ကေလးေတြဟာမိသားစုတစ္စုရဲ႕ အေရးပါဆံုးသူေတြမျဖစ္သင့္ေၾကာင္း စိတ္ေရာဂါကုပညာရွင္တစ္ဦးေျပာဆို

249

မိဘတိုင္းရဲ႕ျဖစ္တည္မွဳဟာ ကေလးေတြအတြက္ျဖစ္တယ္လို႔ အခ်ိဳ႔ေသာမိဘမ်ားက ခံယူေလ့ရွိၾကပါတယ္။ မိဘေတြဟာ ျဖည့္ဆည္းႏိုင္သေလာက္ ကေလးေတြလိုအပ္တာေတြ၊ ဂရုစိုက္မွဳေတြ ၊ ကေလးဘဝေရွ႕ေရးအတြက္ အၾကံဥာဏ္ေတြ ေပးေနၾကေပမယ့္လည္း မိဘေတြရဲ႕စိတ္ထဲမွာေတာ့ ကေလးေတြအတြက္မလံုေလာက္ေသးဘူးလို႔ထင္ေနၾကစျမဲပါဘဲ။ မ်က္စိႏွစ္လံုးစပြင့္ကတည္းက မိုးခ်ဳပ္သည္အထိ ကေလးေတြအတြက္ ကေလးေတြအတြက္ဆိုျပီး ၾကိဳးစားရုန္းကန္ေနၾကပါတယ္။ ApannPyay ပရိတ္သတ္ၾကီးထဲမွာလည္း ဒီလိုမိဘမ်ိဳးေတြ ပါေနလိမ့္မယ္လုိ႔ထင္မိပါတယ္။

တကယ္ေတာ့ သားသားေတြ မီးမီးေတြဟာ မိဘတိုင္းအတြက္ ရင္ထဲမွာေရာ ဘဝမွာေရာ ပထမဦးစားေပးေနရာမွာေနေနၾကရတာပါပဲ။ ဘယ္အရာပဲလုပ္လုပ္ ပထမဆံုးစဥ္းစားမိေနၾကတာက သားသမီးပါပဲ။ စိတ္ေရာဂါပညာရွင္ျဖစ္တဲ့ John Rosemond ကေတာ့ မိဘတိုင္းကိုသတိေပးေနပါျပီ။ ဒါကေတာ့ မိဘေတြဟာ ကေလးေတြကို ဘယ္ေတာ့မွ မိသားစုတစ္စုရဲ႕အေရးပါဆံုးေနရာကေန အသိအမွတ္မျပဳသင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ ဒီလိုေျပာၾကားလိုက္တဲ့ အတြက္ေၾကာင့္ ျငင္းပယ္ေနတဲ့ မိဘေတြလည္းရွိၾကပါတယ္။ သူကေတာ့ Naples Daily News မွာ ခုလိုေရးသားခဲ့ပါတယ္။ မိဘအမ်ားစုဟာ ကေလးေတြနဲ႔ ျပသနာအနည္းငယ္ရွိတတ္စျမဲပါ အဲ့ဒါေတြရဲ႕ တရားခံကေတာ့ မိဘေတြဟာကေလးေတြ လိုအပ္တာေတြထက္ပိုျပီး ဦးစားေပးခဲ့ၾကလို႔ပါပဲ။ အဆိုးဆံုးအေနနဲ႔ကေတာ့ မိလဘႏွစ္ပါးေပါင္းသင္းေနထိုင္ၾကျခင္းဟာလည္း ကေလးေတြေၾကာင့္ဆိုျပီးေတာ့ပါပဲ။

