အေဖမ်ားေန႔မွာ သမီးက ပေထြးကို ေပးခဲ့တဲ့လက္ေဆာင္

595

က်ြန္မတို႔ေတြဟာ အေဖမ်ားေန႔ မွာဆိုရင္ ကိုယ္တန္ဖိုးထားရတဲ့ ေဖေဖကို လက္ေဆာင္ေလးေတြေပးေလ့ရွိတတ္ၾကပါတယ္။ ဒါဟာခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြပါပဲေနာ္။ အမွန္တကယ္ေတာ့ မိဘဆိုတာ လက္ေဆာင္ေတြနဲ႔ေတာင္တန္ဖိုးျဖတ္လို႔မရပါဘူးေနာ္။ အကယ္ရ်္ သင့္မွာ ေသြးသားမေတာ္စပ္ေပမယ့္ (ပေထြး) သင့္အေပၚကို အေဖတစ္ေယာက္ရဲ႕ဝတ္တရားနဲ႔ေၾကေအာင္ ျပဳမူေနထိုင္တဲ့သူဆိုရင္ေရာ တကယ္တန္ဖိုးမျဖတ္ႏိုင္တဲ့ ဖခင္တစ္ေယာက္အျဖစ္ သင္သတ္မွတ္ႏိုင္မွာလား။

ဒီခ်စ္စရာေကာင္းတဲ့ မိန္းမငယ္ေလးကေတာ့ အေဖမ်ားေန႔မွာ သူမရဲ႕ပေထြးကိုမ်က္ရည္က်ျပီး ေပ်ာ္ရႊင္ေစတဲ့ လက္ေဆာင္းေလးတစ္ခုေပးခဲ့ပါတယ္။ သူမ ရဲ႕အေဖအရင္းမဟုတ္ေပမယ့္ ဒီလိုလက္ေဆာင္ေပးခဲ့တာကို အရမ္းဝမ္းသာေနခဲ့ပံုေလးကို သူမဟာ ဗီဒီယိုရိုက္ယူျပီး တြစ္တာမွာတင္ခဲ့တာပဲျဖစ္ပါတယ္။ သူမအေဖ (ပေထြး) ရဲ႕ဝမ္းသာပီတီျဖစ္ေနမွဳကို အင္တာနက္သံုးသူမ်ားအားလံုးက သတိျပဳမိခဲ့ၾကျပီး ခ်ီးက်ဴးေထာပနာ ျပဳျခင္းကို ခံခဲ့ရပါတယ္။ သူဟာ ပေထြးျဖစ္ခဲ့ေပမယ့္လည္း သမီးအရင္းေလးတစ္ေယာက္လုိ ျပဳစုပ်ိဳးေထာင္ေပးခဲ့တာဟာ ပိုျပီး ဂုဏ္ယူစရာေကာင္းလွပါတယ္။

သူမရဲ႕နာမည္ကေတာ့ Sophia Kallie လို႔အမည္ရျပီး အသက္ကေတာ့ ႏွစ္ဆယ္ရွိပါျပီ။ သူမရဲ႕ပေထြးနာမည္ကေတာ့ Brian Sandusky လို႔အမည္ရျပီး အသက္ကေတာ့ ေလးဆယ့္ေျခာက္ႏွစ္ပါ။ သူမဟာ Brian ကို တစ္သက္လံုးမေမ့ႏိုင္မယ့္ လက္ေဆာင္ေလးကုိ ေပးခဲ့တာပါဘဲ။ ဒါကေတာ့ သူဟာ ေျခာက္ႏွစ္လံုးလံုး တစ္ရက္မပ်က္ ေက်ာင္းမွာအဆင္ေျပေစဖို႔မွာတမ္းေလးေတြကို သူ႔သမီးေလးရဲ႕တံခါးမွာ အျမဲကပ္ခ်န္ျပီး ထားခဲ့သူပါ။ ဒီအမွတ္တရေလးေတြကို သူမဟာ ျဖတ္ညွပ္ကပ္လုပ္ သပ္သပ္ရပ္ရပ္နဲ႔ ေဘာင္ခတ္ျပီး လက္ေဆာင္ျပန္ေပးခဲ့ပါတယ္။ ဒါဟာပေထြးတစ္ေယာက္အေနနဲ႔ေတြးရမယ္ဆိုရင္ သမီးေလးက ဒီစာရြက္ေလးေတြကို သိမ္းထားလိမ့္မယ္လို႔ မေမ်ွာလင့္ထားခဲ့တာကို ဒီလိုျမင္လိုက္ရေတာ့ မ်က္ရည္က်လုမတက္ ေပ်ာ္ေနရမွာေတာ့ အမွန္ပါပဲေနာ္။

