Liberty ရုပ်ထုထက် နှစ်ဆပိုမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးရုပ်ထုကိုတည်ဆောက်နေပီဖြစ်တဲ့ အိန္ဒိယနိုင်ငံ

213

Liberty ရုပ်ထုထက် နှစ်ဆပိုမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးရုပ်ထုကိုတည်ဆောက်နေပီဖြစ်တဲ့ အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံဟာကမ္ဘာ့အမြင့်ဆုံးရုပ်ထုတခုဖြစ်လာမယ့် ပေ၆၃၀အမြင့်ရှိတဲ့ ရုပ်ထုကို လက်မှတ်ထိုးကန့်ကွက်တဲ့သူတွေ ဝေဖန်နေတဲ့သူတွေရှိနေပေမယ့် စတင်ဆောက်လုပ်နေပီဖြစ်ပါတယ်။

အဲ့ဒီရုပ်ထုဟာ ၁၆ရာစုမှာ အိန္ဒိယနိုင်ငံအနောက်ပိုင်းကိုအုပ်ချုပ်ခဲ့တဲ့ ရှီဇာဂျီရဲ့ ရုပ်ထုဖြစ်ပီး မွန်ဘိုင်းရဲ့ ကမ်းရိုးတန်းမှာ တည်ဆောက်နေတာဖြစ်ပါတယ်။

အာရေဘီယံပင်လယ်ထဲမှာရှိတဲ့ ကုန်းမြေပေါ်မှာတည်ဆောက်နေတာဖြစ်ပီး ၂၀၁၉မှာ ပီးဆုံးမယ်လို့ခန့်မှန်းထားကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ နာရန်ဒရာမိုဒီ က ရုပ်ထုကို အုတ်မြစ်ချပေးခဲ့ပီး ကုန်ကျငွေကုဋေသိန်းပေါင်း ၃၆ကုဋေကုန်ကျမယ်လို့ခန့်မှန်ထားကြပါတယ်။

ဒိရုပ်ထုဟာလက်ရှိကမ္ဘာအမြင့်ဆုံးရုပ်ထုဖြစ်တဲ့ တရုတ်နိုင်ငံဟီနန်မှာတည်ရှိပီး ၅၀၃ပေမြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်ထက် ပေပေါင်းတရာကျော်ကျော်နီးပါးပိုမြင့်မယ်လို့ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီရုပ်ထုတည်ဆောက်မှုဟာ အိန္ဒိယနိုင်ငံသားတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပီး လူပေါင်းနှစ်သောင်းကိုးထောင်ကျော်ဟာ ရုပ်ထုအတွက်နိုင်ငံရဲ့ဝင်ငွေကိုအသုံးပြုမယ့်အစား နိုင်ငံတိုးတက်ရာမှာအထောက်အကူဖြစ်မယ့် နေရာမျိုးမှာပြောင်းလဲအသုံးပြုပေးဖို့ အစိုးရကိုလက်မှတ်ထိုးတောင်းဆိုနေကြပါတယ်။

ထည့်သွင်းပေးထားသောပုံသည် တည်ဆောက်ပီးချိန်ထွက်ပေါ်လာမည့် ရုပ်ထု၏ပုံကြမ်းသာဖြစ်ပါသည်။

Yenin Phawah(ApannPyay)

Resource:news.sky