သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ဖြတ်ပစ်သင့်တယ်ဆိုတဲ့ ထက်ထက်ထွန်း

309

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ဖြတ်ပစ်သင့်တယ်ဆိုတဲ့ ထက်ထက်ထွန်း

ဆွဲဆောင်မှုရှိပြီး ရင့်ကျက်တဲ့ ပုံစံလေးကို ပိုင်ဆိုင်ထားတဲ့ အလှမယ် ထက်ထက်ထွန်း ကိုတော် ရင်းနှီးပြီးသား ဖြစ်မှာပါ။ ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်း ပါပြုလုပ်လာပြီး အမတ်လောင်းနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း ပရိတ်သတ်ပိုသိ လာတာဖြစ်ပါတယ်။ အလှမယ်ထက်ထက်ထွန်း ကတော့ငယ်ရွယ်ပြီး သွက်သွက်လက်လက်နဲ့ အမျှော်အမြင်ရှိတဲ့ အလှမယ်တစ်ယောက်လဲဖြစ်ပါတယ်။ ယခုလည်းအလှမယ် ထက်ထက်ထွန်းကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ပက်သက်ပြီး သူရဲ့စိတ်ခံစားချက့် အတိုင်းပြောကြားထားတာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ အပေါ် အမြင်ဘယ်လိုရှိလဲဆိုတာကိုတော့” သက်ငယ်မုဒိမ်းမှူတွေ ဖြစ်နေကျတယ် အာ့တွေကိုအရေးယူမှုတွေ အားနည်းနေတယ် ဆိုတဲ့အချိန်မှာ ပြောချင်တာကတော့ ထိရောက်စွာအရေးယူမယ်ဆိုရင် လူတိုင်းကတော့ကြောက်တယ် အခုကိုယ်ပတ်ဝန်းကျင်မှာသက်ငယ်မုဒိမ်း မှမဟုတ်ဘူး။ ဘယ်ပြသာနာဖြစ်လာဖြစ်လာ အရေးမယူဘူးဆိုရင် ဟာကိစ္စမရှိပါဘူးကွာ ဆိုပြီးနေကျမယ်။ ဥပမာ အခုဆိုရင်ထိုင်ခုံခါးပတ် ပတ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ထိထိရောက်ရောက်အရေးယူ လိုက်တော့ခါးပတ်ပတ်ဖို့ ကိုယ်ကိုတိုင်ကလဲ ကြောက်လာတယ်။

အဲ့လိုဘဲ ဒါလဲထိရောက်စွာအရေးယူသင့်တယ် မချစ်သုဝေ ပြောသလို လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ မရှိသင့်ဘူး။ သက်ငယ်မုဒိမ်းမှုဆိုတာ အသက်သေဆုံးရတဲ့အထိဖြစ်ရတယ်။ အဲ့တော့ သူအသက်တစ်ချောင်းဆို ကိုယ်အသက်တစ်ချောင်း အဲ့လောက်ထိမှ သူတို့က ကြောက်ကျမှာလေ အဲ့တော့ သေဒဏ်ပေးရင်ပေးသင့်တယ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်း လုပ်ရင်လဲလုပ်လိုက် ချသင့်တယ် ဒါမှနောက်မလုပ်ရဲမှာပြီတော့နောက်ထက်တစ်နည်း စဉ်းစားထားတာရှိတယ် ထက်ထက် တွေးထားတခုပေါ့ နောက်ထက် သူတို့မပြုနိုင်အောင် သူတို့မုဒိမ်းမှုပြုတဲ့အရာတွေကို ဖြတ်လိုက်သင့်တယ် အဲ့လောက်ထိကိုတွေးထားတယ်။ အဲ့လိုလူသားချင်းမစာနာတဲ့ ဦးနှောက်မရှိတဲ့အပြုမှုတွေ တကယ်ကိုရွံစရာကောင်းပါတယ်။

