431
Source:
ဝက်ဝံဖမ်းထားတာခံခဲ့ရပြီး အသက်ရှင်နိုင်ဖို့ ကိုယ့်ကျင်ငယ်ရည်ကိုသောက်သုံးခဲ့ရတဲ့အမျိုးသား
ရုရှားနိုင်ငံမှာ ဝက်ဝံညိုတစ်ကောင်နေတဲ့သားရဲတွင်းထဲမှှာတစ်လနီးပါးအဖမ်းခံခဲ့ရတဲ့ အလက်စန်းဒါးလို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ကံကောင်းစွာပဲအကယ်ဆယ်ခံခဲ့ရပါတယ်။ သူဟာတစ်လနီးပါးသူ့ရဲ့ကျင်ငယ်ရည်ကိုပြန်သောက်ပြီး အသက်ရှင်ခဲ့ရတာပါ။ ဝက်ဝံညိုတစ်ကောင်ရဲ့တိုက်ခိုက်တာခံခဲ့ရပြီး ကျောရိုးကျိုးသွားခဲ့တဲ့သူဟာ တစ်လနီးပါး ဝက်ဝံနေတဲ့ဂူထဲမှာ အဖမ်းခံထားခဲ့ရတာပါ။
ဝက်ဝံညိုတွေဟာ သူတို့လိုက်ခဲ့တဲ့သားကောင်တွေကို ဒဏ်ရာရအောင် မလှုပ်နိုင်အောင်ပြုလုပ်ပြီး သူတို့နေတဲ့သားရဲတွင်းကိုခေါ်သွားပြီး အကြာကြီးသိမ်းထားတတ်တဲ့ အမူအကျင့်ရှိပါတယ်။ ပြီးတော့မှ စားတတ်တဲ့သတ္တဝါတွေလည်းဖြစ်ပါတယ်။ ပုံမှန် ဝက်ဝံတွေဟာ ငါးနဲ့သစ်သီးသစ်ဖုတွေကိုသာစားလေ့ရှိကြပေမယ့် ဝက်ဝံညိုတွေကတော့ သူတို့ကိုအာဟာရဖြစ်စေနိုင်တဲ့ဘယ်အရာကိုမဆိုစားတတ်ကြပါတယ်။ အသားကိုလည်းအခွင့်အခါသင့််ရင် စားတဲ့သတ္တဝါတစ်မျိုးပါ။
ကံကောင်းသွားတာက ဝက်ဝံရဲ့အစာမဖြစ်ခင်မှာ အမဲလိုက်လာတဲ့မုဆိုးတွေရဲ့ ကယ်ဆယ်ခြင်းကိုခံလိုက်ရတာပါ။ အမဲလိုက်ခွေးတွေဟာ ဂူထဲကိုအတင်းဝင်ကြတဲ့အတွက် မုဆိုးတွေဟာ ကျန်းမာရေးအခြေအနေမကောင်းတဲ့ အဖမ်းခံထားရတဲ့အမျိုးသားကိုတွေ့ရှိခဲ့ပြီး ကယ်ဆယ်ကာ ဆေးရုံပို့ပေးခဲ့ပါတယ်။
Yenin Phawah ( ApannPyay)
Source: