ေက်ာင္းသားဘ၀မွာအႏိုင္က်င့္ခံခဲ့ရတဲ့ ကိုရီးယားအႏုပညာရွင္မ်ား

212

ေက်ာင္းသားဘ၀မွာအႏိုင္က်င့္ခံခဲ့ရတဲ့ ကိုရီးယားအႏုပညာရွင္မ်ား

(၁) Kang Daniel

မိန္းမပ်ိဳေလးေတြရဲ့အသည္းစြဲ Produce 101ရဲ့ ပထမေနရာကိုရရွိခဲ့တဲ့ Kang Daniel ဟာ မူလတန္းေက်ာင္းတက္တုန္းက ရုပ္ဆိုးလို႔ဆိုျပီး အႏိုင္က်င့္တာကိုခံခဲ့ရပါတယ္။“ ကၽြန္ေတာ္ငယ္ငယ္တုန္းက ရုပ္ဆိုးလို႔ဆိုျပီး ဆိုးဆိုးရြားရြားအႏိုင္က်င့္တာကိုခံခဲ့ရတယ္။ အဲ့တုန္းက ကၽြန္ေတာ္က၀လည္း၀တယ္ ရုပ္လည္းဆိုးတယ္ေလ” အစီအစဥ္တစ္ခုမွာေျပာျပခဲ့ပါတယ္။

(၂) Park Bo Young

Park Bo Young ဟာအထက္တန္းေက်ာင္းတက္တုန္းက အႏိုင္က်င့္တာကိုခံခဲ့ရပါတယ္။ သူမဟာ သရုပ္ေဆာင္တေယာက္အျဖစ္နဲ႔နာမည္ရလာတာနဲ႔အမွ် အႏိုင္က်င့္ခံရမွာကိုေၾကာက္တဲ့စိတ္ကပိုတိုးခဲ့ျပီး အင္တာနက္ေပၚမွာ သူမအေပၚမေကာင္းေရးထားတဲ့မွတ္ခ်က္ေတြကို ဖတ္ရမွာေၾကာက္လို႔မဖတ္ပါဘူးတဲ့။သူမအထက္တန္းတုန္းက အျခားေက်ာင္းသားေတြက လမ္းေလွ်ာက္လို႔သူမေဘးနားျဖတ္သြားရင္ သူမပုခံုးကိုတမင္၀င္တိုက္သြားတတ္ပါတယ္။ ဒါ့အျပင္ အျခားအတန္းကေက်ာင္းသားေတြက သူမထိုင္တဲ့ထိုင္ခံုမွာ အမွိဳက္ေတြတင္ထားတတ္လို႔ သူမအခန္းထဲကသူငယ္ခ်င္းေတြကကူျပီးရွင္းေပးရပါတယ္။

(၃) Park Hyung Sik

Park Hyung Sik ဟာ အဆိုေတာ္သရုပ္ေဆာင္မျဖစ္ခင္ Trainee ဘ၀တုန္းက အျခားသင္တန္းသားေတြရဲ့အႏိုင္က်င့္တာကို ခံခဲ့ရပါတယ္။ အဲ့လိုအႏိုင္က်င့္ခံရတာေၾကာင့္ အထက္တန္းေက်ာင္းတက္ေနတဲ့တေလွ်ာက္လံုး စိတ္ဖိစီးခဲ့ရပါတယ္။“ ကၽြန္ေတာ့္ကိုမန္ေနဂ်ာအစ္ကိုကသင္တန္းသားအျဖစ္ေခၚလာတာဆိုေတာ့ သူနဲ႔ရင္းႏွီးတယ္ေလ။ ဒါေပမယ့္အျခားသူေတြရဲ့အျမင္မွာေတာ့ ကၽြန္ေတာ္ကမန္ေနဂ်ာအစ္ကိုကို လိုက္တြယ္ကပ္ေနတယ္လို႔ထင္သြားၾကတယ္ထင္ပါတယ္။ အဲ့တာနဲ႔ပဲ သူတို႔ကၽြန္ေတာ္နဲ႔အတူထမင္းမစားေတာ့ဘူး။ ကၽြန္ေတာ္တစ္ခုခုေမးလည္းျပန္္မေျဖၾကေတာ့ဘူး” လို႔သူကအင္တာဗ်ဴးတစ္ခုမွာေျပာျပခဲ့ပါတယ္။