ပညာပေးအနေနဲ့ ဘာတွေကိုလုပ်ဆောင်သင့်လဲ ဆိုတာကိုတော့ ” ကုသချင်းထက် ကာကွယ်ချင်းက ထိရောက်တယ်ဆိုတော့ ကိုယ်ဟာကိုကာကွယ်တဲ့ အပိုင်းမှာတော့ ကာကွယ်ရမှာပေါ့ ကလေးတွေရဲ့ စိတ်ထဲမှာ ကိုယ်ခန္ဓာကိုယ်သည်ကိုယ်ပိုင်တဲ့အရာ ဘယ်သုမှထိပါးစော်ကားမှုမရှိအောင် ချစ်လို့ပါးလေးဆွဲ တာကအစကိုယ်မကြိုက်ရင် မကြိုက်ဘူးပြောရမယ် မရှက်ရဘူးမကြောက်ရဘူး မကြိုက်ရင်မကြိုက်ဘူးပေါ့ ဘယ်မှကိုယ်ခန္ဓာကိုယ်ကို ထိပါးစော်ကားချင်းမရှိရဘူး ဆိုတဲ့အသိမျိုးပေးရမယ် အသိပညာတွေကိုကလေးတွေကို များများပေးရမယ်။ အသိဘယ်လောက်ပေးပေး ဒီလိုမ်ျိုးအသိတရားမရှိတဲ့ မုဒိမ်းကောင်တွေ ရန်ကကာကွယ်ရှင်းလင်းဖို့ သူတို့မှာ ဒီလိုအခွင့်ရေးနဲစေဖို့ သူတို့ ဒီလိုစိတ်မျိုးရှိရင်တောင် ပတ်ဝန်းကျင်မှာ ဒီလိုအခွင့်ရေးမျိုးမရှိဘူးဆိုရင် သူတို့လုပ်လို့မရပါဘူး အခွင့်ရေးနဲအောင်လို့လဲ ဒီလိုပြစ်မှုတွေဒုစရိုတ်တွေ မဖြစ်အောင် ထက်တို့က ကာကွယ်ရမှာပေါ့။

မိဘတိုင်းတင်မကပါဘူး ကာယကံရှင်အကုန်လုံး ကလေးတွေလူငယ်တွေ အကုန်ခံစားနေရတဲ့ အပူတစ်ခုလို့ခံစားရယ် ကိုယ်ဖြစ်တာမဟုတ်ဘူး ဆိုရင်တောင် ကိုယ်ပတ်ဝန်းကျင်ကဖြစ်ရင် ကိုယ်ပူရတာဘဲလေ အဲ့တော့အကောင်းဆုံး ပူးပေါင်းပြီးကြိုးစားကျမယ် ကာကွယ်ကျမယ် ကိုယ်ယူထားတဲ့တာဝန်အပိုင်းနဲ့ပေါ့ အမေကအမေတာဝန် အဖေကအဖေတာဝန် အိမ်နီးနားချင်းက ကိုယ်အိမ်နီးနားချင်းဆိုတဲ့ တာဝန်လေးတွေထမ်းဆောင်ကျမယ်။

ပညာရေးပိုင်းဆိုင်ရာက ဆရာဆရာမတွေကလဲ ကလေးတွေအသိမှာ ဒါလေးတွေပါထည့်သွင်းပြီး ဆုံးမသွားရင် ပြီးတော့နိုင်ငံတော်ကလဲ ငါတို့နိုင်ငံမှာ ဒီလိုမုဒိမ်းမှုတွေကင်းအောင် ဒုစရိုတ်မှုတွေကင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးမယ် ဆိုတဲ့အရာမ်ျိုးတွေ ဘက်စုံ ကိုယ်တာဝန် ကိုယ်ကျေပီးလုပ်ကျမယ်ဆိုရင် မြန်မြန်ပြောင်းလဲလာမယ် မုဒိမ်းမှုမဖြစ်ရေး ဒို့အရေးနဲ့တော့ဒီဟာတွေက မပြောင်းလဲလာပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း သက်ငယ်မုဒိမ်မှု ကျူးလွန်သူတွေ အပေါ်မှာ ဘယ်လိုများ ဝေဖန်မှတ်ချက်ပေးချင် ကြလဲဗျ။

ApannPyay