လိင္မႈခရီသြားကိစၥနဲ႔ပတ္သတ္ပီးမွတ္ခ်က္ျပဳေျပာၾကားခဲမိတဲ့အတြက္ ထိုင္းအစိုးရကိုေတာင္းပန္ခဲ့တဲ့ ဂန္ဘီယာအစိုးရ

153

လိင္မႈခရီသြားကိစၥနဲ႔ပတ္သတ္ပီးမွတ္ခ်က္ျပဳေျပာၾကားခဲမိတဲ့အတြက္ ထိုင္းအစိုးရကိုေတာင္းပန္ခဲ့တဲ့ ဂန္ဘီယာအစိုးရ

ဂန္ဘီယာအစိုးရဟာ သူတို႔ရဲ႕ ယဥ္ေက်းမွုနဲ႔ ခရီးသြားလာေရးဝန္ႀကီး ဟာမတ္ဘာရဲ႕ လိင္မႈခရီးသြားျခင္းနဲ႔ပတ္သတ္တဲ့ commentေရးခဲ့တဲ့ကိစၥနဲ႔ပတ္သတ္ပီးတရားဝင္ေတာင္းပန္ခဲ့ပါတယ္။

ဂန္ဘီယာႏိုင္ငံရဲ႕ ႏိုင္ငံတကာဆက္သြယ္ေရးနဲ႔သံတမန္ေရးရာဝန္ႀကီးဌာနဟာ ဟာမတ္ဘာရဲ႕ မွတ္ခ်က္ျပဳစကားဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးကိုတန္ဖိုးထားတဲ့ဂန္ဘီယာႏိုင္ငံအတြက္ကံဆိုးမႈတစ္ခုပါပဲလို႔ တရားဝင္ စာထုတ္ျပန္ခဲ့ပါတယ္ဂန္ဘီယာႏိုင္ငံရဲ႕ ႏိုင္ငံတကာဆက္ဆံေရးဝန္ႀကီးဌာနဟာ ထိုင္းႏိုင္ငံကို စိတ္ရင္းနဲ႔ေတာင္းပန္မႈကိုေဖာ္ျပခဲ့ပီး ေနာက္ေနာင္ဒီလိုအျဖစ္အပ်က္မ်ိဳးမျဖစ္ေအာင္ တာဝန္ယူေဆာင္ရြက္သြားမယ္လို႔ဆိုပါတယ္။

ဟာမတ္ဘာဟာႏိုင္ငံတြင္းသတင္းဌာနတခုရဲ႕အင္တာဗ်ဴးတခုမွာ ဂန္ဘီယာႏိုင္ငံလိုဘာသာတရားကိုင္႐ိုင္းတဲ့ႏိုင္ငံတခုဟာ လိင္မႈခရီးသြားေတြကိုမႀကိဳဆိုပါဘူး။ လိင္မႈကိစၥအတြက္ဆို ထိုင္းႏိုင္ငံကိုသာသြားၾကပါလို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့တာပါ။ အဲ့ဒီအင္တာဗ်ဴးးဟာ ၂၀၁၈ ဒီဇင္ဘာလမွာျပဳလုပ္ခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာမွ onlineေပၚမွာျပန္႔ႏွံ႔လာခဲ့တာပါ။

ဟာမတ္က ” ဂန္ဘီယာဟာ လိင္မႈခရီးသြားလုပ္ငန္းေတြရဲ႕ေနရာမဟုတ္ပါဘူး။ အဲ့ကိစၥအတြက္ဆို ဆိုထိုင္းႏိုင္ငံကိုသာသြားၾကပါ။ ဂန္ဘီယာဟာ လိင္မွုကိစၥေတြအတြက္ဟုတ္ဘူးဆိုတာကို ႏိုင္ငံသားတိုင္းေႂကြးေၾကာ္ၾကပါ” လို႔ေျပာဆိုခဲ့တာျဖစ္ပါတယ္။ယခုကိစၥonlineေပၚျပန္႔ႏွံ႔ပီးေနာက္မွာ ထိုင္းႏိုင္ငံရဲ႕ သံတမန္ေရးရာ ေျပာေရးဆိုခြင့္႐ွိသူ က မေလး႐ွားႏိုင္ငံမွာ႐ွိတဲ့ဂါဘီယာသံရံုးကို ထိုင္းႏိုင္ငံရဲ႕ ဂန္ဘီယာႏိုင္ငံဆိုင္ရာသံတမန္က သဝဏ္လႊာ တေစာင္ပို႔ခဲ့တယ္လို႔အတည္ျပဳခဲ့ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ေျပာၾကားခ်က္အရ ထိုင္းႏိုင္ငံဟာလိင္မႈခရီးသြားလုပ္ငန္းပ်ံ႔ႏွံေနေပမယ့္အက်င့္သိကၡာပိုင္းနဲ႔ပတ္သတ္လို ႔ ပညာေပးအစီအစဥ္ေတြ ဦးစားေပးအေလးထားျပဳလုပ္ပီးေနာက္ပိုင္းမွာ လိင္မႈခရီးသြားႏႈန္းေလ်ာ့က်သြားတယ္လို႔ဆိုပါတယ္။