သူမဟာ ဗီဒီယိုတင္ရင္း ကတ္ပ္ရွင္တစ္ခုေရးသားကခဲ့ပါတယ္ ” ေက်ာင္းတက္ေနစဥ္ကာလအတြင္းမွာ ငါ့ရဲ႕ Stepdad က ငါ့ကိုေက်ာင္းမွာ စိတ္အားထက္သန္ေအာင္ ငါ့ရဲ႕အခန္းတံခါးမွာ စာတိုေလးေတြ ကို တစ္ရက္မပ်က္ အျမဲခ်န္ထားခဲ့တာ လြန္ခဲ့ေျခာက္ႏွစ္တည္းကပါ အခုေတာ့ ဒီစာတိုေလးေတြကို ငါသူ႔ကို ျပန္ေပးခဲ့ပါျပီ။ ေပ်ာ္ရႊင္ေသာအေဖမ်ားေန႔ပါ အေဖ” လို႔ ေရးသားခဲ့ပါတယ္။ ဒီၾကည္ႏူးစရာေကာင္းတဲ့ ပို႔ေလးဟာ ဆိုရွယ္မီဒီယာေတြေပၚမွာတစ္ဟုန္ထိုးပ်ံ႕ႏွံ႔လာခဲ့ျပီး ယခုသင့္ဆီကိုေရာက္ေနခဲ့ပါျပီ။ Brian က ပေထြးတစ္ေယာက္ျဖစ္ခဲ့ေပမယ့္လည္း သမီးေလးတစ္ေယာက္လုိ သေဘာထားခဲ့တာေတြနဲ႔ အေဖတစ္ေယာက္ရဲ႕တာဝန္ကို ထမ္းေဆာင္ခဲ့တာဟာ သိပ္ကိုဂုဏ္ယူစရာေကာင္းတဲ့ လုပ္ရပ္ပါပဲေနာ္။ ApannPyay ပရိတ္သတ္ၾကီးကေရာ ဒီလိုပေထြးမ်ိဳးကို လူအမ်ားသိေအာင္ မရွဲေပးခ်င္ဘူလားေနာ္။

San Htet Wai ( ApannPyay )

Source- Elite Readers

ကျွန်မတို့တွေဟာ အဖေများနေ့ မှာဆိုရင် ကိုယ်တန်ဖိုးထားရတဲ့ ဖေဖေကို လက်ဆောင်လေးတွေပေးလေ့ရှိတတ်ကြပါတယ်။ ဒါဟာချစ်စရာကောင်းတဲ့ အပြုအမူလေးတွေပါပဲနော်။ အမှန်တကယ်တော့ မိဘဆိုတာ လက်ဆောင်တွေနဲ့တောင်တန်ဖိုးဖြတ်လို့မရပါဘူးနော်။ အကယ်ရျ် သင့်မှာ သွေးသားမတော်စပ်ပေမယ့် (ပထွေး) သင့်အပေါ်ကို အဖေတစ်ယောက်ရဲ့ဝတ်တရားနဲ့ကြေအောင် ပြုမူနေထိုင်တဲ့သူဆိုရင်ရော တကယ်တန်ဖိုးမဖြတ်နိုင်တဲ့ ဖခင်တစ်ယောက်အဖြစ် သင်သတ်မှတ်နိုင်မှာလား။