(၄) Jeon Somi

Somi ဟာ နယ္သာလန္-ကေနဒီယန္လူမ်ိဳးစပ္ ဖခင္နဲ႔ ကိုရီးယားလူမ်ိဳးမိခင္တို႔ကေနေမြးဖြားလာတဲ့ အျခားသူေတြနဲ႔မတူတဲ့အလွအပေတြကိုပိုင္ဆိုင္ထားတဲ့သူကေလးပါ။ ဒါေပမယ့္လည္း သူမငယ္ငယ္ကေက်ာင္းတက္ေတာ့ အတန္းထဲကသူေတြက ႏိုင္ငံျခားသူနဲ႔တူတဲ့သူမရဲ့သြင္ျပင္ေၾကာင့္ ၀ိုင္း၀န္းေလွာင္ေျပာင္ျပီးအႏိုင္က်င့္ခဲ့ၾကပါတယ္။

(၅) Exid Hani

Haniဟာပလတ္စတစ္ဆာဂ်ရီတခါမွမလုပ္ခဲ့ဖူးေပမယ့္ ကိုရီးယားသရုပ္ေဆာင္နဲ႔အဆိုေတာ္ေတြဆိုရင္ ပလတ္စတစ္ဆာဂ်ရီလုပ္ကိုလုပ္ထားတယ္ဆိုတဲ့လြဲမွားတဲ့အယူအဆေတြေၾကာင့္ ေက်ာင္းတက္ေနတုန္းအဆိုေတာ္ျဖစ္ခဲ့တဲ့သူမဟာ အႏိုင္က်င့္ခံခဲ့ရျပီးစိတ္ပင္ပန္းခဲ့ရပါတယ္။သူမရဲ့အတန္းေဖာ္ေတြဟာ သူမရဲ့စာေရးခံုေပၚမွာ “ပလတ္စတစ္မင္းသမီး” “နင္ႏွာေခါင္းကိုခၽြန္ေအာင္လုပ္ထားတယ္မလား” ဆိုတဲ့စကားေတြအပါအ၀င္ အျခားဆိုးရြားတဲ့စကားလံုးေတြကို ေရးျခစ္ထားေလ့ရွိပါတယ္။

Yenin​ Phawah​ ( ApannPyay)

Source:

ကျောင်းသားဘဝမှာအနိုင်ကျင့်ခံခဲ့ရတဲ့ ကိုရီးယားအနုပညာရှင်များ

(၁) Kang Daniel

မိန်းမပျိုလေးတွေရဲ့အသည်းစွဲ Produce 101ရဲ့ ပထမနေရာကိုရရှိခဲ့တဲ့ Kang Daniel ဟာ မူလတန်းကျောင်းတက်တုန်းက ရုပ်ဆိုးလို့ဆိုပြီး အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။“ ကျွန်တော်ငယ်ငယ်တုန်းက ရုပ်ဆိုးလို့ဆိုပြီး ဆိုးဆိုးရွားရွားအနိုင်ကျင့်တာကိုခံခဲ့ရတယ်။ အဲ့တုန်းက ကျွန်တော်ကဝလည်းဝတယ် ရုပ်လည်းဆိုးတယ်လေ” အစီအစဉ်တစ်ခုမှာပြောပြခဲ့ပါတယ်။

