စေ့စပ်လက်စွပ်ကိုကြွားချင်လို့ပုံတင်ခဲ့ပေမယ့် လက်သည်းမလှလို့အဝေဖန်ခံခဲ့ရတဲ့အမျိုးသမီး

190

စေ့စပ်လက်စွပ်ကိုကြွားချင်လို့ပုံတင်ခဲ့ပေမယ့် လက်သည်းမလှလို့အဝေဖန်ခံခဲ့ရတဲ့အမျိုးသမီး

အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့စေ့စပ်လက်စွပ်ပုံကို လက်ထပ်ဖို့ခွင့်တောင်းခံရတဲ့အထိမ်းအမှတ်အနေနဲ့ လူမှုကွန်ယက်ပေါ်မှာ လက်စွပ်ပုံကိုဝေမျှခဲ့ပါတယ်။ ဒါပေမယ့် သူမျှော်လင့်ထားသလို ဓာတ်ပုံကိုတွေ့တဲ့သူတွေက ဂုဏ်ပြုမပေးခဲ့ကျပဲ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါ။

သူ့ရဲ့လက်မှာ အလှဆင်ပြီး တပ်ထားတဲ့လက်သည်းအတုကအရမ်းပုံစံမကျဖြစ်နေတဲ့အတွက်ကြောင့် သူ့ရဲ့လက်ပုံကိုကြည့်မိတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေဟာ သူ့ရဲ့စေ့စပ်လက်စွပ်ဘယ်လောက်လှလဲဆိုတာကို ချီးကျူးဖို့ထက် သူ့ကိုဝေဖန်တဲ့မှတ်ချက်တွေကိုသာပိုမိုရေးသားခဲ့ကြတာပါ။

ဝေဖန်သူတစ်ယောက်ဆိုလို့ရှိရင် သူ့ဘယ်လောက်ချမ်းသာလဲဆိုတာကို လူမှုကွန်ယက်ပေါ်မှာ တင်ပြီးကြွားပေမယ့် လက်သည်းအလှပြင်တဲ့သူကောင်းကောင်းတယောက်တောင်မရှာနိုင်ကြဘူးလို့ထေ့ငေါ့ရေးသားခဲ့ပြီး အချို့သူတွေကတော့ သူ့ရဲ့လက်သည်းကအောက်မှာပုံပျက်ပန်းပျက်ကြီးဟနေတာ လက်စွပ်နဲ့တောင်မလိုက်ဘူးလို့ဝေဖန်ခဲ့ကြပါတယ်။ တချို့သော သူ့ကိုဂရုဏာသက်မိတဲ့သူတွေကတော့ ပျော်စရာကောင်းတဲ့အရာတစ်ခုကိုလူမှုကွန်ယက်မှာမျှဝေတဲ့အခါမှာ တစ်စုံတစ်ယောက်စိတ်ထိခိုက်အောင်မပြောကြပါနဲ့လားလို့ သူ့ဘက်ကကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။

ကဲ ApannPyay ပရိတ်သတ်ကြီးကော သူ့ရဲ့လက်သည်းအလှပြင်ထားတာက တကယ်ပဲအဲ့လောက်အထိဆိုးနေတယ်လို့ ယူဆမိပါသလား?

Yenin Phawah( ApannPyay)

Source – mirror.co.uk