The Whole Burma First မောင်ကျော်လင်းသန်း လူသားတွေအတွက် ဘာလုပ်ပေးချင်တာလည်း

205

လူသားတွေအတွက် ကောင်းတဲ့ဆရာဝန်ဖြစ်ချင်တယ်ဟု ပြောလာတဲ့ The Whole Burma First မောင်ကျော်လင်းသန်း

ပြီးခဲ့တဲ့ လ ကတော့ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီးနောက် ပျော်တဲ့သူကပျော် ငိုတဲ့သူက ငိုကြရပါတယ်။ ဆယ်တန်းဆိုတာကြီးကလည်း မြန်မာနိုင်ငံမှာတော့ လူတယောက်ရဲ့ ဘဝကိုပြောင်းလဲ ပေးနိုင်တဲ့ အတန်းဆိုလည်း မမှားပါဘူး။ ဒီလိုဆယ်တန်းမှာ တနိုင်ငံလုံးအမှတ် အများဆုံးရဖို့ကတော့ လူတိုင်းရဲ့ အိမ်မက်ပါပဲ။ ဒီလိုအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့သူ တွေကတော့ နှစ်တိုင်းရှိသလို ဒီနှစ်မှာတော့ မောင်ကျော်လင်းသန်းကတော့ တနိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့တဲ့ ကျောင်းသား ဖြစ်ခဲ့ပါတယ်။ သူကတော့ အမှတ်အများဆုံးရပြီးနောက် ရှေ့လျောက် ဘာတွေလုပ်သွားမလဲဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

မောင်ကျော်လင်းသန်းကတော့ ” ဒီလိုအောင်မြင်မှု ရဖို့ကကျတော့ ကံဥာဏ်ဝီရိယရှိဖို့လိုတာပေါ့ ။ အရင်ဘဝကတည်းကံကောင်းခဲ့လို့နေမှာပေါ့ ဥာဏ်ကောင်းပါတယ်။ ဝီရိယကကျတော့ ငယ်ငယ်လေးတုန်းက သူငယ်တန်း ၊ တစ်တန်းတုန်းကတော့ သိပ်ရှိခဲ့ဘူးပေါ့။ သုံးတန်း လေးတန်းလောက်မှပဲစပြီးတော့စာကိုပိုပြီးတော့ကျက်ဖြစ်ခဲ့တယ်။ အဲ့ဒီလောက်ကစ ပြီးတော့ ဆုတွေပုံမှန်ရဖြစ်ခဲ့တယ်။ ဒီနှစ်ဆုရရင် နောက်နှစ်မှာလည်း ဒီဆုပေးပွဲမှာ ဒီလိုပဲ တက်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ အဲ့ဒီလိုမျိုးကြိုးစားခဲ့ရတာတွေရှိပါတယ် ။ ပထူးသဖြင့် ရှစ်တန်းနှစ်တုန်းကဆိုရင် ဘက်စံပညာထူးချွန်ဆု ဆိုပြီး လူရည်ချွန်အဖြစ်အရွေးခံရတော့ သူငယ်ချင်းတွေအများကြီးနဲ့တွေ့ခဲ့ရတယ်”

မြန်မာတစ်နိုင်ငံလုံးက လူတွေနဲ့တွေ့ခဲ့ရတယ်ဆိုတော့ နောက်နှစ်မှာလည်းသူတို့ပြန်တွေ့ရမယ် ဆိုပြီး ကြိုးစားခဲ့ရတာ ။ ဒီလိုမျိုးဆုတွေနှစ်တိုင်း ရနေတယ်ဆိုတာက အခုလို ဖြစ်တယ်ဆိုတာကလည်း မိဘတွေရဲ့ပံ့ပိုးမှုအတိုင်းအတာ အများကြီးပါပါတယ်။ ကျနော်ကြိုးစားမှုက နှစ်ဆယ်ရာခိုင်နှုန်းဆိုရင် မိဘတွေရဲ့ပံ့ပိုးမှုက ရှစ်ဆယ်ရာခိုင်နှုန်းထိပါခဲ့ပါတယ်။ ဒီလိုစာမေးပွဲဖြေတိုင်းမှာလည်း မိဘတွေရဲ့ပံ့ပိုးမှုတွေ ဆရာ ဆရာမတွေနဲ့ မိဘရဲ့ပံ့ပိုးမှုကအများကြီးပါပါတယ် ။ ကျနော့်ကို ဆယ်တန်းတစ်နှစ်လုံးမှာဆိုရင် သူငယ်ချင်းတွေအများကြီးရှိတယ် ပေါ့ နယ်ပယ်စုံကပဲ ။ ကျောင်းပေါင်းစုံကပဲ သူငယ်ချင်းတွေ အများကြီးရှိခဲ့တယ်ပေါ့။ တချို့ဆို စပါယ်ရှယ်ဝိုင်းတွေ ပါတွေတတ်ကြတာတွေရှိတာပေါ့။

“ကျနော့်မှာတော့အဲ့ဒီလိုမျိုးတွေကို အားကျတာမျိုးတော့မရှိဘူးပေါ့ ။ အဲ့ဒီလိုမျိုး ကိုယ်ကိုယ်တိုင်ကို သူများနဲ့နှိုင်းယှဉ်နေရင် ကောင်းလာမှမဟုတ်ဘူး ။ ကိုယ့်ကိုယ့်ကိုပဲ နှိုင်းယှဉ်ရမယ် အဲ့ဒီလိုမျိုးနဲ့ပဲ ပိုပြီးကြိုးစားဖြစ်ခဲ့ပါတယ် ။ အဓိကရည်မှန်းချက်ကတော့ ကလေးအထူးကုဆရာဝန်ပေါ့ ဒါပေမယ့် ဘဝမှာက အနာဂတ်ကိုကြိုမမြင်နိုင်ဘူးလေ ကိုဘာတတ်ဖြစ်မလဲ ဘယ်မေဂျာကိုယူဖြစ်မလဲ ဆိုတာလည်းကြိုမမြင် နိုင်ဘူးဆိုတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူးဒါပေမယ့် ဘယ်လိုဆရာဝန်ပဲ ဖြစ်ဖြစ် ဘယ်လိုလူသားပဲဖြစ်ဖြစ် အများကိုကောင်းကျိုးပြုတဲ့သူ ဖြစ်ချင်ပတယ်” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။ ApannPyay ချစ်ပရိသတ်ကြီးလည်း မောင်ကျော်လင်းသန်းလို ကောင်လေးမျိုးကို အားကျနေကြမယ်လို့ ထင်ပါတယ်

ApannPyay