ထြန္းထြန္းရဲ႕ ဖူးစာ႐ွင္အေၾကာင္း ေျပာလာတဲ့ ထြန္းထြန္းမိခင္

258

ထြန္းထြန္းရဲ႕ ဖူးစာ႐ွင္အေၾကာင္း ေျပာလာတဲ့ ထြန္းထြန္းမိခင္

လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္ကတည္းက ပရိသတ္ေတြရင္ထဲကို သီခ်င္းအမိုက္စားေတြနဲ႔ ေရာက္႐ွိလာတဲ့ အဆိုေတာ္ ထြန္းထြန္းကေတာ့ လက္႐ွိခ်ိန္မွာဆိုရင္ေတာ့ အကယ္ဒမီဆုႀကီးကုိပါ ပိုင္ဆိုင္ထားတဲ့ မင္းသားအဆုိေတာ္တေယာက္ အေနနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မင္းသားထြန္းထြန္းအေနနဲ႔ လက္႐ွိခ်ိန္ထိ လက္တြဲေဖာ္ ႐ွာမေတြ႔ေသးပဲ လူပ်ိဳႀကီးတေယာက္အေနနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထြန္းထြန္းရဲ ့မိခင္ကေတာ့ သူ႔သားရဲ႕ အခ်စ္ေရးအေၾကာင္းကို ေျပာၾကားသြား ခဲ့ၿပီး သူ႔သားကို သူဘယ္လိုေထာက္ပံလာခဲ့ရလည္းဆိုတာကို ေျပာၾကားသြား ခဲ့တာျဖစ္ပါတယ္။

ထြန္းထြန္းရဲ႕ မိခင္ကေတာ့အင္တာဗ်ဴးမွာေတာ့ သားလူပ်ိဳႀကီးနဲ႔ ပတ္သက္ၿပီး “သူကေတာ့ ခုခ်ိန္ထိ မိသားစုမွာ ေႏြးေႏြးေထြးေထြးေတာ့ ႐ွိပါတယ္။ ဖူးစာဖက္ကေတာ့ သူ႔ဘာသူ႐ွာပါလိမ့္မယ္။ ကိုယ္႐ွာေပးလို႔ သူႀကိဳက္ခ်င္မွလည္း ႀကိဳက္မွာေလ။ သူ႔ဖူးစာဖက္ကေတာ့ သူနဲ႔ထိုက္တဲ့သူကို သူရမွာပဲေလ။ လူဆိုတာကေတာ့ ကုိယ္ထိုက္တဲ့သူကို ရမွာပါ”

မိဘေတြနဲ႔ သိုက္သိုက္ဝန္းဝန္းေနရတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ၿပီး “ဒါကေတာ့ ဘုရားေပးတဲ့ဆုပါပဲ။ ဒီအရြယ္ထိကို မိစံုဖစံုနဲ႔ အလုပ္႐ွာေကြၽးေနႏို္င္တာကေတာ့ ကတယ့္ကို ဘုရားေပးတဲဆုပါပဲ။ အင္မတန္ေကာင္းတဲ့ ကံလို႔ မွတ္ယူထားပါတယ္”

အိမ္ေထာင္ျပဳဖို႔ စိတ္ကူး႐ွိေသးလား ဆိုတဲ့ အေပၚမွာေတာ့ “စဥ္းစားထားတာေတာ့ မ႐ွိပါဘူး။ ေတြးလည္းမေတြးေသးဘူး က်ေနာ္ေလာေလာဆယ္ အိမ္ေထာင္ျပဳဖို႔ ဆႏၵမ႐ွိေသးဘူး။ က်ေနာ္ကလည္း တဦးထဲေသာသားျဖစ္တယ္ဆိုေတာ့ အေမတို႔ကလည္း ငယ္ငယ္ေလးကတည္းက ဘယ္သြားသြား ဘယ္လာလာ ထိန္းထိန္းကြပ္ကြပ္ေလး လုပ္ေပးေတာ့ေလ”

ထြန္းထြန္းရဲ႕ မိခင္ျဖစ္သူကေတာ့ “ငယ္ငယ္တုန္းက သူ႔ဝါသနာကို မသိဘူးေပါ့။ ဒါေပမယ့္လည္ နည္းနည္းေလးႀကီးလာၿပီး ဆယ္တန္းေအာင္လာၿပီးေနာက္မွာေတာ့ သူငယ္ခ်င္းေတြစုၿပီးေတာ့ အေခြေတြထုတ္လာတယ္။ အဲ့ဒီေနာက္ပိုင္းမွာမွ အႏုပညာလမ္းေၾကာင္းေပၚ တျဖည္းျဖည္းေရာက္လာတာ ငယ္ငယ္ကေတာ့ မထင္ဘူး။ ဒီလိုမ်ိဳးျဖစ္လာမယ္လို႔။ အခုကေတာ့ အႏုပညာနဲ႔ ပတ္သက္ရင္ ပံပိုးေပးတာေတာ့ သိပ္မ႐ွိေတာ့ပါဘူး။ အရင္တုန္းေတာ့ အႏုပညာေတြ စလုပ္တုန္းကေတာ့ အကုန္လံုးနီးပါးပါပဲ။ မိဘဆိုေတာ့လည္း ေတာ္ေတာ္ၾကာၾကာကို လိုက္ေသးတယ္။ ခုေနာက္ပိုင္းမွသာ မလိုက္ျဖစ္တာ။ သူလည္းအသက္ႀကီးၿပီဆိုေတာ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။ Apannpyay ခ်စ္ပရိသတ္ႀကီးလည္း ထြန္းထြန္းကို မိန္းမရေစခ်င္ၾကၿပီလား။

