့တိုင်ပင်ပြီး မွေးစားခဲ့တာပါ။

Yenin Phawah( ApannPyay)

Source: