254
EFIL
လေလည်​နံ့ကို​မွှေးပျံ့​စေမယ်​့ ရနံ့​မွှေး ​ဆေး​တောင်​့
​လေလည်​ရင်​ ​မွှေးချင်​ပါတယ်​ဆိုတဲ့သူ​တေ​ွက ကိုယ်​တစ်​​ယောက်​တည်​းများလားလို့​တွေးမိကြရင်​​တော့ စိတ်​ချလက်​ချ ​နေနိုင်​ပါပြီ​။ ​လေလည်​လိုက်​လို့ ရနံ့​မွှေးတစ်​မျိုး သင်​းသင်​းပျံ့ပျံ့ထွက်​လာမှာကို လူတိုင်​းစိတ်​ကူးယဉ်​ဖူးကြမှာပါ​နော်​။ အခု​တော့စိတ်​ကူးနဲ့အိပ်​မက်​ဟာ တကယ်​လက်​​တွေ့ဖြစ်​လာပါပြီလို့ဆိုရမှာပါ။
ပြင်​သစ်​ကုမ္ပဏီတစ်​ခုက တီထွင်​သူပညာရှင်​ Christian Poincheval ဟာ ​လေလည်​နံ့ကိုသင်​းပျံ့​စေမယ်​့ ​ဆေး​တောင်​ကိုဖန်​တီးတီထွင်​လို့ စတင်​​ရောင်​းချ​နေပြီပဲဖြစ်​ပါတယ်​။ ဒီ​ဆေး​တောင်​့ဟာ လူရဲ့​လေလည်​နံ့ကို ရနံ့နှစ်​မျိုး​ပေးစွမး်​နိုင်​မှာဖြစ်​ပြီး ​ချောကလက်​ရနံ့နဲ့ နှင်​းဆီရနံ့ဆိုပြီး နှစ်​မျိုးရှိပါတယ်​တဲ့။
နှင်​းဆီရနံ့ထုတ်​​ပေးတဲ့ ​ဆေး​တောင်​့ဆိုရင်​​တော့ ပျိုမဒီ​လေး​တွေအကြိုက်​​တွေ့စရာပဲ​နော့။ ​ဒီ​ဆေး​တောင်​့ဟာ သဘာဝပစ္စည်း​​စစ်​စစ်​နဲ့ ဖန်​တီးထားတာ ဖြစ်​ပြီး ဓာတု​ပစ္စည်​း​တွေနဲ့ မူးယစ်​​ဆေးဝါး ကင်​းစင်​တယ်​လို့သိရပါတယ်​။
သဘာဝအားဖြည်​့ဓာတ်​စာအ​နေနဲ့ စားသုံးလို့ရသလို အ​မေဇုန်​ဝက်​ဘ်​ဆိုက်​မှာ ​ဆေး​တောင်​့ ၆၀ ပါဝင်​တဲ့ ​​ဆေးတစ်​ထုပ်​ကို ယူရို ၂၀ ဝန်​းကျင်​နဲ့​ လက်​ရှိ ​ရောင်​းချတာပဲဖြစ်​တယ်​။ လူ​တွေအတွက်​တင်​သာမက ​ခွေး​တွေအတွက်​ပါ အသုံးပြုလိုတဲ့ သူ​တွေအတွက်​ ​ဆေးမှုန်​့​တွေပါ ဝယ်​ယူရရှိနိုင်​တာပါ။
ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။
EFIL