ApannPyay

ထွန်းထွန်းရဲ့ ဖူးစာရှင်အကြောင်း ပြောလာတဲ့ ထွန်းထွန်းမိခင်

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက ပရိသတ်တွေရင်ထဲကို သီချင်းအမိုက်စားတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော် ထွန်းထွန်းကတော့ လက်ရှိချိန်မှာဆိုရင်တော့ အကယ်ဒမီဆုကြီးကိုပါ ပိုင်ဆိုင်ထားတဲ့ မင်းသားအဆိုတော်တယောက် အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မင်းသားထွန်းထွန်းအနေနဲ့ လက်ရှိချိန်ထိ လက်တွဲဖော် ရှာမတွေ့သေးပဲ လူပျိုကြီးတယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထွန်းထွန်းရဲ ့မိခင်ကတော့ သူ့သားရဲ့ အချစ်ရေးအကြောင်းကို ပြောကြားသွား ခဲ့ပြီး သူ့သားကို သူဘယ်လိုထောက်ပံလာခဲ့ရလည်းဆိုတာကို ပြောကြားသွား ခဲ့တာဖြစ်ပါတယ်။

ထွန်းထွန်းရဲ့ မိခင်ကတော့အင်တာဗျူးမှာတော့ သားလူပျိုကြီးနဲ့ ပတ်သက်ပြီး “သူကတော့ ခုချိန်ထိ မိသားစုမှာ နွေးနွေးထွေးထွေးတော့ ရှိပါတယ်။ ဖူးစာဖက်ကတော့ သူ့ဘာသူရှာပါလိမ့်မယ်။ ကိုယ်ရှာပေးလို့ သူကြိုက်ချင်မှလည်း ကြိုက်မှာလေ။ သူ့ဖူးစာဖက်ကတော့ သူနဲ့ထိုက်တဲ့သူကို သူရမှာပဲလေ။ လူဆိုတာကတော့ ကိုယ်ထိုက်တဲ့သူကို ရမှာပါ”

မိဘတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ဒါကတော့ ဘုရားပေးတဲ့ဆုပါပဲ။ ဒီအရွယ်ထိကို မိစုံဖစုံနဲ့ အလုပ်ရှာကျွေးနေနို်င်တာကတော့ ကတယ့်ကို ဘုရားပေးတဲဆုပါပဲ။ အင်မတန်ကောင်းတဲ့ ကံလို့ မှတ်ယူထားပါတယ်”

အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသေးလား ဆိုတဲ့ အပေါ်မှာတော့ “စဉ်းစားထားတာတော့ မရှိပါဘူး။ တွေးလည်းမတွေးသေးဘူး ကျနော်လောလောဆယ် အိမ်ထောင်ပြုဖို့ ဆန္ဒမရှိသေးဘူး။ ကျနော်ကလည်း တဦးထဲသောသားဖြစ်တယ်ဆိုတော့ အမေတို့ကလည်း ငယ်ငယ်လေးကတည်းက ဘယ်သွားသွား ဘယ်လာလာ ထိန်းထိန်းကွပ်ကွပ်လေး လုပ်ပေးတော့လေ”

ထွန်းထွန်းရဲ့ မိခင်ဖြစ်သူကတော့ “ငယ်ငယ်တုန်းက သူ့ဝါသနာကို မသိဘူးပေါ့။ ဒါပေမယ့်လည် နည်းနည်းလေးကြီးလာပြီး ဆယ်တန်းအောင်လာပြီးနောက်မှာတော့ သူငယ်ချင်းတွေစုပြီးတော့ အခွေတွေထုတ်လာတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ အနုပညာလမ်းကြောင်းပေါ် တဖြည်းဖြည်းရောက်လာတာ ငယ်ငယ်ကတော့ မထင်ဘူး။ ဒီလိုမျိုးဖြစ်လာမယ်လို့။ အခုကတော့ အနုပညာနဲ့ ပတ်သက်ရင် ပံပိုးပေးတာတော့ သိပ်မရှိတော့ပါဘူး။ အရင်တုန်းတော့ အနုပညာတွေ စလုပ်တုန်းကတော့ အကုန်လုံးနီးပါးပါပဲ။ မိဘဆိုတော့လည်း တော်တော်ကြာကြာကို လိုက်သေးတယ်။ ခုနောက်ပိုင်းမှသာ မလိုက်ဖြစ်တာ။ သူလည်းအသက်ကြီးပြီဆိုတော့” ဟု ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း ထွန်းထွန်းကို မိန်းမရစေချင်ကြပြီလား။

ApannPyay