ကေလးေတြအရြယ္ေရာက္လာရင္ တစ္ေယာက္တည္းရပ္တည္ျပီးေနႏိုင္ေအာင္ဆိုတဲ့ေခါင္းစဥ္နဲ႔ ကေလးေတြကို အေရးၾကီးဆံုးပါဆိုျပီး ပ်ိဳးေထာင္လာျခင္းဟာ မွားယြင္းတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ တကယ္ေတာ့ မိဘေတြဟာ ကေလးေတြထက္ သူတို႔ရဲ႕ Relation ကို ပိုျပီးဂရုစိုက္သင့္တယ္ဆိုတာပါပဲ။ ေနာက္ Rosemond ဟာ သူ႔ရဲ႕ကေလးဘဝအေတြ႔အၾကံဳကို ေျပာၾကားခ်က္အရ သူနဲ႔သူ႔ရဲ႕ေသြးခ်င္းညီအကိုေမာင္ႏွမေတြဟာ ငယ္စဥ္ကတည္းက မိဘေတြရဲ႕ အိပ္ယာေပၚေတြမွာ မအိပ္ခဲ့ၾကပါဘူး။ မိဘႏွစ္ပါး စကားေျပာေနစဥ္အတြင္းမွာလည္း အလိုက္တသိ ဝင္ေျပာၾကားျခင္းကို မျပဳခဲ့ၾကပါဘူး။ သူတုိ႔မိဘကိုယ္တိုင္ကလည္း ကေလးေတြထက္ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္မွဳေတြကို ပိုတန္ဖိုးထားခဲ့ၾကတာမို႔ မိသားစုဟာ အလြန္ေအးခ်မ္းျပီး မိဘနဲ႔သားသမီးဆိုတဲ့ျပသနာမရွိခဲ့ၾကပါဘူးလို႔လည္းဆိုပါတယ္။

Rosemond ရဲ႕ခံယူခ်က္အရ စစ္တပ္မွာဆိုရင္ အေရးပါဆံုးဟာ ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္သလုိ ေကာ္ပေရးရွင္းတစ္ခုမွာ အေရးၾကီးဆံုးကေတာ့ စီအီးအို ျဖစ္ပါတယ္။ မိသားစုတစ္စုမွာ အေရးၾကီးဆံုးကလည္း မိဘေတြပဲျဖစ္သင့္တယ္လုိ႔ဆိုပါတယ္။ ApannPyay ပရိတ္သတ္ၾကီး ရဲ႕ထင္ျမင္ခ်က္ေလးေတြကိုလည္း ေျပာျပခဲ့ပါဦးေနာ္။ ApannPyay ပရိတ္သတ္ၾကီးအတြက္ John Rosemond ရဲ႕ ေျပာၾကားခ်က္ေတြကိုလည္း ေအာက္ပါပံုမွာ ေဖာ္ျပေပးထားပါတယ္ေနာ္။

San Htet Wai ( ApannPyay )

Source-Elite Readers

မိဘတိုင်းရဲ့ဖြစ်တည်မှုဟာ ကလေးတွေအတွက်ဖြစ်တယ်လို့ အချို့သောမိဘများက ခံယူလေ့ရှိကြပါတယ်။ မိဘတွေဟာ ဖြည့်ဆည်းနိုင်သလောက် ကလေးတွေလိုအပ်တာတွေ၊ ဂရုစိုက်မှုတွေ ၊ ကလေးဘဝရှေ့ရေးအတွက် အကြံဉာဏ်တွေ ပေးနေကြပေမယ့်လည်း မိဘတွေရဲ့စိတ်ထဲမှာတော့ ကလေးတွေအတွက်မလုံလောက်သေးဘူးလို့ထင်နေကြစမြဲပါဘဲ။ မျက်စိနှစ်လုံးစပွင့်ကတည်းက မိုးချုပ်သည်အထိ ကလေးတွေအတွက် ကလေးတွေအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေကြပါတယ်။ ApannPyay ပရိတ်သတ်ကြီးထဲမှာလည်း ဒီလိုမိဘမျိုးတွေ ပါနေလိမ့်မယ်လို့ထင်မိပါတယ်။

