ေအာင္ရဲလင္း အေမႊးေတြထားတာကို မႀကိဳက္ဘူးဆိုတဲ့ မိတ္ကပ္မထက္

367

ေအာင္ရဲလင္း အေမႊးေတြထားတာကို မႀကိဳက္ဘူး ဆိုတဲ့ မိတ္ကပ္ မထက္

ထိပ္တန္း မင္းသားတေယာက္ျဖစ္တဲ့ ေအာင္ရဲလင္းကိုေတာ့ မႀကိဳက္တဲ့သူ မ႐ွိသေလာက္ပါပဲ။ ေယာက်ာ္းပီသတဲ့ပံုစံ အရပ္အေမာင္း ႐ုပ္ရည္ေတြေၾကာင့္ မိန္းကေလးေတြၾကားမွာလည္း ေရပန္းစားသလို ေယာက်ာ္းေလး ပရိသတ္ေတြကလည္း အခိုင္အမာ ႐ွိထားပါတယ္။ ယခုေနာက္ပိုင္း ေအာင္ရဲလင္းရဲ႕ စတိုင္လ္ကို သေဘာက်လာတဲ့အထဲမွာလည္း မိက္ကပ္ မထက္လည္း ပါပါတယ္။ မထက္ကေတာ့ ေအာင္ရဲလင္းနဲ႔ ပတ္သက္ၿပီး သူသေဘာက်တဲ့အေၾကာင္းေတြကို ေျပာၾကားသြား ခဲ့ပါတယ္။

မထက္ကေတာ့ ေအာင္ရဲလင္းနဲ႔ ပတ္သက္ၿပီး “ကိုေအာင္ရဲလင္းက တႏွစ္ထက္တႏွစ္ ေျပာင္းလဲမႈေတြ ျမန္ဆန္တယ္။ ခုႏွစ္ပိုင္းေတြမွာ မ ကေတာ့ ပိုသေဘာက်တယ္။ လူႀကီးလည္း ဆန္လာတယ္။ အရမ္းစြဲေဆာင္မႈ႐ွိတယ္လို႔ ခံစားရတယ္။ ဟုိးအရင္တုန္းကေတာ့ မႀကိဳက္ဘူး။ သူ႔ကိုမႀကိဳက္ဘူးလို႔လည္း အရင္ကတည္းက ေျပာတယ္။ သူ႔ကိုဆြဲေခၚတယ္။ အဲ့လိုမ်ိဳးမဟုတ္တဲ့ဟာေတြကို ေျပာင္းလဲၾကည့္ပါလားေပါ့။ အဲ့တုန္းကပံုကလည္း သူလည္းငယ္ေသးလို႔႐ွိမွာေပါ့။

ေနာက္ပိုင္းက်ေတာ့ သူဆံပင္ေတြ ညႇပ္တယ္။ ေျပာင္းလဲလာတယ္။ ကုိယ္ေတာင္ လိုက္မမီေတာ့ဘူး။ အရမ္း မိုက္သြားတယ္ေပါ့။ ဒါေပမယ့္ အခုေနာက္ပိုင္း မုတ္ဆိတ္ေမႊးေတြ ႏႈတ္ခမ္းေမႊးေတြ အရမ္းထားတာ ႏွစ္ေတြအရမ္းၾကာေနၿပီ မႀကိဳက္ေတာ့ဘူး။ တခါတေလ ဇာတ္ကားေတြထဲမွာ ႏႈတ္ခမ္းေမႊး ေတြထားတာကို ေလ်ာ့ေစခ်င္ပါတယ္။ အဓိကကေတာ့ အမက မင္းသားအတြက္ စဥ္းစားတယ္။ သူ႔ကိုခ်စ္တဲ့သူေတြ မပ်င္းရေအာင္ တခါနဲ႔တခါမတူေအာင္ ခြဲထြက္ခ်င္တယ္။ အဲ့အတြက္လည္း စဥ္းစားေပးတာေပါ့။

ခုေနာက္ပိုင္း ဝတ္တာစားတာေတြကလည္း သူကုိယ္တိုင္ အရမ္းေျပာင္းလဲၿပီး မိုက္လာတာေပါ့ေနာ္။ ခုေနာက္ပိုင္းဆိုရင္ေတာင္ ကိုယ္က သိပ္ၿပီးေတာ့ မေျပာျပျဖစ္ေတာ့ပါဘူး။ အရင္တုန္းကေတာ့ သူကသိပ္မလုပ္ျဖစ္ဘူး။ အဲ့အခ်ိန္က်ရင္ေတာ့ လိုက္ၿပီး ေျပာျပျဖစ္တယ္ေပါ့။ ခုေနာက္ပိုင္းမွာက်ေတာ့ သူ႔အိုင္ဒီယာေလးေတြက အရမ္းမိုက္ေတာ့ ေျပာစရာေတာင္ မလိုေတာ့ပါဘူး။ တခ်ိဳ႕ဓာတ္ပံုေတြ အမ ေမာင္နဲ႔ ႐ိုက္ထားတာေတြ ႐ွိတယ္။ အရမ္းမိုက္တဲ့ ပံုေတြေပါ့။ မတက္ျဖစ္တာေတြလည္း ပါပါတယ္။ ဒီတိုင္းထားထားတဲ့ ၂ ႏွစ္ ၃ ႏွစ္ကပံုေတြေတာင္ ႐ွိပါေသးတယ္” ဟုေျပာၾကားသြား ခဲ့ပါတယ္။ Apannpyay ခ်စ္ပရိသတ္ႀကီးထဲမွာေရာ ေအာင္ရဲလင္းနဲ႔ မထက္ ပရိသတ္ေတြပါၾကလား။