Yenin Phawah

References.thegambiatimes

လိင်မှုခရီသွားကိစ္စနဲ့ပတ်သတ်ပီးမှတ်ချက်ပြုပြောကြားခဲမိတဲ့အတွက် ထိုင်းအစိုးရကိုတောင်းပန်ခဲ့တဲ့ ဂန်ဘီယာအစိုးရ

ဂန်ဘီယာအစိုးရဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီး ဟာမတ်ဘာရဲ့ လိင်မှုခရီးသွားခြင်းနဲ့ပတ်သတ်တဲ့ commentရေးခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပီးတရားဝင်တောင်းပန်ခဲ့ပါတယ်။

ဂန်ဘီယာနိုင်ငံရဲ့ နိုင်ငံတကာဆက်သွယ်ရေးနဲ့သံတမန်ရေးရာဝန်ကြီးဌာနဟာ ဟာမတ်ဘာရဲ့ မှတ်ချက်ပြုစကားဟာ နှစ်နိုင်ငံဆက်ဆံရေးကိုတန်ဖိုးထားတဲ့ဂန်ဘီယာနိုင်ငံအတွက်ကံဆိုးမှုတစ်ခုပါပဲလို့ တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်ဂန်ဘီယာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံကို စိတ်ရင်းနဲ့တောင်းပန်မှုကိုဖော်ပြခဲ့ပီး နောက်နောင်ဒီလိုအဖြစ်အပျက်မျိုးမဖြစ်အောင် တာဝန်ယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ဟာမတ်ဘာဟာနိုင်ငံတွင်းသတင်းဌာနတခုရဲ့အင်တာဗျူးတခုမှာ ဂန်ဘီယာနိုင်ငံလိုဘာသာတရားကိုင်ရိုင်းတဲ့နိုင်ငံတခုဟာ လိင်မှုခရီးသွားတွေကိုမကြိုဆိုပါဘူး။ လိင်မှုကိစ္စအတွက်ဆို ထိုင်းနိုင်ငံကိုသာသွားကြပါလို့ မှတ်ချက်ပြုပြောဆိုခဲ့တာပါ။ အဲ့ဒီအင်တာဗျူးးဟာ ၂၀၁၈ ဒီဇင်ဘာလမှာပြုလုပ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာမှ onlineပေါ်မှာပြန့်နှံ့လာခဲ့တာပါ။

ဟာမတ်က ” ဂန်ဘီယာဟာ လိင်မှုခရီးသွားလုပ်ငန်းတွေရဲ့နေရာမဟုတ်ပါဘူး။ အဲ့ကိစ္စအတွက်ဆို ဆိုထိုင်းနိုင်ငံကိုသာသွားကြပါ။ ဂန်ဘီယာဟာ လိင်မှုကိစ္စတွေအတွက်ဟုတ်ဘူးဆိုတာကို နိုင်ငံသားတိုင်းကြွေးကြော်ကြပါ” လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ယခုကိစ္စonlineပေါ်ပြန့်နှံ့ပီးနောက်မှာ ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာ ပြောရေးဆိုခွင့်ရှိသူ က မလေးရှားနိုင်ငံမှာရှိတဲ့ဂါဘီယာသံရုံးကို ထိုင်းနိုင်ငံရဲ့ ဂန်ဘီယာနိုင်ငံဆိုင်ရာသံတမန်က သဝဏ်လွှာ တစောင်ပို့ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ပြောကြားချက်အရ ထိုင်းနိုင်ငံဟာလိင်မှုခရီးသွားလုပ်ငန်းပျံ့နှံနေပေမယ့်အကျင့်သိက္ခာပိုင်းနဲ့ပတ်သတ်လို ့ ပညာပေးအစီအစဉ်တွေ ဦးစားပေးအလေးထားပြုလုပ်ပီးနောက်ပိုင်းမှာ လိင်မှုခရီးသွားနှုန်းလျော့ကျသွားတယ်လို့ဆိုပါတယ်။

Yenin Phawah

References.thegambiatimes