ဒီချစ်စရာကောင်းတဲ့ မိန်းမငယ်လေးကတော့ အဖေများနေ့မှာ သူမရဲ့ပထွေးကိုမျက်ရည်ကျပြီး ပျော်ရွှင်စေတဲ့ လက်ဆောင်းလေးတစ်ခုပေးခဲ့ပါတယ်။ သူမ ရဲ့အဖေအရင်းမဟုတ်ပေမယ့် ဒီလိုလက်ဆောင်ပေးခဲ့တာကို အရမ်းဝမ်းသာနေခဲ့ပုံလေးကို သူမဟာ ဗီဒီယိုရိုက်ယူပြီး တွစ်တာမှာတင်ခဲ့တာပဲဖြစ်ပါတယ်။ သူမအဖေ (ပထွေး) ရဲ့ဝမ်းသာပီတီဖြစ်နေမှုကို အင်တာနက်သုံးသူများအားလုံးက သတိပြုမိခဲ့ကြပြီး ချီးကျူးထောပနာ ပြုခြင်းကို ခံခဲ့ရပါတယ်။ သူဟာ ပထွေးဖြစ်ခဲ့ပေမယ့်လည်း သမီးအရင်းလေးတစ်ယောက်လို ပြုစုပျိုးထောင်ပေးခဲ့တာဟာ ပိုပြီး ဂုဏ်ယူစရာကောင်းလှပါတယ်။

သူမရဲ့နာမည်ကတော့ Sophia Kallie လို့အမည်ရပြီး အသက်ကတော့ နှစ်ဆယ်ရှိပါပြီ။ သူမရဲ့ပထွေးနာမည်ကတော့ Brian Sandusky လို့အမည်ရပြီး အသက်ကတော့ လေးဆယ့်ခြောက်နှစ်ပါ။ သူမဟာ Brian ကို တစ်သက်လုံးမမေ့နိုင်မယ့် လက်ဆောင်လေးကို ပေးခဲ့တာပါဘဲ။ ဒါကတော့ သူဟာ ခြောက်နှစ်လုံးလုံး တစ်ရက်မပျက် ကျောင်းမှာအဆင်ပြေစေဖို့မှာတမ်းလေးတွေကို သူ့သမီးလေးရဲ့တံခါးမှာ အမြဲကပ်ချန်ပြီး ထားခဲ့သူပါ။ ဒီအမှတ်တရလေးတွေကို သူမဟာ ဖြတ်ညှပ်ကပ်လုပ် သပ်သပ်ရပ်ရပ်နဲ့ ဘောင်ခတ်ပြီး လက်ဆောင်ပြန်ပေးခဲ့ပါတယ်။ ဒါဟာပထွေးတစ်ယောက်အနေနဲ့တွေးရမယ်ဆိုရင် သမီးလေးက ဒီစာရွက်လေးတွေကို သိမ်းထားလိမ့်မယ်လို့ မမျှောလင့်ထားခဲ့တာကို ဒီလိုမြင်လိုက်ရတော့ မျက်ရည်ကျလုမတက် ပျော်နေရမှာတော့ အမှန်ပါပဲနော်။

သူမဟာ ဗီဒီယိုတင်ရင်း ကတ်ပ်ရှင်တစ်ခုရေးသားကခဲ့ပါတယ် ” ကျောင်းတက်နေစဉ်ကာလအတွင်းမှာ ငါ့ရဲ့ Stepdad က ငါ့ကိုကျောင်းမှာ စိတ်အားထက်သန်အောင် ငါ့ရဲ့အခန်းတံခါးမှာ စာတိုလေးတွေ ကို တစ်ရက်မပျက် အမြဲချန်ထားခဲ့တာ လွန်ခဲ့ခြောက်နှစ်တည်းကပါ အခုတော့ ဒီစာတိုလေးတွေကို ငါသူ့ကို ပြန်ပေးခဲ့ပါပြီ။ ပျော်ရွှင်သောအဖေများနေ့ပါ အဖေ” လို့ ရေးသားခဲ့ပါတယ်။ ဒီကြည်နူးစရာကောင်းတဲ့ ပို့လေးဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာတစ်ဟုန်ထိုးပျံ့နှံ့လာခဲ့ပြီး ယခုသင့်ဆီကိုရောက်နေခဲ့ပါပြီ။ Brian က ပထွေးတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း သမီးလေးတစ်ယောက်လို သဘောထားခဲ့တာတွေနဲ့ အဖေတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့တာဟာ သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်ပါပဲနော်။ ApannPyay ပရိတ်သတ်ကြီးကရော ဒီလိုပထွေးမျိုးကို လူအများသိအောင် မရှဲပေးချင်ဘူလားနော်။

San Htet Wai ( ApannPyay )

Source- Elite Readers