(ApannPyay)

အောင်ရဲလင်း အမွှေးတွေထားတာကို မကြိုက်ဘူး ဆိုတဲ့ မိတ်ကပ် မထက်

ထိပ်တန်း မင်းသားတယောက်ဖြစ်တဲ့ အောင်ရဲလင်းကိုတော့ မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ ယောကျာ်းပီသတဲ့ပုံစံ အရပ်အမောင်း ရုပ်ရည်တွေကြောင့် မိန်းကလေးတွေကြားမှာလည်း ရေပန်းစားသလို ယောကျာ်းလေး ပရိသတ်တွေကလည်း အခိုင်အမာ ရှိထားပါတယ်။ ယခုနောက်ပိုင်း အောင်ရဲလင်းရဲ့ စတိုင်လ်ကို သဘောကျလာတဲ့အထဲမှာလည်း မိက်ကပ် မထက်လည်း ပါပါတယ်။ မထက်ကတော့ အောင်ရဲလင်းနဲ့ ပတ်သက်ပြီး သူသဘောကျတဲ့အကြောင်းတွေကို ပြောကြားသွား ခဲ့ပါတယ်။

မထက်ကတော့ အောင်ရဲလင်းနဲ့ ပတ်သက်ပြီး “ကိုအောင်ရဲလင်းက တနှစ်ထက်တနှစ် ပြောင်းလဲမှုတွေ မြန်ဆန်တယ်။ ခုနှစ်ပိုင်းတွေမှာ မ ကတော့ ပိုသဘောကျတယ်။ လူကြီးလည်း ဆန်လာတယ်။ အရမ်းစွဲဆောင်မှုရှိတယ်လို့ ခံစားရတယ်။ ဟိုးအရင်တုန်းကတော့ မကြိုက်ဘူး။ သူ့ကိုမကြိုက်ဘူးလို့လည်း အရင်ကတည်းက ပြောတယ်။ သူ့ကိုဆွဲခေါ်တယ်။ အဲ့လိုမျိုးမဟုတ်တဲ့ဟာတွေကို ပြောင်းလဲကြည့်ပါလားပေါ့။ အဲ့တုန်းကပုံကလည်း သူလည်းငယ်သေးလို့ရှိမှာပေါ့။

နောက်ပိုင်းကျတော့ သူဆံပင်တွေ ညှပ်တယ်။ ပြောင်းလဲလာတယ်။ ကိုယ်တောင် လိုက်မမီတော့ဘူး။ အရမ်း မိုက်သွားတယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေ အရမ်းထားတာ နှစ်တွေအရမ်းကြာနေပြီ မကြိုက်တော့ဘူး။ တခါတလေ ဇာတ်ကားတွေထဲမှာ နှုတ်ခမ်းမွှေး တွေထားတာကို လျော့စေချင်ပါတယ်။ အဓိကကတော့ အမက မင်းသားအတွက် စဉ်းစားတယ်။ သူ့ကိုချစ်တဲ့သူတွေ မပျင်းရအောင် တခါနဲ့တခါမတူအောင် ခွဲထွက်ချင်တယ်။ အဲ့အတွက်လည်း စဉ်းစားပေးတာပေါ့။

ခုနောက်ပိုင်း ဝတ်တာစားတာတွေကလည်း သူကိုယ်တိုင် အရမ်းပြောင်းလဲပြီး မိုက်လာတာပေါ့နော်။ ခုနောက်ပိုင်းဆိုရင်တောင် ကိုယ်က သိပ်ပြီးတော့ မပြောပြဖြစ်တော့ပါဘူး။ အရင်တုန်းကတော့ သူကသိပ်မလုပ်ဖြစ်ဘူး။ အဲ့အချိန်ကျရင်တော့ လိုက်ပြီး ပြောပြဖြစ်တယ်ပေါ့။ ခုနောက်ပိုင်းမှာကျတော့ သူ့အိုင်ဒီယာလေးတွေက အရမ်းမိုက်တော့ ပြောစရာတောင် မလိုတော့ပါဘူး။ တချို့ဓာတ်ပုံတွေ အမ မောင်နဲ့ ရိုက်ထားတာတွေ ရှိတယ်။ အရမ်းမိုက်တဲ့ ပုံတွေပေါ့။ မတက်ဖြစ်တာတွေလည်း ပါပါတယ်။ ဒီတိုင်းထားထားတဲ့ ၂ နှစ် ၃ နှစ်ကပုံတွေတောင် ရှိပါသေးတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးထဲမှာရော အောင်ရဲလင်းနဲ့ မထက် ပရိသတ်တွေပါကြလား။

(ApannPyay)