တကယ်တော့ သားသားတွေ မီးမီးတွေဟာ မိဘတိုင်းအတွက် ရင်ထဲမှာရော ဘဝမှာရော ပထမဦးစားပေးနေရာမှာနေနေကြရတာပါပဲ။ ဘယ်အရာပဲလုပ်လုပ် ပထမဆုံးစဉ်းစားမိနေကြတာက သားသမီးပါပဲ။ စိတ်ရောဂါပညာရှင်ဖြစ်တဲ့ John Rosemond ကတော့ မိဘတိုင်းကိုသတိပေးနေပါပြီ။ ဒါကတော့ မိဘတွေဟာ ကလေးတွေကို ဘယ်တော့မှ မိသားစုတစ်စုရဲ့အရေးပါဆုံးနေရာကနေ အသိအမှတ်မပြုသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားလိုက်တဲ့ အတွက်ကြောင့် ငြင်းပယ်နေတဲ့ မိဘတွေလည်းရှိကြပါတယ်။ သူကတော့ Naples Daily News မှာ ခုလိုရေးသားခဲ့ပါတယ်။ မိဘအများစုဟာ ကလေးတွေနဲ့ ပြသနာအနည်းငယ်ရှိတတ်စမြဲပါ အဲ့ဒါတွေရဲ့ တရားခံကတော့ မိဘတွေဟာကလေးတွေ လိုအပ်တာတွေထက်ပိုပြီး ဦးစားပေးခဲ့ကြလို့ပါပဲ။ အဆိုးဆုံးအနေနဲ့ကတော့ မိလဘနှစ်ပါးပေါင်းသင်းနေထိုင်ကြခြင်းဟာလည်း ကလေးတွေကြောင့်ဆိုပြီးတော့ပါပဲ။

ကလေးတွေအရွယ်ရောက်လာရင် တစ်ယောက်တည်းရပ်တည်ပြီးနေနိုင်အောင်ဆိုတဲ့ခေါင်းစဉ်နဲ့ ကလေးတွေကို အရေးကြီးဆုံးပါဆိုပြီး ပျိုးထောင်လာခြင်းဟာ မှားယွင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ မိဘတွေဟာ ကလေးတွေထက် သူတို့ရဲ့ Relation ကို ပိုပြီးဂရုစိုက်သင့်တယ်ဆိုတာပါပဲ။ နောက် Rosemond ဟာ သူ့ရဲ့ကလေးဘဝအတွေ့အကြုံကို ပြောကြားချက်အရ သူနဲ့သူ့ရဲ့သွေးချင်းညီအကိုမောင်နှမတွေဟာ ငယ်စဉ်ကတည်းက မိဘတွေရဲ့ အိပ်ယာပေါ်တွေမှာ မအိပ်ခဲ့ကြပါဘူး။ မိဘနှစ်ပါး စကားပြောနေစဉ်အတွင်းမှာလည်း အလိုက်တသိ ဝင်ပြောကြားခြင်းကို မပြုခဲ့ကြပါဘူး။ သူတို့မိဘကိုယ်တိုင်ကလည်း ကလေးတွေထက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေကို ပိုတန်ဖိုးထားခဲ့ကြတာမို့ မိသားစုဟာ အလွန်အေးချမ်းပြီး မိဘနဲ့သားသမီးဆိုတဲ့ပြသနာမရှိခဲ့ကြပါဘူးလို့လည်းဆိုပါတယ်။

Rosemond ရဲ့ခံယူချက်အရ စစ်တပ်မှာဆိုရင် အရေးပါဆုံးဟာ ဗိုလ်ချုပ်တစ်ဦးဖြစ်သလို ကော်ပရေးရှင်းတစ်ခုမှာ အရေးကြီးဆုံးကတော့ စီအီးအို ဖြစ်ပါတယ်။ မိသားစုတစ်စုမှာ အရေးကြီးဆုံးကလည်း မိဘတွေပဲဖြစ်သင့်တယ်လို့ဆိုပါတယ်။ ApannPyay ပရိတ်သတ်ကြီး ရဲ့ထင်မြင်ချက်လေးတွေကိုလည်း ပြောပြခဲ့ပါဦးနော်။ ApannPyay ပရိတ်သတ်ကြီးအတွက် John Rosemond ရဲ့ ပြောကြားချက်တွေကိုလည်း အောက်ပါပုံမှာ ဖော်ပြပေးထားပါတယ်နော်။

San Htet Wai ( ApannPyay )

Source-Elite Readers