(၂) Park Bo Young

Park Bo Young ဟာအထက်တန်းကျောင်းတက်တုန်းက အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။ သူမဟာ သရုပ်ဆောင်တယောက်အဖြစ်နဲ့နာမည်ရလာတာနဲ့အမျှ အနိုင်ကျင့်ခံရမှာကိုကြောက်တဲ့စိတ်ကပိုတိုးခဲ့ပြီး အင်တာနက်ပေါ်မှာ သူမအပေါ်မကောင်းရေးထားတဲ့မှတ်ချက်တွေကို ဖတ်ရမှာကြောက်လို့မဖတ်ပါဘူးတဲ့။သူမအထက်တန်းတုန်းက အခြားကျောင်းသားတွေက လမ်းလျှောက်လို့သူမဘေးနားဖြတ်သွားရင် သူမပုခုံးကိုတမင်ဝင်တိုက်သွားတတ်ပါတယ်။ ဒါ့အပြင် အခြားအတန်းကကျောင်းသားတွေက သူမထိုင်တဲ့ထိုင်ခုံမှာ အမှိုက်တွေတင်ထားတတ်လို့ သူမအခန်းထဲကသူငယ်ချင်းတွေကကူပြီးရှင်းပေးရပါတယ်။

(၃) Park Hyung Sik

Park Hyung Sik ဟာ အဆိုတော်သရုပ်ဆောင်မဖြစ်ခင် Trainee ဘဝတုန်းက အခြားသင်တန်းသားတွေရဲ့အနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။ အဲ့လိုအနိုင်ကျင့်ခံရတာကြောင့် အထက်တန်းကျောင်းတက်နေတဲ့တလျှောက်လုံး စိတ်ဖိစီးခဲ့ရပါတယ်။“ ကျွန်တော့်ကိုမန်နေဂျာအစ်ကိုကသင်တန်းသားအဖြစ်ခေါ်လာတာဆိုတော့ သူနဲ့ရင်းနှီးတယ်လေ။ ဒါပေမယ့်အခြားသူတွေရဲ့အမြင်မှာတော့ ကျွန်တော်ကမန်နေဂျာအစ်ကိုကို လိုက်တွယ်ကပ်နေတယ်လို့ထင်သွားကြတယ်ထင်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ကျွန်တော်နဲ့အတူထမင်းမစားတော့ဘူး။ ကျွန်တော်တစ်ခုခုမေးလည်းပြန််မဖြေကြတော့ဘူး” လို့သူကအင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။

(၄) Jeon Somi

Somi ဟာ နယ်သာလန်-ကနေဒီယန်လူမျိုးစပ် ဖခင်နဲ့ ကိုရီးယားလူမျိုးမိခင်တို့ကနေမွေးဖွားလာတဲ့ အခြားသူတွေနဲ့မတူတဲ့အလှအပတွေကိုပိုင်ဆိုင်ထားတဲ့သူကလေးပါ။ ဒါပေမယ့်လည်း သူမငယ်ငယ်ကကျောင်းတက်တော့ အတန်းထဲကသူတွေက နိုင်ငံခြားသူနဲ့တူတဲ့သူမရဲ့သွင်ပြင်ကြောင့် ၀ိုင်းဝန်းလှောင်ပြောင်ပြီးအနိုင်ကျင့်ခဲ့ကြပါတယ်။

(၅) Exid Hani

Haniဟာပလတ်စတစ်ဆာဂျရီတခါမှမလုပ်ခဲ့ဖူးပေမယ့် ကိုရီးယားသရုပ်ဆောင်နဲ့အဆိုတော်တွေဆိုရင် ပလတ်စတစ်ဆာဂျရီလုပ်ကိုလုပ်ထားတယ်ဆိုတဲ့လွဲမှားတဲ့အယူအဆတွေကြောင့် ကျောင်းတက်နေတုန်းအဆိုတော်ဖြစ်ခဲ့တဲ့သူမဟာ အနိုင်ကျင့်ခံခဲ့ရပြီးစိတ်ပင်ပန်းခဲ့ရပါတယ်။သူမရဲ့အတန်းဖော်တွေဟာ သူမရဲ့စာရေးခုံပေါ်မှာ “ပလတ်စတစ်မင်းသမီး” “နင်နှာခေါင်းကိုချွန်အောင်လုပ်ထားတယ်မလား” ဆိုတဲ့စကားတွေအပါအဝင် အခြားဆိုးရွားတဲ့စကားလုံးတွေကို ရေးခြစ်ထားလေ့ရှိပါတယ်။

Yenin​ Phawah​ ( ApannPyay)

Source: